Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံ ဘယ်မှာရှိလဲ

$
0
0
ကမ္ဘာပေါ်မှာ မှုခင်း၊ ရာဇဝတ်မှု မဖြစ်ပွားတဲ့ နိုင်ငံရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရာဇဝတ်မှု ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတော့ အမြဲတမ်းရှိနေပါတယ်။ မှုခင်းဖြစ်ပွားမှုနှုန်း နည်းပါးလေ နိုင်ငံအတွင်းက ပြည်သူတွေ လုံခြုံစိတ်ချစွာ နေရနိုင်လေဖြစ်ပါတယ်။

ဘေးကင်းစိတ်ချရမှုနဲ့ ပတ်သတ်လာရင် စင်္ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေဟာ ခေတ်အဆက်ဆက်နာမည် ကြီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုမှုခင်းဖြစ်ပွားမှု အနည်းဆုံး နံပတ် ၁ နေရာကို ယူထားတာ အဲဒီနှစ်နိုင်ငံလုံး မဟုတ်ပါဘူး။
၂၀၁၅ ခုနှစ်လယ်ပိုင်းအထိ တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေအရ အိုက်စလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ
မှုခင်းဖြစ်ပွားမှု အနည်းဆုံး နိုင်ငံဖြစ်လာပါတယ်။ ၂၄ နာရီနီးပါး အချိန်ပြည့် ဘယ်ကိုမဆို စိတ်ချလက်ချသွားနိုင်ပါတယ် ဆိုတဲ့ စင်္ကာပူကိုကျော်ပြီး အိုက်စလန်က မှုခင်းဖြစ်ပွားမှု အနည်းဆုံး နိုင်ငံ ဖြစ်လာတာပါ။ ဒိန်းမတ်က နံပတ် ၂ နေရာမှာ ရှိပါတယ်။ မှုခင်းဖြစ်ပွားမှု အနည်းဆုံး ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ အိုက်စလန်၊ ဒိန်းမတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျနဲ့ ချက်ပြည်သူသမ္မတ နိုင်ငံတို့ ပါဝင်ကြပါတယ်။ အငြိမ်းချမ်းဆုံး ၁၀ နိုင်ငံထဲမှာ အာရှတိုက်က ဂျပန် တစ်နိုင်ငံ တည်းသာ ပါဝင်တာဖြစ်ပါတယ်။


အိုက်စလန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ စစ်တပ်ပါဝင်မှုနှုန်း နည်းပါးပြီး ပြည်တွင်း၊ ပြည်ပ အေးချမ်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု အနည်းပါးဆုံး နိုင်ငံတွေကတော့ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့ ဖြစ်ပါတယ်။
PlanetMyanmar

Viewing all articles
Browse latest Browse all 13796