Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မဲပေးခွင့်ရှိသူစာရင်း ကြေညာမယ့် ရက် စက်တင်ဘာလထဲကို နောက် ဆုတ်

$
0
0
 ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
 လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို လာမယ့်စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အရင်က သြဂုတ်လနောက်ဆုံးပတ်မှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားပေမယ့် ရေဘေးသင့်ဒေသတွေက မဲဆန္ဒနယ်မြေတွေ အခြေအနေကြောင့် ပြောင်းရွှေ့လိုက်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းဦး က ပြောပါတယ်။

"သြဂုတ်လမှာ ကြေညာမလို့ပဲ၊ လောလောဆယ် ရေဘေးဒေသတွေက မဲဆန္ဒရှင်တွေအနေနဲ့က မဲစာရင်းလာကြည့်ဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့ စက်တင်ဘာလထဲလောက်ကို ကြေညာဖို့ပါ၊ ဒီတခါပြီးရင်တော့ final ပေါ့နော် ဘာလို့ဆို နောက်ထပ်မကြေညာတော့ဘူး"

တစ်နိုင်ငံလုံးက မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို သီတင်းနှစ်ပတ်ကြာ ကြေညာထားမှာဖြစ်ပါတယ်။ လက်ရှိကောက် ယူထားတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ခန့်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထား သူတွေကို သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...