Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဘာလဲဟဲ့ မီဒီယာ

$
0
0

Saturday, August 22, 2015
နာမည်ကြီး သတင်းမီဒီယာကြီးတစ်ခုက ဖော်ပြလာသောဆောင်းပါးတစ်ပုဒ်အတွက်စိတ်ပျက်ဝမ်းနည်းစွာဖြင့် မလွှဲမရှောင်သာ တုန့်ပြန်ရပေတော့မည်။ ပရဟိတခရီးမှ အကျည်းတန်ပုံရိပ်အချို့ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါဆောင်းပါးတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ငါးကျွေးဆိပ်ရှိ မြင်ကွင်းများကို အမည်တပ်၍ ရေးသားထားသည်။
အဆိုပါ ငါးကျွေးဆိပ်ရှိ ရေဘေးကူညီရေးစခန်းမှာ ကျနော်၏ နောင်တော် အရှင်ကုဏ္ဍလာလင်္ကာရ ဦးစီး၍ ကျနော်က တစ်ဖက်တစ်လမ်း ပါဝင်ကူညီခဲ့သော၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကိုယ်တိုင် ညီတော်ရဟန်းများကို စေလွှတ်၍ စီမံခန့်ခွဲမှု အားဖြည့်ကူညီခဲ့သော အကူအညီပေးရေး စခန်းဖြစ်ပါသည်။
အဆိုပါစခန်းကို ကျနော်တို့အဖွဲ့ကပင် ဦးဆောင်ဖွင့်လှစ်၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ အလှူ ပစ္စည်းများကို အမှန်တကယ်လိုအပ်သည့် ကျေးရွာများသို့ ရောက်ရှိစေရန် အစွမ်းကုန် စီမံဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလှူခံမဏ္ဍပ် အလှူခံစခန်းတစ်ခုလည်း မဟုတ်ခဲ့ပါ။ တာဝန်သိသူ ဒေသခံများ စုပေါင်းချိတ်ဆက်၍ ဒေသ၏ ကွက်လပ်ကို စွမ်းနိုင်သမျှ ဖြည့်ဆည်းခဲ့ကြခြင်းသာ ဖြစ်ပါသည်။
အဆိုပါ ဆောင်းပါးတွင် ငါးကျွေးဆိပ်စခန်း၌ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် အလှူပစ္စည်းများ ရောက်ရှိလာသော်လည်း ဒေသခံရွာသားများ၏ လုပ်အားပေးအကူအညီ မရရှိပုံ၊ အလှူပစ္စည်းများကို တန်ဖိုးမထားပုံ လက်လွတ်စပယ် လုပ်ဆောင်ပုံကို ဖော်ကျူးထားပါသည်။
ကားကြီးကားငယ် အသွယ်သွယ် ရောက်ရှိလာသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယင်းသို့ ရောက်ရှိနိုင်အောင်ပင် ကျနော်တို့အဖွဲ့က ရေကျလျှင်ကျခြင်း လမ်းပြင်၊ မီးဆင်၊ နေရာထိုင်ခင်း တည်ဆောက်၍ လာသမျှ အလှူရှင်များ အလှူပစ္စည်းတို့ စိတ်ချမ်းမြေ့စွာ လှူဒါန်းပေးဝေနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
