Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သူရဦးရွှေမန်း ကြံ့ခိုင်ရေးပါတီက ထွက်သွားမည်ကို မစိုးရိမ်ကြောင်း ဦးတင်နိုင်သိန်း ပြောကြား

$
0
0

Sunday, August 23, 2015
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံရသော သူရဦးရွှေမန်း အနေနှင့် ပါတီမှ ထွက်သွားမည်ကို စိုးရိမ်စိတ်မရှိကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက The Voice သို့ ပြောကြားသည်။
သြဂုတ်လ ၂၂ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒါနဲ့ပတ်သက်လို့တော့ လုံးဝမစိုးရိမ်ပါဘူး ခင်ဗျ” ဟု ၎င်းက ပြောကြားသည်။
သူရဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးရာထူးမှ နုတ်ထွက်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတော်နှင့် ပါတီအတွက် သစ္စာစောင့်သိမည်ဟု မှတ်ယူထားကြောင်း ဦးတင်နိုင်သိန်းက ဆိုသည်။
သူရဦးရွှေမန်းသည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံနေခြင်းသည် လူပုဂ္ဂိုလ်ရေးအရ တွေ့ဆုံနေခြင်းသာ ဖြစ်ပြီး ပါတီ၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။
သူရဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီအပေါ် သစ္စာစောင့်သိမည်ဟု ပြောကြားချက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိမရှိကို The Voice က ဆက်လက်မေးမြန်းသော်လည်း ဦးတင်နိုင်သိန်းက တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်တွင် လွှတ်တော်အတွင်း သူရဦးရွှေမန်း အပါအဝင် ပါတီဝင်အချို့သည် ပါတီရင်ထိုး တံဆိပ်ဖြုတ်၍ အစည်းအဝေး တက်နေခြင်းသည် လွှတ်တော်အတွင်း ကိစ္စသာဖြစ်ပြီး ပါတီအနေဖြင့် ပြောကြားလိုခြင်း မရှိကြောင်း ဦးတင်နိုင်သိန်းက ပြောကြားသည်။
ယင်းအပြင် ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြားထားသော တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီပေါင်း၍ အစိုးရဖွဲ့မည်ဆိုသည့် အကြောင်းအရာမှာ တစ်ဦးတစ်ယောက်တည်း၏ တွက်ချက်ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သြဂုတ်လ ၁၃ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်ကို သူရဦးရွှေမန်းမှ ဦးဌေးဦးကို တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်သိမ်း နေရာကိုလည်း ဦးတင်နိုင်သိန်းဖြင့် အစားထိုး ခန့်အပ်ခဲ့သည်။
သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေရသောကြောင့် ပါတီလုပ်ငန်းများ ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်နေသော ကာလတွင် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဦးဌေးဦးကို လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကြံ့ခိုင်ရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ/ဥက္ကဋ္ဌ ပူးတွဲတာဝန်ကို လွှဲပြောင်းခြင်းသာမက ပါတီ၏ အထွေတွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကိုလည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>