Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းနဲ့တွေ့

$
0
0
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ လှူတန်းငွေ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း တက်ရောက် အမှာစကားပြောနေစဉ်
ပြည်သူလွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းဟာ ရေဘေးသင့်ပြည်သူတွေတွေကို ထောက်ပံ့ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလှူငွေတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို လှူတန်းခဲ့ပါတယ်။ 


 ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မီတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သူရဲ့ ရုံးခန်းမှာ သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ ပြည်သူ့ လွှတ်တော်ရုံး အရာရှိတဦးက ပြောပါတယ်။ ၄၅ မိနစ်ကြာ တွေ့ဆုံ ခဲ့တယ်လို့ ဆိုပါတယ်။

သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအဖြစ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>