Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အင်းစိန်မြို့နယ်တွင် လူသတ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ အရေးယူ

$
0
0

ရန်ကုန်၊ သြဂုတ် ၂၅

၁၄.၈.၂၀၁၅ ရက်နေ့ ၁၈၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ထနီးလမ်းဘက်မှ ကျောက်ချဉ်ကန်လမ်းဘက်သို့ ဖြတ်ပြေးလာသည့် အမျိုးသားတစ်ဦးမှာကျောက်ချဉ်ကန်လမ်းပေါ်အရောက် လဲကျသွားပြီး ၎င်းတွင် ၀ဲရင်အုံနှင့် ၀ဲနံစောင်း၊ ယာလက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာများရရှိထားသည်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တွေ့ရှိ၍ အင်းစိန်ဆေးရုံသို့ပို့ဆောင်ေ ပးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းအမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်နေ သက်နိုင်ထွန်း၊ (၃၄)နှစ်ဖြစ် ကြောင်းသိရှိရပြီး ၎င်းမှာ ၁၈၃၅ အချိန်ခန့်တွင်သေဆုံးသွား သဖြင့် အင်းစိန်မြို့မရဲစခန်း (ပ) ၉၆၇/ ၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်း အကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ထနီးလမ်းရှိ နေအိမ်တွင် သေဆုံးသူ ကရင်(ခ)သက်နိုင်ထွန်းနှင့် သန်လျင်မြို့နယ်၊ ထမလုံကျေးရွာနေ ဇော်လေး(ခ) အောင်ဇော်လင်းတို့ ခိုက်ရန်ဖြစ်ပွားခဲ့သည်ကို စုံစမ်းသိရှိ ရသဖြင့် ဇော်လေး (ခ)အောင်ဇော်လင်းအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၃.၈.၂၀၁၅ ရက်နေ့ နံနက်တွင် တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်အတွင်းမှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဇော်လေး(ခ)အောင်ဇော်လင်းအားစစ်ဆေးချက်အရ ၎င်းသည် ကမ်းနားအလယ် ရပ်ကွက်၊ ထနီးလမ်းရှိ ခင်မင်ရင်းနှီးသူ၏နေအိမ်သို့ သွားရောက်လည်ပတ်နေထိုင်စဉ် ၁၃.၈.၂၀၁၅ ရက်နေ့ ညပိုင်းတွင် သက်နိုင်ထွန်းမှ ၎င်းအား ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း၊ ၁၄.၈.၂၀၁၅ ရက်နေ့ ညနေပိုင်းတွင် ၎င်းတည်းခိုနေထိုင်သော ထနီးလမ်းရှိနေအိမ်မှထွက်ခွာစဉ် ခြေထိုးခံ၍ရန်စခြင်းများ ကြောင့် လုံးထွေးသတ်ပုတ်ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ သက်နိုင်ထွန်းအား ကတ်ကြေးဖြင့်ထိုးခဲ့ပြီး တိမ်းရှောင်လာကာကတ်ကြေးအား အောင်ဇေယျတံတားပေါ်မှ ရေထဲသို့လွှင့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ ဇော်လေး(ခ)အောင်ဇော်လင်းအား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>