လုပ်အားပေးမရဟု ဆိုရာတွင် အခြေအနေများစွာ ရှိပါသည်။ အဆိုပါစခန်းတွင် ကျနော်၏ ဇာတိကျေးရွာများမှ စေတနာရှင် လုပ်အားပေးလူငယ် အများအပြား နေ့စဉ်ရက်ဆက် လုပ်အားပေးလျက်ရှိပြီး အခကြေးငွေ တစုံတရာလည်း မရရှိပါ။ သို့သော် အလှူခံမည့် ကျေးရွာများမှ လုပ်အားပေးများ လာရောက်ရန်မူ အခက်အခဲ များစွာ ရှိပါသည်။ ပထမအချက်မှာ စက်လှေ၊ မော်တော် အခက်အခဲ ဖြစ်ပါသည်။ မုန်းချောင်းနှင့် ဧရာဝတီ မြစ်ရေထု အတွင်း ပိတ်မိနေဆဲ ကျေးရွာများမှာ အလှူခံပစ္စည်း လာရောက်တောင်းယူသည့်အခါ စက်လှေ အခက်အခဲကြောင့် တာဝန်ရှိသူများသာ အဓိက လိုက်ပါလာနိုင်ပြီး လုပ်အားပေးဟူ၍ အလုံအလောက် မလိုက်ပါနိုင်သည်က များပါသည်။ လုပ်အားပေး လိုက်ပါခဲ့သည်ရှိသော်လည်း မိုးလင်းမိုးချုပ် အလှူပစ္စည်းများ ခွဲဝေစီမံရာတွင် မနားမနေ ထမ်းပိုးသယ်ဆောင်နေရသည်ဖြစ်၍ တစ်ခုပြီးမှတစ်ခု တစ်သုတ်ပြီးမှတစ်သုတ် တစ်လှည့်ပြီးမှတစ်လှည့် ဆောင်ရွက်ရသည်ဖြစ်၍ လာသမျှအလှူရှင်ကြီးငယ်တို့အပေါ် ချက်ခြင်းတုန့်ပြန် ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိပါသည်။ အလှူရှင်များအနေနှင့် နယ်မြေဒေသ အခြေအနေကို နားလည်ရန် လိုအပ်ပြီး အများစုကလည်း နားလည်ခဲ့ပါသည်။ ဆောင်းပါးတွင် ပါရှိသော မှရိုးကုန်းရွာ၏ အဖြစ်အပျက်ကို အမှန်တကယ်သိလိုလျှင် ဖုန်းဆက်၍ စုံစမ်းနိုင်ပါသည်။
ရွာအတွက် အလှူပစ္စည်းမပါလျှင် လုပ်အားမပေးလိုသည့်ဖြစ်ရပ်ကို အလှူရှင်အတော်များများ ကြုံတွေ့ခဲ့ ရသည်ဟု ဆောင်းပါးတွင် ဆိုထားပါသည်။ ယင်းမှာ အခြေအနေမှန်ကို နားမလည်၍ ငါ့စကားနွားရ ပြောဆိုခြင်းသာ ဖြစ်ပါသည်။ အချို့အလှူရှင်များ လာရောက်သည့်အခါ ကျေးရွာအမည်ကို ဘိုင်နိမ်းတပ်၍ လာကြခြင်းဖြစ်ပါသည်။ ယင်းသို့ ရည်ရွယ်ပြီးလာသော အလှူရှင်များ ကျနော်တို့ စခန်းနှင့် ချိတ်ဆက်ပါက အဆိုပါကျေးရွာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပေးသည့်အပြင် အဆိုပါကျေးရွာ၏ အကူအညီရရှိမှု လိုအပ်မှု အခြေအနေများကိုပါ စာရင်းအတိအကျဖြင့် ရှင်းလင်းဖြေကြားခဲ့ပါသေးသည်။ ယင်းအပြင် စက်လှေ အခက်အခဲ ရှိပါက ကျနော်တို့အဖွဲ့တွင် ရှိသော စက်လှေ ဆယ်စီးကျော်ဖြင့် မနားမနေ ပို့ဆောင် စီမံခဲ့ပါသည်။ မိမိကျေးရွာ အတွက် အလှူပစ္စည်း လာထုတ်သူများမှာ အခြားကျေးရွာသို့ အမည်တပ်၍ လာရောက်လှူဒါန်းသည့် ပစ္စည်များကို လုပ်အားပေးကူညီ သယ်ချရန်မှာ အလွန်အခက်အခဲရှိပါသည်။ မိမိကျေးရွာအတွက် ပစ္စည်းခွဲတမ်း စောင့်ရမည်၊ ခွဲတမ်းရလျှင် ချက်ခြင်းသယ်ပို့နိုင်ရန် စီမံရမည်။ ရွာခံစက်လှေပါပါက ယင်းစက်လှေဖြင့် သယ်ယူ၍ စက်လှေမရှိသော ရွာများအတွက် အင်းသားကြီးများနှင့် အခြားအလှူရှင်အချို့၏ စက်လှေများကို အသုံးပြုနိုင်ခွင့် စောင့်ဆိုင်းရပါသည်။ ယင်းအခြေအနေများကြားမှာ အခြားရွာသို့ လှူဒါန်းသော ပစ္စည်းများကို ထမ်းပိုးသယ်ချရန်မှာ အတော်ပင်မလွယ်သည့် အခြေအနေဖြစ်ကြောင်းကို အလုပ်လုပ်သူတိုင်း အလုပ်လုပ်ဖူးသူတိုင်း နားလည်နိုင်ပါလိမ့်မည်။
ဤနေရာတွင် အချို့သော အလှူရှင်များမှာ မည်သည့်နေရာသွားလို၍ စက်လှေဖြင့် လိုက်ပို့ပါ။ ငွေကြေး မည်မျှ ပေးရမည်နည်း စသည်ဖြင့် အမေးရှိလာပါသည်။ နံပတ်တစ် ကျနော်တို့အဖွဲ့ရှိ စက်လှေများမှာ အခကြေးငွေဖြင့် လိုက်ပါပို့ဆောင်သော လှေများမဟုတ်ပါ။ နံပတ်နှစ် အလှူရှင် သွားလိုရာသို့ မဆိုင်းမတွ ပို့ဆောင်ရန် အခက်အခဲ များစွာရှိပါသည်။ အကြောင်းမှာ နေ့စဉ်နှင့်အမျှ ရေထုအတွင်းရှိ ကျေးရွာဆယ်ဂဏန်းများစွာ၏ အကူအညီလိုအပ်ချက်အပေါ် မူတည်၍ စက်လှေလမ်းကြောင်းကို အစီအစဉ်တကျ ရေးဆွဲ ပို့ဆောင် နေရခြင်း ဖြစ်ပြီး အလှူရှင်သွားလိုသော ကျေးရွာဒေသမှာ စက်လှေလမ်းကြောင်းတွင် ပါရှိမှသာ အဆင်ပြေပြေ ပို့ဆောင်နိုင်မည် ဖြစ်ပါသည်။ လိုအပ်ချက်ရှိနေသော ကျေးရွာများသို့ အကူအညီပေးပို့မည့် စက်လှေခရီးစဉ်ကို ဖျက်၍ မည်သည့်အလှူရှင်ကိုမျှ စိတ်ထဲရှိတိုင်း သွားလိုရာသို့ ပို့ဆောင်နိုင်စွမ်း မရှိခဲ့ပါ။ အလှူရှင် တစ်ဦးစ နှစ်ဦးစကမူ သူတို့အလိုမပြည့်၍ ငြိုငြင်သည်များ ရှိကောင်းရှိနိုင်သော်လည်း အလှူရှင် ရာနှုန်းပြည့် နီးပါးကမူ ဒေသအခက်အခဲ အခြေအနေကို နားလည်လက်ခံကြသည်သာ ဖြစ်ပါသည်။
