Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မြန်မာတပ်မတော်သား သုံ့ပန်းနှစ်ဦး ယနေ့ လွဲပြောင်း

$
0
0
(စစ်တကောင်းတောင်တန်းနယ်)
 ရန်ကုန်၊ ဇူလှိုင် ၁၇

 ရက္ခိုင့်တပ်မတော်က တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ မြန်မာတပ်မတော်မှ တပ်ဖွဲ့နှစ်ဦးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဒီကနေ့မှာ မြန်မာဘက်ကို လွဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းက ခေါင်းတုန်းမှာ ဒီကနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က စတင်ခဲ့တဲ့ နှစ်ဘက်နိုင်ငံ တပ်မှူးအဆင့် အစည်းအဝေးမှာ လွဲပြောင်း ပေးအပ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အာဇစ် အာမတ်က မီဒီယာတွေကို ပြောတယ်လို့ BD news 24 မှာ ဖော်ပြထားပါတယ်။

လွဲပြောင်းခံရသူ နှစ်ဦးကတော့ ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သား ခင်ဇော်လတ်တို့ ဖြစ်ကြပါတယ်။ ၂၀၁၅ မတ်လ ၂၉ ရက်နေ့က ပလက်ဝမြို့နယ် ပြိုင်စော် စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်တိုက်စဥ်လက်နက်နဲ့ အတူ ဖမ်းမိခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို ရက္ခိုင့်တပ်မတော်ကနေ ICRC ကိုလွဲပြောင်း ပေးအပ်ခဲ့ပြီး အဲဒီနောက်မှာတော့ ICRC ကနေ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေကို လွဲပြောင်းခဲ့တယ်လို့ သိရပါတယ်။

အကယ်၍ လွဲပြောင်းခံရသူ နှစ်ဦးအတွက် ထိခိုက်နစ်နာမူတွေ ရှိရင်တော့ သူတို့နှစ်ဦးရဲ့ ဘ၀ လုံခြုံ ရေးနဲ့ ပတ်သက်ပြီး ICRC ရဲ့ တာဝန်သာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော်က ဇူလှိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ Press release သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Narinjara
https://www.facebook.com/pages/Narinjara

Viewing all articles
Browse latest Browse all 13796

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>