The Russian robot-android which is controlled through a wearable interface will be heading to the ISS soon, the head of the Gagarin Cosmonaut Training Center announced. |
မော်စကို ၊ ၁၆-၈-၂၀၁၅
ရုရှားနိုင်ငံသည် အာကာသ ယာဉ်မှူးများ အာကာသ အတွင်း လမ်းလျှောက်မှု ပြုလုပ်စဉ် အကူအညီ အထောက်အပံ့ ပေးနိုင်ရန် အတွက် စက်ရုပ် အာကာသယာဉ်မှူး များကို နိုင်ငံတကာ အာကာသစခန်း သို့ စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုပ် အာကာသယာဉ်မှူး ကို ရုရှားနိုင်ငံ အာကာသ စူးစမ်း လေ့လာရေး သိပ္ပံ အကယ်ဒမီကျောင်း မှ ကျွမ်းကျင် ပညာရှင်များက တီထွင်နေခြင်း ဖြစ်သည်။
ရုရှားနိုင်ငံသည် အင်္ဂါဂြိုဟ် ပေါ်တွင် စေလွှတ်ထားသည့် Curiosity စူးစမ်း လေ့လာရေးယာဉ် ၏ သိပ္ပံ ဓာတ်ခွဲခန်း၌ နျူထရွန် ရောင်စဉ်တိုင်း ကိရိယာ တစ်မျိုးဖြစ်သည့် Dynamic Albedo of Neutrons (DAN) ကို ထည့်သွင်း ထားနိုင်မှု အပါအဝင် အာကာသ ဆိုင်ရာ တီထွင်မှု များတွင် ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည့်နိုင်ငံ ဖြစ်သည်။
အဆိုပါ DAN သည် အင်္ဂါဂြိုဟ် မျက်နှာပြင်ရှိ ရေ၊ ရေခဲ သို့မဟုတ် ဟိုက်ဒရိုဂျင် တည်ရှိမှုကို စူးစမ်း ရှာဖွေသည့် ကိရိယာတစ်မျိုး ဖြစ်သည်။
ရုရှားနိုင်ငံမှ ထုတ်လုပ်သော အာကာသ စူးစမ်း လေ့လာရေး ဆိုင်ရာများတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ များသည် နာဆာ၏ လကမ္ဘာ အကြောင်း စူးစမ်း လေ့လာရေး၌ တွင်တွင် ကျယ်ကျယ် အသုံးပြုလျက် ရှိကြောင်း သိရသည်။
#PyiChitThar