အလှူပစ္စည်းများ လက်လွတ်စပယ် ထားသည့်ကိစ္စ ရှင်းပါမည်။ မုန်းချောင်းရေအကျတွင် အရေးပေါ် ပြင်ဆင် ဖွင့်လှစ်ရသော ငါးကျွေးဆိပ်ကမ်းတွင် အလှူပစ္စည်းဟူသမျှ စနစ်တကျ စုပုံထားရှိရန် ဂိုထောင်ဟူ၍ မရှိပါ။ ဝါးလုံးထောင် မိုးကာခင်း မိုးကာကာ၍ ယာယီအမြန် တဲအချို့ ထိုးကာ အလှူပစ္စည်းများကို ကားကြီးကားငယ် များပေါ်မှ သယ်ချ၍ ပစ္စည်းအမျိုးအမည်အလိုက် ကျေးရွာလိုအပ်ချက်အလိုက် စီမံခန့်ခွဲရပါသည်။ သို့သော် နေရာထိုင်ခင်း အခက်အခဲကြောင့် အချို့ အလှူပစ္စည်းများမှာ တော်သလိုသင့်သလိုသာ စုပုံထားရှိရပါသည်။ တစ်ဖန် အဆိုပါပစ္စည်းများကို ကျေးရွာအသီးသီးသို့ ခွဲဝေပြီးပါက ကျေးရွာတာဝန်ခံများကို ယင်းပစ္စည်းများ သယ်ဆောင်ရန် စီမံစေရပြီး ကျေးရွာအလိုက် ရရှိသည့် ပစ္စည်များကို သင့်တော်သည့် တစ်နေရာတွင် စုပုံစေ၍ စက်လှေပေါ်တင်ရန် ပြင်ဆင်ရပါသည်။ ငါးကျွေးဆိပ်တွင် မည်သည့်ပစ္စည်းမှ အလှူခံ မမဲ့ခဲ့ပါ။ မည်သည့်ပစ္စည်းကိုမျှ တန်ဖိုးမဖျက်ခဲ့ပါ။ အလှူရှင်အသီးသီး၏ စေတနာအနန္တကို ရွေးစေ့ခန့်မျှပင် မလေလွင့်စေလိုသော စိတ်ထားဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ မြေပြင်အခြေအနေ နားမလည် ဒေသခံ အဖွဲ့အစည်း၏ အကြံဉာဏ်ကို လက်မခံ ငါတကောကော ကောလိုသူ အလှူရှင် အချို့ ရှိခဲ့လျှင်သာ အဆိုပါ အလှူပစ္စည်းများ စီမံခန့်ခွဲရာတွင် လေလွင့်ခြင်း၊ အခက်ကြုံရခြင်း ရှိနိုင်ပါသည်။ အလွန် ရှားပါသည်။
အလှူပစ္စည်းများကို မီးပုံရှို့ရန်ဟူသည်မှာ စိတ်ကူးဖြင့်ပင် မပြုမူကောင်းသော လုပ်ရပ်ဖြစ်ပါသည်။ အမှန်တကယ် လုပ် မလုပ်ဆိုသည်မှာ မုန်းသူမုန်းသားနှင့် မုန်းချောင်းစောင့်နတ်သာ အသိဆုံး ဖြစ်ပါလိမ့်မည်။ ဆောင်းပါးရှင်အနေဖြင့် သက်သောသက္ကာယက ရှိပါက ပုံနှင့်၊ အချက်အလက်နှင့်တကွ စွပ်စွဲစေလိုပါသည်။
