Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

NLDဗဟိုလူငယ်ဦးဆောင်ကော်မတီဝင်လူငယ်တစ်ဦးအား ဥပဒေမဲ့မတရားစွပ်စွဲဖမ်းဆီးထားခြင်း။

$
0
0
၂၂..၈..၁၅
-
NLDဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်ဖြစ်သူတနသာင်္ရီတိုင်းဘုတ်ပြင်း
လူငယ်တာဝန်ခံကိုနီရဲအားမတရားစွပ်စွဲဖမ်းဆီးမှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။
-
ဘုတ်ပြင်းအထွေထွေအုပ်ချုပ်ရေးဦးစီးနေအိမ်အားကျောက်ခဲဖြင့်ပေါက်သည်ဟုဆိုကာမျက်မြင်သက်သေမရှိပါပဲဝရမ်းမပါပဲနှင့်15-8-2015 ည ၈နာရီခန့်တွင် မြိတ်သို့အခြားတာဝန်ဖြင့်လာရောက်သောရဲမှ လမ်းကြုံဖမ်းသွားခဲ့ပါသည်။
-
ဘုတ်ပြင်းသို့ရောက်သောအခါမိဘများကိုအကြောင်းမကြားပဲ
အချုပ်ထဲတွင်ထားကာ ရိုက်နှက်နှိပ်စက်ပြီးဝန်ခံချက်တောင်းပါသည်။
မည်သူ့ကိုမျှတွေ့ခွင့်မပေးပေ။မိဘများမှာထမင်းချိုင့်ပို့ခွင့်မရ၊
တွေ့ခွင့်မရဖြစ်နေသည်မှာယနေ့အချိန်ထိပင်။
-
ဘုတ်ပြင်းရဲစခန်းတွင်ရိုက်နှက်နှိပ်စက်ပြီးချုပ်ထားသည်မှာ၂၄နာရီကျော်
လာပြီဖြစ်၍ဘုတ်ပြင်း၈၈နှင့်တိုင်းNLDမှသွားရောက်မေးမြန်းရာတရားရုံး၌
ချုပ်ခွင့်ကိုဖုန်းဖြင့်တောင်းထားကြောင်းပြန်လည်ဖြေကြားပါသည်။
တွေ့ခွင့်တောင်းရာတွင်ခဏတာတွေ့ခွင့်ပေးခဲ့ပါသည်။
-
ဘုတ်ပြင်းစခန်းမှူးအား၎င်းဖမ်းဆီးမှုအပေါ်မျက်မြင်သက်သေ
ရှိပါသလားဟုမေးရာမရှိပါဟုဖြေကြားပါသည်။
ရိုက်နှက်နှိပ်စက်ထားသလားဟုမေးရာမရိုက်ထားပါဟုဖြေပါသည်။
-
ကိုနီရဲနှင့်တွေ့ရာတွင်မျက်နှာ၌ဖူးယောင်ဒဏ်ရာများအပြင်ခြေသလုံးတွင်လဲနံပါတ်တုတ်ဖြင့်ရိုက်ကာအတင်းအဓမ္မဝန်ခံခိုင်းကြောင်းကိုနီရဲမှပြောပါသည်။
ဘုတ်ပြင်းထွေအုပ်နှင့်တာဝန်ရှိသူများသွားရောက်ညှိနှိုင်းရာတွင် ကျေလည်မှုမရခဲ့ပေ။
-
ယနေ့ကြားသိရသည့်သတင်းမှာကိုနီရဲအားဆီးစစ်ခိုင်းပြီးမူးယစ်ဆေးဝါး
အမှုဖြင့်ခေါင်းစဉ်တပ်မည်ဟုသိရပါသည်။
ထို့ကြောင့်ကိုနီရဲ၏မိဘများမှာအဆိုပါမတရားစွပ်စွဲဖမ်းဆီးမှုကြောင့်
ယူကြုံးမရဖြစ်ပြီးနီးစပ်ရာအဖွဲ့အစည်းများသို့အကူအညီတောင်းခံ
နေရပါသည်။သားဖြစ်သူနဲ့လည်းတွေ့ခွင့်မရပေ။
-
တိုင်းလူငယ်တာဝန်ခံနှင့်ဘုတ်ပြင်း၈၈မှယခုအထိကူညီနေသော်လည်း
အဆင်မပြေသေးပေ။ထွေအုပ်နှင့်ရဲတို့ပေါင်းကာလုပ်ချင်ရာလုပ်မည့်
သဘောကိုတွေ့နေရပေသည်။
-
ထို့ကြောင့်တရားမျှတမှုကိုလုပ်ဆောင်ပေးရန်အတွက်အစိုးရ
တာဝန်ရှိသူများသိရှိစေရန်အတွက်တင်ပြလိုက်ပါသည်။
-
စုံစမ်းရန်....
ဦးသောင်းညွန်(ကိုနီရဲ၏ဖခင်)့ ၀၉၄၉၃၂၃၇၀၈
============
ဧပရယ်မောင်မောင်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...