Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျောက်စိမ်းတုံးရိုင်းများနှင့် ရွှေသတ္တုများ ဖမ်းဆီးရမိ

$
0
0




 မူဆယ် သြဂုတ် ၁၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် အေးရှား ဝေါလ်ဂိတ်တွင် သြဂုတ် ၁၄ ရက်က မသင်္ကာဖွယ်ရာ ယာဉ် TOYOTA Harrier 9/C--- ကို ရွေ့လျားလှုပ်ရှားအဖွဲ့က ရပ်တန့်ရှာဖွေရာ ကားဆီတိုင်ကီ အတွင်းဝှက်ထားသော ကျောက်စိမ်းတုံးအရိုင်းများနှင့် ကျောက်မျက်မျိုးစုံ ရွှေသတ္တုဖြင့်ကွပ်ပြုလုပ်ထားသော လည်ဆွဲ၊ နားတောင်း၊ လက်ပတ်ကြိုး၊ လက်စွပ်မျိုးစုံ၊ နားဆွဲသီး၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၃ သိန်းကျော်နှင့် ပိုင်ရှင်မဲ့ကားတန်ဖိုး ငွေကျပ်သိန်း ၆ဝ ကို ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသော ကျောက်မျက်များနှင့် ယာဉ်အား သြဂုတ် ၁၅ ရက်က မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အယ်လ်စိုး(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>