Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကြိုးဆွဲချ သေဆုံးသည့် NLD ကိုယ်စားလှယ်လောင်းနေရာ အချိန်မီ အစားထိုး

$
0
0

 ကြိုးဆွဲချ သေဆုံးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း၏ နေရာအား အချိန်မီ အစားထိုးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Messenger Media သို့ ပြောသည်။

          ““ကျွန်တော်တို့ ချက်ချင်းပဲ အချိန်မီပေါ့ ၊ လပွတ္တာခရိုင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလှကို အစားထိုးလိုက်ပါပြီ””ဟု ၎င်းက ပြောသည်။

          လပွတ္တာမြို့နယ် ဒီချုပ်ပါတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ထွန်း အသက် (၆၀)သည် (သြဂုတ်၁၄) နံနက်(၂)နာရီ ကျော်ခန့်က နေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပွတ္တာရဲစခန်းမှ သိရသည်။

          ““သူကတော့ ဒီပရက်ရှင်လို့ ထင်တယ်။ ဒီအချိန်ကာလက ဝေစုတွေများတယ်။ ခြိမ်းခြောက်မှုတွေ များတယ်။ ရွေးရမှာတွေ စဉ်းစားရမှာတွေ များတဲ့အခါ ဖြစ်တတ်ပါတယ်””ဟု ဒေါက်တာမျိုးညွန့် ကဆိုသည်။

          သေဆုံးသူ အလောင်းကို လပွတ္တာခရိုင် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု လပွတ္တာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

The Messenger Media
http://www.messengerdaily.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>