Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေ လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

$
0
0
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ ဒေသခံတွေနဲ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ်။ Photo: Kyaw Zaw Win/RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"အပစ်အခတ်ရပ်စဲကို အမြန်ဆုံးဖြစ်စေချင်တာပေါ့၊ တကယ်တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေပြီးတော့ ကတိတည်တဲ့စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့၊ ဒါမှပဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာပါ"

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိကာလမှာ သက်ဆိုင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူထင်မြင်ယူဆပါတယ်၊ စာချုပ်ကိုဖြစ်မြောက်စေချင်သလို အခုလို စာချုပ်တစ်ခု ချုပ်ဆိုဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးပမ်းကြရမယ် ဆိုတာကိုလည်း သူနားလည်ပါတယ်လို့ ပြောကြားပါတယ်။

ဒ့ါအပြင် သူနဲ့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအကြား ရင်းနှီးမှုရရှိဖို့ သူ့ဖက်က ကြိုးစားခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဟုတ်ပါတယ် သိပ်ပြီးတော့ ရင်းနှီးမှုမရှိပါဘူး၊ အစ်မတို့လည်း ကြိုးစားပါတယ်၊ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီးတော့ စိတ်ပါလက်ပါမရှိတာပါ"

တဆက်တည်းမှာပဲ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို  သူ့အနေနဲ့ အမှန်အတိုင်း ဝေဖန်ပြောဆိုခဲ့ကြောင်း လည်း ပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese
http://www.rfa.org

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>