By အောင်သစ်လွင်On Mon, 2015-08-24
ဖားကန့်တွင် ဒေသ တွင်း လုံခြုံရေးယူထားသည့် တပ် မတော်သားတစ်ဦးနှင့် ကားသမား တစ်ဦး အချင်းများကာ ဓားဖြင့် ခုတ်ရန်ကြိုးစားသည့် အရပ်သား ကို သေနတ်ဖြင့် ပစ်ခတ်လိုက်၍ အရပ်သားသေဆုံးသွားကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၂ ရက် ညနေက မိုးကောင်း-ဖားကန့်လမ်းပေါ်ရှိ ကျောက်ဖျာကျေးရွာအနီးတွင် ယင်းအမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ဒေသတွင်း ကွပ်ကဲမှုစစ်ဌာနချုပ် (၇)မှ သတင်းရရှိသည်။
အစိုးရတပ်မတော်ခြေမြန် တပ်ရင်း (၄၂၁) က မိုးကောင်း-ဖားကန့်လမ်းပေါ်တွင် လုံခြုံရေးယူနေစဉ် ကားမောင်းနှင်လာသည့် ယာဉ်မောင်းအမျိုးသားတစ်ဦးကို ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းသွား၍ ပြဿနာဖြစ်ပွားခဲ့ခြင်းဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘သူတို့က ကားကျော်တက် ဖို့၊ မကျော်တက်ဖို့မှာ လမ်းရှင်းပေးနေတာကို စကားနားမထောင်ဘဲ ရန်ပြုမယ်လုပ်တဲ့အခါကျတော့ သေနတ်နဲ့ ခြောက်လှန့်မှုဖြစ်ခဲ့ပြီး မှန်သွားတာလေ။ လူသေမှု ၃၀၄ (က)နဲ့ အမှုဖွင့်ထားပါတယ်’’ဟုကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားက အရပ်သား၏ပါးကို သုံးချက်ထက်မနည်း ရိုက်သော ကြောင့် ၎င်းက ဓားဖြင့်ခုတ်ရန် ကြိုးစားစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ရဲတပ်ဖွဲ့ကမူ မြေပြင်အခြေအနေကို အသေးစိတ်စစ်ဆေးနေဆဲဟုပြောသည်။ ၎င်းအမျိုးသားကို ကျောက်ဖျာကျေးရွာနှင့် အနီးဆုံးရှိ လုံးခင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကတော့ သူ့ ကို (ပြစ်မှုကျူးလွန်သည့်တပ်မတော်သား) စစ်စည်းကမ်းအရပဲ အရေးယူမှာပါ’’ဟု ကွပ်ကဲမှု စစ်ဌာနချုပ် (၇)မှ တပ်မတော်အရာ ရှိတစ်ဦးက ပြောသည်။
မိုးကောင်း-ဖားကန့်လမ်း တွင် တပ်မတော်သားအချို့သည် အရပ်သားအချို့ကို အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ပြီး သေဆုံးသည်အထိ ပြစ်မှုကျူးလွန်မှုမကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်း အချို့ကပြောသည်။
7Day Daily
Zaw Thuya
၂၂.၈.၂၀၁၅ ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ လုံးခင်းအသွား နန့်တိန်နှင့်ခုနှစ်မိုင်အကြားတွင် ခမရ(၄၂၁)မှ ဒုတပ်ကြပ် မောင်ဌေး၏ လူမဆန်စွာ ပစ်သတ်ခြင်းခံရသည့် မိုးကောင်း နတ်ကြီးကုန်းရပ်ကွက် မှ တုန်းဖုံး ယျဉ်နောက်လိုက် ကိုရတနာထွန်း အသက် (၂၂)ရဲ့ ရင်နာစရာမြင်ကွင်းပါဗျာ ယျဉ်တန်းတွေကြပ်လို့သူတို့လမ်းရှင်းပေးနေတာကိုလက်ခံပါတယ် အခုသေဆုံးသူကရိုင်းစိုင်းခဲ့သည်ရှိသော် ရိုက်နက်တာဖြစ်ဖြစ် သေနတ်မိုးပေါ်ထောင်ဖောက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ် လက်နက်မဲ့ပြည်သူကို အခုလိုပစ်ရဲတဲ့ သတ္တိတော်တော်ကောင်းတယ်နော် ဦးနေဝင်းရဲ့စကားအတိုင်းအခုထိလုပ်နေကြသေးတာပေါ့ စစ်သားဆိုတာမိုးပေါ်ထောင်မဖောက်ဘူး မှန်အောင်ပစ်တယ်ဆိုတာ အပြစ်မဲ့လူတစ်ယောက်ကို ရက်ရက်စက်စက်ခေါင်ကိုပစ်တဲ့သူကို အရေးမယူတဲ့အပြင် မျက်မြင်သက်သေ ဒရိုင်ဘာကို နှုပ်ပိတ်တဲ့အနေနဲ့ ငွေဆယ်သိန်းပေးပြီး အခုသေဆုံးသူဟာ ဓါးနဲ့ခုတ်၍ပစ်ရပါတယ်လို့ ကျူးလွန်သူ ဒုတပ်ကြပ်မောင်ဌေး၏ အထက်အရာရှိဗိုလ်ကြီးက အတင်းထွက်ဆိုခိုင်းနေပါတယ် မိုက်ရိုင်းချက် အဲ့လိုလုပ်လို့ရကြေးဆို ငွေဆယ်သိန်းပေးပြီး ကျနော်တို့လဲခင်ဗျာကိုပြန်ပစ်မယ် ရမလားလို့မေးလိုက်ချင်တယ် မလိမ္မာရင် ပြောဆိုရိုက်နက်ဆုံးမလို့ရပါတယ် သေနတ်လေးလက်ထဲကိုင်ထားပြီး လူမိုက်အလုပ်လုပ်နေတဲ့သူတွေကို စစ်ထဲထည့်ထားတယ် အခုကိစ္စ ဒီအတိုင်းပြီးလိမ့်မယ်မထင်နဲ့နော် ဒီဓါတ်ပုံတောင်သူတို့ဖုန်းတွေလိုက်သိမ်းနေတဲ့ကြားက တာဝန်သိကားဆရာတစ်ယောက်က ခိုးရိုက်ခဲ့လို့ကျနော်တို့တွေ့မြင်နေရတာပါ အခုသေဆုံးသူမှာ မိန်းမနဲ့တစ်နှစ်အရွယ်သမီးတစ်ယောက်ကျန်ရစ်ခဲ့တယ် ဘယ်လောက်စိတ်ဒုတ်ခရောက်ကြမလဲလို့ ကိုရတနာထွန်းရေ့ ဖြစ်လေရာ ဘဝတိုင်းလူမဆန်တဲ့အာဏာရူးတွေနဲ့သူတို့၏တပည့်နောက်လိုက်တွေရဲ့ ရက်စက်စွာအနိုင်ကျင့်ယုတ်မာခံရခြင်းမှကင်းဝေးပါစေလို့ဆုတောင်းပေးပါတယ် ..... ကောင်းရာသုဂတိလားပါစေဗျာ...
Ref;Lwin Maung Maung