Quantcast
Viewing all articles
Browse latest Browse all 13796

လူမှုကွန်ရက်မှာ နောက်အကျဆုံး အဖော်အချွတ်ဓါတ်ပုံတင်တဲ့ အနုပညာရှင် Kendall Jenner




Kendall Jenner ဟာ Instagram မှာ အဖော်အချွတ် ဓါတ်ပုံ တင်တဲ့ နောက်ဆုံး အနုပညာရှင် တစ်ယောက် ဖြစ်လာပါတယ်။

အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Keeping Up With the Kardashians ကြယ်ပွင့်ဟာ အပေါ်ပိုင်း ၀တ်လစ်စလစ် နဲ့ Calvin Klein အမှတ်တံဆိပ် ရဲ့ နောက်ဆုံးပေါ် အတွင်းခံ ကြော်ငြာအတွက် ဓါတ်ပုံ အရိုက်ခံခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ ဓါတ်ပုံကို သူမက သူမရဲ့ Instagram စာမျက်နှာ မှာလည်း ပြန် share ထားပါတယ်။

Kendall ဟာ လူမှုကွန်ရက် ၀က်ဘ်ဆိုက်တွေမှာ မိမိရဲ့ ၀တ်လစ်စလစ် ပုံတွေကို တင်တဲ့ အနုပညာရှင်တွေထဲမှာ နောက်ဆုံး တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့တုန်းကတော့ ရပ် နဲ့ ပေါ့ပ် အဆိုတော် Justin Bieber က သူ့ရဲ့ အောက်ပိုင်းဗလာ နဲ့ အနောက်က ရိုက်ထားတဲ့ ဓါတ်ပုံကို တင်ထားခဲ့ပြီး အင်္ဂါနေ့မှာတော့ အဆိုတော် John Legend ရဲ့ အ၀တ်မပါတဲ့ ဓါတ်ပုံကို သူ့ရဲ့ ဇနီးဖြစ်သူ Chrissy Teigen က Share ခဲ့ပါသေးတယ်။

Real Housewives of Miami ဇာတ်လမ်းတွဲ ရဲ့ ကြယ်ပွင့် Joanna Krupa ကလည်း သူမရဲ့ ခင်ပွန်း Romain Zago ရိုက်ပေးတဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကိုလည်း လူမှု ကွန်ရက် မှာ တင်ထားခဲ့ပြန်ပါတယ်။

တစ်ကယ်တော့ Calvin Klein ရဲ့ နောက်ဆုံးပေါ် ကြော်ငြာအတွက် Sexy ပို့စ် နဲ့ ဓါတ်ပုံအရိုက်ခံခဲ့တာ Kendall Jenner တစ်ယောက်တည်းမဟုတ်ပါဘူး။ Joan Smalls ၊ Isabeli Fontana နဲ့ Edita Vilkeviciute တို့ကလည်း ပါဝင် ရိုက်ကူးပေးခဲ့ပြီး သူတို့ရဲ့ Instagram စာမျက်နှာ မှာ တင်ထားခဲ့ပြန်ပါတယ်။

ထို ဓါတ်ပုံတွေအားလုံးကိုတော့ Mikael Jansson ဆိုသူ ဓါတ်ပုံဆရာက ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>