မုန်းချောင်းနေ့ရက်များအတွင်း မီဒီယာနှင့် ပတ်သက်၍ မပြောတော့ဟု ဖြေသိမ့်ထားသော ဖြစ်ရပ်တစ်ခု ထုတ်ပြောပါဦးမည်။ ကျနော်တို့ အကူအညီပေးရေးစခန်း ကနဦးနေ့ရက်တွင် ဆည်မြောင်းဘောင်ရှိ အရက်ပုန်းဆိုင်တစ်ခုမှ အရက်ဝိုင်းရှိ လူတစ်ဦး ကူညီရေးစခန်းသို့ ထမင်းထုပ်လာတောင်းပါသည်။ ပထမ တစ်ခေါက်အဖြစ် ထမင်းထုပ် နှစ်ထုပ် ပေးလိုက်ပါသည်။ သိပ်မကြာမီ ဒုတိယအကြိမ် ထမင်းထုပ် သုံးထုပ် ထပ်လာတောင်းပါသည်။ ကျနော်တို့အဖွဲ့မှ လူကြီးတစ်ဦးက မသင်္ကာ၍ ပထမတစ်ခေါက်မှာပင် နောက်ယောင်ခံ လိုက်ကြည့်ရာ ပထမယူသွားသည့် ထမင်းနှစ်ထုပ်မှ အသားငါးအချို့ကို နှုတ်ယူ၍ ထမင်းများကို သွန်ပစ်ခဲ့ပါသည်။ ယင်းကိုတွေ့မြင်သော ကျနော်တို့အဖွဲ့ရှိ ရပ်မိရပ်ဖ လူကြီးတစ်ဦးက နောက်တစ်ကြိမ် ထမင်းထုပ်သုံးထုပ် လာတောင်းသည့်အခါ အရက်ဝိုင်းမှာ ဟင်းလျာကို အမြည်းအဖြစ် သုံးဆောင်ရန် တစ်ဖက်လှည့်ဖြင့် လာရောက်ယူငင်မှုအပေါ် ဆူပူကြိမ်းမောင်း၍ ထမင်းထုပ်မပေးဘဲ ပြန်လွှတ်လိုက်ပါသည်။
ကိုရွှေယမကာသမားများက အတတ်ကောင်းတို့ တတ်နေပြီးဖြစ်သည်။ အလွယ်တကူ လက်လှမ်းမီနေသော မိုဘိုင်းလ်ဖုန်းကို ခလုပ်နှိပ်၍ ကျောင်းတော်ရာသို့ ရောက်ရှိနေသော သတင်းသမားတစ်ဦးအား သတင်းပို့လေ တော့သည်။ ယမကာမောင်၏ သတင်းစကားမှာ ဤရပ်ဤရွာမှ ဤကယ်ဆယ်ရေးစခန်းသည် ရေဘေးဒုက္ခသည်များကို ဆူပူကြိမ်းမောင်း၍ အစာရေစာလည်း မပေးဝေဟူ၍ ဖြစ်သည်။ ကျောင်းတော်ရာရှိ အဆိုပါသတင်းသမားကလည်း တာဝန်ကျေလှပါသည်။ ရန်ကုန်အခြေစိုက် သူ၏ သတင်းမီဒီယာ facebook စာမျက်နှာတွင် ဤနေရာဤဒေသတွင် ကူညီရေးစခန်းများက ဒုက္ခသည်များကို ဆူပူကြိမ်းမောင်းနေကြောင်း ချက်ခြင်းလက်ငင်း သတင်းတင်လိုက်ပါတော့သည်။ သတင်းမီဒီယာနှင့် သတင်းထောက်အမည်ကို သိရှိပါသည်။ အငြင်းမပွားလို၍ မဖော်ပြတော့ပါ။ ထိုသို့ အွန်လိုင်းပေါ် တက်လာသော အတင်းအဖျင်းအဆင့် သတင်းကို မကွေးမြို့တွင် ပြောင်းရွှေ့နေထိုင်ပြီး လည်လည်ဝယ်ဝယ်ရှိသော ကျေးရွာသားတစ်ဦး (ရေကြီးစဉ် ရွာသို့ ကူညီရန်ရောက်ရှိနေစဉ်) က ချက်ခြင်းလက်ငင်း ကွန်မန့်ရေး၍ အဖြစ်မှန်ကို ရှင်းကာ မယုံလျှင် ဖုန်းဆက်မေးနိုင်ကြောင်း သူမည်သူမည်ဝါဖြစ်ကြောင်း ယခုပို့စ်ကို ချက်ခြင်းဖျက်ပါဟုဆိုမှ အဆိုပါ သတင်းမီဒီယာက ယင်း အတင်းအဖျင်း facebook ပိုစ့်ကို ဖျက်သိမ်းသွားပါသည်။ ယင်းကား ဥပမာ တစ်ရပ်ဖြစ်ပါသည်။
