Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စစ်ဗိုလ်ဇနီး ကျောင်းဆရာမကို ရိုက်သူ ကျောင်းသားတစ်ဦးမိခင် ၀တ္တရားနှောင့်ယှက်မှုဖြင့် တောင်ကုတ်တွင် တရားစွဲခံရ

$
0
0
စစ်တွေ၊ သြဂုတ် ၂၇

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂) တွင် တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်တစ်ဦး၏ ဇနီးဖြစ်သူ မူလတန်းပြ ဆရာမတစ်ဦးကို ကျောင်းသားတစ်ဦး၏ မိခင်မှ ရိုက်နှက်ရာမှ ၀တ္တရား နှောင့်ယှက်မူဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရကြောင်း သတင်း ရရှိသည်။

ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခံရသူမှာ တောင်ကုတ် သိမ်တောင်ရပ်ကွက် မူလွန် အမက(၂) မှ ၇ တန်း ကျောင်းသား မင်းကိုလွင်၏ မိခင် ဒေါ်သိန်းဝင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂) မှ ဆရာမ ဒေါ်မေပြုံးအောင်တွင် ဖုန်းတစ်လုံး ပျောက်ရာမှ စတင်ခဲ့သည်ဟု ဒေါ်သိန်းဝင်းနှင့် အိမ်နီးချင်း အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ လက်ကိုင်ဖုန်း ပျောက်သွားတာကို ၇ တန်းကျောင်းသား မင်းကိုလွင်ကို ဖုန်းသူခိုးချပြီး ဆရာမရဲ့ လင်ဖြစ်သူ စစ်ဗိုလ်က ကျောင်းသားကို ခြိမ်းခြောက်ပြောဆိုပါတယ်။ ကျောင်းသားက ရှက်ကြောက်တာနဲ့ ကျောင်း မတက်တော့ဘဲ ရေထဲကို ခုန်ချပြီး သတ်သေဖို့ လုပ်ပါတယ်။ ဒါကို လူတွေ သိသွားတော့ ဖျောင်းဖျ တားမြစ်နိုင်ခဲ့ပါတယ်” ဟု တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ပျောက်သွားသော ဖုန်းကို ဆရာမမှ အတန်းထဲရှိ ပထမတန်းကျောင်းသား တစ်ယောက်ထံက ပြန်ရခဲ့ကြောင်း၊ ကျောင်းသား၏ အမေဖြစ်သူက သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျောင်းသို့ သွားပြီး အကျိုးအကြောင်းကို ရှင်းပြရန် ဆရာကြီးအား ကျောင်းထဲတွင် စောင့်နေစဉ် ဖုန်းပျောက်သွားသော ဆရာမ ရောက်လာခဲ့ကြောင်း၊ ၎င်းဆရာမမှ ရှင်တို့ သွားတိုင်ချင်တဲ့ နေရာ သွားတိုင်ဟု ပြောကြောင်း၊ ကျောင်းသား မိခင် ဒေါ်သိန်းဝင်းမှ သည်းမခံနိုင်သဖြင့် တစ်ချက်ရိုက်ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်သိန်းဝင်းကို ရဲက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းအိမ်နီးချင်း အမျိုးသမီးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သြဂုတ် ၂၇ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က တောင်ကုတ် ရဲစခန်းသို့ နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသည်မှာ မဟုတ်မှန်ကြောင်း၊ ခံဝန်ဖြင့် ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် ၀တ္တရားနှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ ခြိမ်းခြောက်မူတို့ ဖြင့် တရားစွဲဆိုထားကြောင်း၊ တရားစွဲဆိုသော ပုဒ်မများမှာ ၃၅၃/ ၃၂၃/ ၅၀၆ ဖြစ်ကြောင်း၊ ရဲက ဆက်လက် စစ်ဆေးနေကြောင်း၊ တရားရုံးကို ရှေ့အပတ်ထဲတွင် တင်မည် ဖြစ်ကြောင်း ရှင်းပြ ပြောဆိုသည်။

ယခု အမှုနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြောင်း၊ သို့သော် မျှမျှတတ ဖြစ်စေလိုကြောင်း အိမ်နီးချင်းအမျိုးသမီးက ပြောဆိုသည်။

“မဟုတ်မမှန်လုပ်တဲ့ အတွက် ကျွန်မက ဗဟိုကို တက်ပြီးတော့တောင် တိုင်ကြားချင်ပါတယ်။ ကျွန်မမြင်တာက အဲ့ဒီ ဆရာမ လွန်တယ်လို့ မြင်ပါတယ်။ စစ်ဗိုလ်ကလည်း လွန်တယ်လို့ပဲ မြင်တယ်။ စစ်တပ်ဆိုတာစစ်ရေး စစ်ရာနဲ့ပဲဆိုင်တယ်။ ပညာရေးနဲ့ လူမှုရေးတွေမှာ ဒီလိုလာပတ်သက်တာတော့ မကောင်းဘူးလို့ မြင်တယ်” ဟု ၄င်း အမျိုးသမီးက ပြောသည်။

တောင်ကုတ်တွင် ယခုလို ဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမ ဒေါ်မေပြုံးအောင်အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းနံပတ် မသိရှိသဖြင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


TTA Oreo Gapp Installer


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>