Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးပိန်တံတားမှ တိုင်အဟောင်းများကို ရှေးဟောင်း ပြတိုက်တွင် ပြသသွားမည်

$
0
0
မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

    မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ  ဦးပိန်တံတားမှ ဆွေးမြည့် ၍ အစားထိုး လဲလှယ်ရမည့် တိုင်အဟောင်းများကို ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) ၏ ပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

ဦးပိန်တံတားကို သြဂုတ်လမှ စတင်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်မည် ဖြစ်ပြီး တံတား ပြုပြင် ထိန်းသိမ်းရေး စီမံချက်တွင် ဦးစွာ ဆောင်ရွက်မည့် ဆွေးမြည့်တိုင်ဟောင်း ၁၀၀ အား တိုင်သစ်များဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းကို ဆောင်ရွက် သွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဦးပိန်တံတား ပြင်ဆင်ရန် အစိုးရမှ ကျပ်သိန်းပေါင်း ၂,၂၇၀ ချထားပေးပြီး တိုင်ဟောင်းများ နေရာတွင် ကျွန်းတိုင်များ အစားထိုး လဲလှယ်မည် ဖြစ်သည်။ဦးပိန်တံတား ကျွန်းတိုင်ဟောင်းဟု ဆိုကာ အတုအပ ပြုလုပ်ပြီး တစ်ပေ ပတ်လည်လျှင် ဒေါ်လာ ၅,၀၀၀ ခန့် ဈေးပေါက် နေကြောင်း ဝန်ကြီးက ပြောသည်။

မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ဦးပိန်တံတားတွင် လဲလှယ်မည့် တိုင်လုံးများအတွက် လျှပ်စစ်၊ သစ်တော၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဦးစီးဌာနတို့မှ ကျွန်းတိုင်များအား ကူညီတောင်းခံ အသုံးပြုသွားမည်ဖြစ်သည်။
ပေအရှည် ၄,၀၀၀ နီးပါးရှိပြီး ကျွန်းတိုင်လုံးပေါင်း ၁,၀၈၆ တိုင်ဖြင့် တည်ဆောက်ထားသည့် သက်တမ်း ၁၆၄ နှစ် ရှိပြီဖြစ်သော ဦးပိန်တံတားအား ရှေးမူမပျက် ပြန်လည် ပြုပြင်မည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ 

 (Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>