ကျောက်ပန်းတောင်းမြို့နယ်တွင် သားသမီးကိစ္စနှင့် ပတ်သက်၍ ညီအမ နှစ်ဦး စကားများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးက သိရသည်။
ယခုလ(၇)ရက်နေ့ နေ့လယ် (၁း၀၀) အချိန်တွင် မငြိမ်း (၃၂)နှစ်သည် အစ်မဖြစ်သူ မစောဌေး(၄၂)နှစ်နှင့် ၎င်းတို့၏ သားသမီးများ စကားများသည့် ကိစ္စနှင့် ပတ်သက်၍ ယခုလ (၁၂)ရက်နေ့ နံနက်ပိုင်း အချိန်တွင် ခိုက်ရန်ဖြစ်ပွားရာ မငြိမ်းက ထန်းလှီးဓားဖြင့် ခုတ်သဖြင့် မစောဌေးမှာ လည်ပင်းပြတ်ရှ ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ မငြိမ်းအား ရဲကင်းစခန်း( ပုပ္ပါး)(ပ)၅၃/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။
The Messenger Media
http://www.messengerdaily.com