Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဟားဗက် တက္ကသိုလ်ကို စွန့်ပြီး တောထဲမှာ လာနေထိုင်သူ

$
0
0
နာမည်ကျော် ဟားဗက် တက္ကသိုလ်မှာ ဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေပြီး PhD ဘွဲ့ရရှိထားတဲ့ အမျိုးသမီး တစ်ဦးဟာ ကျော်ကြားတဲ့ဘ၀ကို အလိုမရှိတာကြောင့် အလုပ်တွေကို စွန့်လွှတ်ပြီး မွေးရပ်မြေ ကနေဒါမှာရှိတဲ့ လူသူ အရောက်အပေါက် နည်းပါးတဲ့နေရာမှာ ကာလရှည် သွားရောက် နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အသက် (၃၅) နှစ် ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသူ ဘီသာနီဘက်ဇာဟာ ဟားဗက် တက္ကသိုလ်မှာ ယောဂဘာသာရပ်ကို သင်ကြားပေးနေတာ ဖြစ်ပြီး Westem တက္ကသိုလ်မှာ စိတ်ပညာနဲ့ PhD ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကို နှစ်သက်ခြင်း မရှိတာကြောင့် အလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘက်ဇာရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက အံ့အား သင့်ခဲ့ပါတယ်။ ဟားဗက် တက္ကသိုလ်မှာ အလုပ်ရဖို့ ဆိုတာ လွယ်ကူခြင်း မရှိတာကြောင့် မိတ်ဆွေသူငယ်ချင်းတွေက ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘက်ဇာဟာ အလုပ်ထွက်ပြီးတဲ့ နောက်မှာ အခြား အလုပ်တစ်ခုကို သွားရောက် လုပ်ကိုင်မှာ မဟုတ်ဘဲ အေးချမ်းစွာ အနားယူလိုတဲ့ စိတ်ဖြစ်နေတာကြောင့် အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဘက်ဇာဟာ အလုပ်မှာ ပျော်ရွှင်မှု မရှိခြင်းက အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဘက်ဇာရဲ့ စိတ်ထဲမှာ သာယာတဲ့ ရှုမျှော်ခင်းတွေ၊ သစ်သီးနဲ့ ပန်းပင်တွေ ရှိနေတဲ့နေရာ၊ တိတ်ဆိတ်တဲ့ နေရာတွေမှာ နေထိုင်ချင်တာကြောင့် အလုပ်ကနေ ထွက်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ဇာဟာ ကနေဒါမှာရှိတဲ့ အလွန်လှပတဲ့ ကျွန်းတစ်ကျွန်းကို သွားရောက်ပြီး နေထိုင်ခဲ့ပါတယ်။ ဒီနေရာဟာ ဘက်ဇာရဲ့ စိတ်ကို ငြိမ်းချမ်းစေခဲ့ပါတယ်။ ဘက်ဇာက မိမိအနေဖြင့် အလုပ်ကို အောင်မြင်စွာ လုပ်နိုင်ခဲ့သော်လည်း စိတ်ထဲမှာ မပျော်ရွှင်တာကြောင့် ငြိမ်းချမ်းတဲ့ နေရာမှာ လာရောက် နေထိုင်ခြင်း ဖြစ်ကြောင်း၊ မိမိ၏ ဆုံးဖြတ်ချက်ကို နားမလည်သူများ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘက်ဇာဟာ ဒီနေရာမှာ နေထိုင်ပြီးတဲ့နောက် ခင်ပွန်းရှိရာ ချက်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ချက်နိုင်ငံမှာ လေ့လာ သင်ယူစရာတွေ ဆက်လက် ပြုလုပ်သွားမှာဖြစ်ကြောင်း ဘက်ဇာက ဆိုခဲ့ပါတယ်။
messenger news journal

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>