Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကိုယ့်သားရဲ့ အတန်းဖော် သူငယ်ချင်းကို အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

$
0
0

Monday, August 24, 2015
လူအများအားပေးလာအောင် ဦးဆောင်ကြွေးကြော်ရတဲ့ Baltimore Ravens က cheerleader Molly Shattuck ကို ပြီးခဲ့တဲ့သောကြာနေ့က အသက် ၁၅နှစ်အရွယ် ကောင်လေးကို အဓမ္မပြုကျင့်ခဲ့တဲ့အမှုကို စီရင်ချက်ချခဲ့တယ်လို့ သိရပြီး သူမကို ထောင်ဒဏ် ၄၈ပတ်ကျခံစေမှာဖြစ်ပါတယ်တဲ့။
Baltimore Sun ရဲ့ သတင်းဖော်ပြချက်ထဲမှာ အသက် ၄၈နှစ်ရှိပြီဖြစ်တဲ့ Molly Shattuck ဟာ မျက်ရည်တွေနဲ့ ကောင်လေးရဲ့မိသားစုတွေကို တောင်းပန်စကားပြောခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သူမက "ကျွန်မကျူးလွန်ခဲ့တဲ့ အပြစ်ကို ကျွန်မသိပါတယ်၊ ဒီ့အတွက် တာဝန်ယူသွားမှာပါ။"လို့လည်း ဆိုသွားပါသေးတယ်။
လူငယ်ကောင်လေးရဲ့ ဖခင်ကတော့ "အဆုံးသတ်ကျရင် ကလေးမှာ ခံစားနာကျင်နေရတာတွေကို ဘယ်သူကမှ ယူသွားပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်းသူ့စိတ်ထဲက ခံစားရတာတွေကို ဖယ်ရှားမပေးနိုင်ဘူး"လို့ ပြောပါတယ်။
ဓားစာခံကောင်လေးဟာMaryland က McDonogh ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလေးဖြစ်ပြီး တရားခံ Shattuck ရဲ့သားနဲ့ အတန်းဖော်တွေ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ အဲ့ဒီကောင်လေးကို အပန်းဖြေခရီးထွက်နေချိန်အတွင်း အမျိုးစုံ ဖြားယောင်းသွေးဆောင်မှုတွေ ပြုခဲ့တဲ့အပြင် ကောင်လေးကို အရက်တွေတိုက်တာ အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
Ref:cosmopolitan
ဟန်နီ
Trend Myanmar

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>