ကိုယ်တိုင် သတင်းထောက်တစ်ဦးဖြစ်၍ ကိုယ်ရွှေမီဒီယာတို့၏ အလွဲလွဲအချော်ချော်များကို နားလည်ပြီး ဖြစ်သော ကျနော့်အနေဖြင့် အထက်ပါဆောင်းပါးနှင့် ပတ်သက်၍ ဖြေရှင်းတုန့်ပြန်လိုစိတ် အလျဉ်းမရှိပါ။ သို့သော် မီဒီယာသဘော စောကြောဝေဖန်နိုင်စွမ်း အားနည်းသော ကျေးရွာခံ စေတနာ့ဝန်ထမ်း လုပ်အားပေးတို့မှာ အဆိုပါဆောင်းပါးအတွက် များစွာ စိတ်ပျက်ဝမ်းနည်းခံပြင်းလျက် ရှိပါသည်။ ကျနော်သည်ပင် မုန်းမှ ညီငယ်တစ်ဦး အကြောင်းကြားလာ၍ အဆိုပါဆောင်းပါးကို ကြည့်ရှုမိခြင်း ဖြစ်သည်။
မီဒီယာတို့၏ အလွဲများကို နားလည်ပါသည်။ တချို့အလွဲများကတော့ ကာယကံရှင်များ ကော့နေအောင် နာစရာ ဖြစ်တတ်ပါသည်။ အင်မတန်ညီညွတ်ပြီး မကွေးတိုင်းရေဘေးတွင် စံပြအဖြစ် ပုဂ္ဂလိက ဌာနဆိုင်ရာ အလှူရှင်များ၏ အသိအမှတ်ပြု ခံခဲ့ရသော မုန်းသားလုပ်အားပေးတို့ နာစရာ ဖြစ်ခဲ့သည်ကို ကျနော့် အနေဖြင့်လည်း စိတ်မကောင်း ဖြစ်ရပါသည်။
ငါးကျွေးဆိပ်တွင် အမှန်တကယ် လုပ်ဆောင်ခဲ့သော ဖြစ်ပျက်ခဲ့သော အခြေအနေမှန်များကို သိရှိလိုပါလျှင် တစ်နယ်တစ်ကျေးမှ စေတနာသက်သက်ဖြင့် လူအား ငွေအား ပစ္စည်းအား လာရောက်ကူညီသည့် အင်းသားကြီးတို့ကို မေးမြန်းနိုင်သကဲ့သို့ ကုမ္ပဏီလုပ်ငန်းရှင်မှအစ ဇာတ်သဘင်ပညာရှင်အဆုံး အလှူရှင် ကြီးငယ်အသီးသီးတို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ကျနော်တို့ဌာနတွင် အလှူရှင်များ အလှူခံ ကျေးရွာများ၏ စာရင်းများကို အတတ်နိုင်ဆုံး အပြည့်စုံဆုံးဖြစ်အောင် ပြုစုထားပါသည်။ အလှူရှင်ရာဂဏန်းနှင့် ကျေးရွာပေါင်း ရာဂဏန်းနီးပါး ရှိပါသည်။ ဆက်သွယ်စုံစမ်း မေးမြန်းလိုပါက ချိတ်ဆက်ပေးပါမည်။
မုန်းသားညီတော်နောင်တော်တို့ စိတ်ပျက်ဝမ်းနည်းရခြင်းအတွက် ဤမျှ ရှည်ရှည်ဝေးဝေး ရှင်းလင်းတုန့်ပြန်ရခြင်း ဖြစ်ပြီး ဤကဲ့သို့ လက်လွတ်စပယ် ရေးသားမှုမျိုးကို ကျနော့်အနေဖြင့် သီးခြား တုန့်ပြန်ရန် မရှိတော့ပါကြောင်း။
အိုဘယ့် မီဒီယာ
Naw Ko


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>