Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အမွှေးအမျှင်ထူတဲ့ ယောင်္ကျားတွေက မိန်းကလေးတွေကို ပိုမိုဆွဲဆောင်နိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြချက် (၃)ခု

$
0
0
ye wint on 2015-08-26 15:37  
အမွှေးအမျှင်ထူတဲ့ယောင်္ကျားတွေကို သင်ကြိုက်ကြိုက်၊မကြိုက်ကြိုက် အမျိုးသမီး အများစုကတော့ အဆိုပါ ယောင်္ကျားမျိုးကို ပိုမိုနှစ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ပါးသိုင်းမွှေးနဲ့ ကောင်လေးတွေပေါ့။ ဘာလို့ အမွှေးအမျှင်ထူတဲ့ ယောင်္ကျားတွေက မိန်းမတွေကို ပိုဆွဲဆောင်နိုင်တာပါလဲ။

၁။ သူတို့ မှာ testosterone ကျားဟော်မုန်းပါဝင်မှု ပိုများပါတယ်။

ယောင်္ကျားတွေမှာ testosterone ပါဝင်မှုပိုများရင်၊ သူတို့ ဟာ လိင်ဆက်ဆံလိုစိတ် ပိုများပြီး၊ အသက်ရှည်ကျန်းမာကာ၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း ပိုရှိပါတယ်။ ရိုးသားမှုလည်းရှိပြီး အင်အားပိုမိုပြည့်ဝကာ အကောင်းမြင်ဝါဒလည်း ပိုများတယ်လို့ ဆိုပါတယ်။

၂။ ဥာဏ်ရည်ထက်တယ်

ဆရာဝန်တွေနဲ့  ပညာအရည်အချင်းမြင့်တဲ့ယောင်္ကျားတွေမှာ ရင်ဘတ်အမွှေး ပိုမိုတွေ့ ရှိရတယ်လို့ ခန္ဓာကိုယ် အမွှေးအမျှင်နဲ့ ဥာဏ်ရည် ဆက်စပ်မှုကိုလေ့လာနေတဲ့ စိတ်ရောဂါအထူးကုဆရာဝန် Dr.Aikarakudy Alias က ပြောပါတယ်။

၃။ ကျန်းမာရေးပိုကောင်းတယ်

အမွှေးအမျှင်ထူတဲ့ ယောင်္ကျားတွေဟာ သူတို့ ခန္ဓာကိုယ်မှာ လာရောက်စွဲကပ်တဲ့ ကပ်ပါးပိုးတွေကို သိရှိရိပ်မိ နိုင်စွမ်းပိုများပါတယ်။ သုတေသနပညာရှင် Michael Siv-Jothy ဦးဆောင်ခဲ့တဲ့လေ့လာမှုမှာ အမွှေးအမျှင်ရိတ်ထားတဲ့ လက်မောင်းတွေဟာ မရိတ်ထားတဲ့ လက်ထက် ပိုးမွှားတွေ ရှင်သန်ကြီးထွားဖို့ ပိုများကြောင်းတွေ့ ရှိခဲ့ရပါတယ်။ အမွှေးအမျှင်တွေဟာ ပိုးမွှားတွေရဲ့ ကပ်ပါးနေထိုင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ပိုးမွှားရှိကြောင်းကိုလည်း လူက သတိပြုမိစေနိုင်တယ်လို့ ဆိုပါတယ်။

အမွှေးအမျှင်ထူတဲ့ယောင်္ကျားတွေဟာ သင့်ကို ညဘက်မှာနွေးနေအောင် ဖက်ထားပေးနိုင်ပြီး ယောင်္ကျားပီသမှု ပိုရှိပါတယ်။ ကျွန်တော်တို့ ရဲ့ ရှေးဘိုးဘေးဘီဘင်တွေဟာလည်း အမွှေးအမျှင်ထူတဲ့ယောင်္ကျားတွေကို ပိုသဘောကျခဲ့ကြပါတယ်။ သူတို့ ဟာဒီအရေးပါတဲ့ အချက်တွေကို သိရှိပြီင်္းသားဖြစ်နိုင်ပါတယ်။ ဒီနေ့ ကစပြီး သင့်မုတ်ဆိတ်မွှေးကို မရိတ်ပါနဲ့ တော့။

Ref: yourtango
http://www.trend.com.mm/2015/08/26/lifestyle-7504

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>