Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရင်သားအရွယ်အစား သေးငယ်အောင် ခွဲစိတ်မှုခံယူခဲ့ရတယ်ဆိုတဲ့ Ariel Winter

$
0
0




Modern Family ရုပ်သံဇာတ်လမ်းတွဲ ကြယ်ပွင့် Ariel Winter က ရင် 32F အရွယ်အစားကြောင့် နှစ်အတော်ကြာ အခက်အခဲတွေရင်ဆိုင်ခဲ့ရပြီးနောက်မှာ ရင်သားသေးအောင်ခွဲစိတ်မှုခံယူခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ မင်းသမီးလေးဟာ မေလမှာ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်က တရားဝင်လွတ်မြောက်ခွင့်ရခဲ့ပြီး ဂျွန်လမှာ ရင်သားအရွယ်အစား (ဘရာစီယာအရွယ်အစား) ကို F ကနေ D အရွယ်အစားလျှော့ချခဲ့ပါတယ်။

“ မခံမရပ်နိုင်အောင်နာကျင်မှုတွေ ခံသားခဲ့ရပါတယ်။ ကျွန်မရဲ့ လည်ပင်းက အရမ်းနာကျင်နေပြီး ကျောရိုးနဲ့ ပတ်သက်ပြီးလည်း ပြဿနာလေးတွေ ကြုံတွေ့ ခဲ့ရတယ်” လို့ မင်းသမီးက ရင်သားအရွယ်အစားကြီးမားမှုရဲ့ ပြဿနာတွေကို Glamour မဂ္ဂဇင်းကို ဖွင့်ဟခဲ့ပါတယ်။

သူမဟာ ပွဲတက်ရင် ကော်ဇော်နီပေါ်ဝတ်စုံဖို့ အတွက် အ၀တ်အစားရွေးချယ်ရာ မှာလည်း အခက်အခဲတွေကြုံခဲ့ရပြီး အွန်လိုင်းကလှောင်ပြောင်မှုတွေကနေ ရိုင်းစိုင်းတဲ့ comment တွေလည်း မကြာခဏ ရခဲ့တယ်လို့ ဆိုပါတယ်။ 

 “ ကျွန်မရဲ့ဇာတ်လမ်းကနေ ကောင်းကျိုးတစ်ချို့ ရလိမ့်မယ်လို့  ထင်ပါတယ်။ ကျွန်မရဲ့ဘ၀နဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်အောင်လို့ လုပ်ခဲ့တာပါ။ ဒါဟာ ဆယ်ကျော်သက်မိန်းကလေးတွေ တော်တော်များများအတွက် အကျိုးရှိလိမ့်မယ်လို့ လည်း ထင်ပါတယ်။ အခုဆို ကျွန်မအရင်ကထက် အများကြီးပျော်ရွှင်နေပါပြီ”

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>