Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကျွန်းပင်အား ၀င်တိုက်မိရာ အမျိုးသားတစ်ဦး လက်ပြတ်ကာ သေဆုံးပြီး ယာဉ်မောင်းမှာ တိမ်းရှောင်

$
0
0

 တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကွေ့တွင် ယနေ့ သြဂုတ်လ(၂၂)ရက် နံနက်(၃)နာရီဝန်းကျင်က မော်တော်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ ကျွန်းပင်အား ၀င်ရောက် တိုက်မိရာမှ အမည်မသိ အမျိုးသားတစ်ဦး လက်ပြတ်ကာ ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားပြီး ထွက်ပြေးသွားသည့် ယာဉ်မောင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။


ယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာသို့ တာချီလိတ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇော်မျိုးသန့် နှင့်အဖွဲ့ အပါအ၀င် တာချီလိတ်နာရေးကူညီမှုအသင်းတို့မှ ရောက်ရှိသွားပြီး အခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးကြပြီး၊ တာချီလိတ်နာရေးကူညီမှုအသင်းမှ သေဆုံးသူ၏ အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


အရှိန်မထိန်းနိုင်ဘဲ ကျွန်းပင်အား ၀င်တိုက်ပြီး တိမ်းမှောက်မှုကြောင့် FORD RANGER အပြာရောင် မော်တော်ယာဉ်မှာ ရှေ့ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်တို့မှာ ပျက်စီးသွားခဲ့ပြီး မော်တော်ယာဉ်တွင် လိုက်ပါလာသူ အမျိုးသားတစ်ဦးတွင် ယာနဖူးပေါက်ပြဲ၊ သွားများကျိုး၊ ၀ဲဘက်လက်ပြတ်၊ ၀ဲဘက် ၀မ်းဗိုက်ဘေးပေါက်ပြဲပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများနှင့် ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး ၎င်း၏ အမည်နှင့်နေရာ လိပ်စာအား သိရှိရသေးခြင်းမရှိကြောင်းနှင့် အသက်ခန့်မှန်းမှာ (၃၀)နှစ်ဝန်းကျင်အရွယ် ဖြစ်ကြောင်း သိရသည်။


သေဆုံးသွားသူအား မည်သူမည်ဝါ ဆိုသည်ကို မသိရှိရသေးသည့်အပြင် ၎င်း၏ မိသားစုများမှ သိရှိပါက လာရောက်ကြည့်နိုင်ရန်အတွက် ရုပ်အလောင်းအား မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ယနေ့ သြဂုတ်လ(၂၂)ရက်နေ့မှစ၍ (၃)ရက်တိတိထားကာ စောင့်ပေးသွားမှာဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။


ဖြစ်စဉ်များနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်ခဲ့သူအပေါ် ဥပဒေအရ အရေးယူ စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၃၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-ကအရ အမှုဖွင့်ထားရှိပြီး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိရန် စုံစမ်းနေလျက်ရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရှိရသည်။

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း

TachileikNewsAgency
http://www.tachileik.net

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...