Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကိုရီးယားနှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

$
0
0



North Korea orders front-line troops into 'wartime state' after exchange of fire


ဆိုးလ် ၊ ၂၁-၈-၂ဝ၁၅

တောင်ကိုရီးယား စစ်ဘက်က မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို တုံ့ပြန်သည့် အနေဖြင့် သြဂုတ် ၂ဝ ရက်တွင် အမြောက်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားသည်။

ကိုရီးယား နှစ်နိုင်ငံ အကြား အနောက်ပိုင်း ကုန်းမြေ နယ်နိမိတ်ရှိ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်းသို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်များ က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည် ဟု ယူဆရသော နေရာသို့ တောင်ကိုရီးယား စစ်ဘက် က အမြောက်ဖြင့် ၁ဝ ချက်ကျော် တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း စစ်ဘက်၏ ပြောကြားချက် ကို ကိုးကား၍ အဆိုပါ သတင်းဌာန က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံဘက်မှ ပစ်ခတ် သည်ဟု ယူဆရသော ပဲ့ထိန်း ဒုံးကျည်များ အား တောင်ကိုရီးယား ခြေရာခံ ထောက်လှမ်းရေး ရွေ့လျားရေဒါ တစ်ခုက ဒေသ စံတော်ချိန် ညနေ ၃ နာရီ ၅၂ မိနစ်တွင် ထောက်လှမ်း နိုင်ခဲ့ကြောင်း၊ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် များက ရှေ့တန်းဒေသ များရှိ တောင်ကိုရီးယား စစ်ဘက်တပ်ဖွဲ့များ အပေါ် ပစ်မှတ် ထား၍ တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ်ကို တောင်ကိုရီးယား စစ်ဘက်က ဖော်ထုတ်လျက် ရှိကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယား နိုင်ငံဘက်မှ ပစ်ခတ် လိုက်သည်ဟု ယူဆရသော အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် တောင်ကိုရီးယား သမ္မတရုံး၌ အမျိုးသား လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရာ အနောက်ပိုင်း နယ်စပ်ဒေသ အနီးရှိ ကျေးရွာများတွင် နေထိုင်သော တောင်ကိုရီးယား ဒေသခံ များအား ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်တွင် တာဝန်ရှိ သူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့သည်။

အခြား သတင်းတစ်ရပ် အရ မြောက်ကိုရီးယား နိုင်ငံအား ဆန့်ကျင်ရေး ဝါဒဖြန့် အသံလွှင့်မှု ပြုလုပ်နေသည့် တောင်ကိုရီးယား နိုင်ငံဘက်မှ အသံချဲ့စက် တစ်ခုအား မြောက်ကိုရီးယား နိုင်ငံဘက်မှ ဒုံးကျည် တစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် တောင်ကိုရီးယား နိုင်ငံက တုံ့ပြန် ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားသည်ဟု သိရသည်။

တောင်ကိုရီးယား စစ်ဘက်က ၁၅၅ မီလီမီတာ အမြောက်ဖြင့် တုံ့ပြန် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်းနှင့် တောင်ကိုရီးယား စစ်ဘက် အနေဖြင့် မြောက်ကိုရီးယား ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်မှု တိုးမြှင့် ထားကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>