Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

"ကရင် IDP တွေ ဒုက္ခသည်တွေက ဘယ်ကယ်တင်ရှင်ကို မျှော်ရမလဲမသိတော့ဘူး"

$
0
0

ဒီနေ့ ကျနော် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ အသိလူနာသွားကြည့်တယ်။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးတွေမရှိလို့၊ အစာသွင်းတဲ့ (နှာခေါင်းပိုက်) တွေမရှိလို့ ဆေးဆိုင်တွေမှာ သွားဝယ်ရတယ်။ ဆရာဝန်အသစ် လေးတွေကလည်းကျွမ်းကျင်မှုနည်း၊ စမ်းတဝါးဝါးနဲ့ကုနေသလိုခံစားရတယ်။ ဆေးဘက်ဆိုင်ရာ PhD ဘွဲ့ ရလို့ အထူးကုဆေးခန်းဖွင့်လည်း အနာနဲ့ဆေးလွဲပေးတာ အသိတွေကြုံရတယ်။ ခွဲစိတ်ခန်းဆရာဝန်ဆိုရင် ခွဲမှ ငွေသိန်းနဲ့ချီရမှာဆိုတော့ ခွဲဖို့အတွက်ဘဲ စိတ်ဝင်စားတယ်။ ကျနော်ကိုယ်တိုင် ကျောက်ကပ်ကျောက်တည်လို့ ဘိုကလေးမြို့နယ်ဆေးရုံကြီးမှာ တက်ကုခဲ့တယ်။ ကျနော့်ကို ခွဲမယ့်လူနာအခန်းထဲ ပို့ထားခံရတယ်။ ကျနော်က ဆရာမတွေကို ပြောပြတယ်၊ မခွဲဘူး၊ ဆေးထိုးဆေးသောက်ဘဲ ကုမယ်လို့ ပြောလိုက်တယ်။ မခွဲဖို့ ကျနော် အတင်းငြင်းလိုက်လို့ အခွဲမခံရဘူး။ ၃ ရက်တက်ကုတယ်။ ဆေးရုံဆင်းတော့ ဆေးရုံဆရာတွေပေးတဲ့ ဆေးတွေ ရယ်၊ တိုင်းရင်းဆေးရယ် ၂ လလောက်ဆွဲသောက်တယ်။ ကျောက်ကျသွားတယ်။

ကာကွယ်ဆေးတွေထိုးကြတယ်။ ကလေးတွေသေရတယ်။ တခါတလေ ပြည်သူ့ရင်သွေးတွေက အစမ်းသပ်ခံ တွေ ဖြစ်သွားရတယ်။

ဆေးရုံ အိမ်သာ ရေချိုးခန်းတွေ ညစ်ပတ်နေတုန်းဘဲ။ အရင်တုန်းကနဲ့စာရင် နဲနဲဘဲသန့်လာတယ်။ ဆေးရုံကြီး တွေမှာ သွေးလုံလောက်မှုမရှိ။

ဆေးရုံကြီးတွေမှာ လူနာတွေအပြည့်ဘဲ။ ဝရမ်ဒါ လူသွားလာတဲ့နေရာမှာလဲ လူနာအပြည့်ဘဲ။ ငှက်ဖျားရောဂါ သုတေသန ဓါတ်ခွဲခန်း မရှိ။ (ဥပမာ- ခြင်မွေးမြူသုတေသန) ရှိရင်လည်း ပညာရှင်လိုအပ်မှု၊ လျှပ်စစ်မီးလိုအပ်မှု များစွာလိုနေတယ်။ ငှက်ဖျားကာကွယ်ဆေး သိပ်မတိုးတော့ပါ။

ဘယ်ဆေးရုံမဆို လျှပ်စစ်မီးမလုံလောက်ပါ။ မီးစက်ကိုဘဲအားကိုးရတယ်။ ခရိုနီနဲ့ဖိုးလပြည့်တို့က ကလေး ဆေးရုံမှာ ကလေးတွေကို ကော်ပတ်အရုပ်တွေပေးပြီး အလှူဒါနလုပ်ကြတယ်။ အလှူလုပ်တာတောင် လွဲနေ တယ်။ မြို့နယ်ဆေးရုံကြီးတွေမှာ လျှပ်စစ်မလုံလောက်လို့ မီးစက်ဝယ်မောင်းပြီး ခွဲခန်းဝင်ရပါတယ်။ ကိုယ်တွေ့ပါ။

မြန်မာပြည်တပြည်လုံးမှာ ဓါတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းပညာရှင် ၁၀၀ ယောက်မရှိ။ ထိပ်တန်းကျွမ်းကျင် ပညာရှင် ၁၀ ယောက်မရှိ။ တောပိုင်းကတော့ ဆရာဝန်မပြောသေးဘူး၊ သူနာပြုတောင် လုံလောက်မှုမရှိ။ တောနယ်သို့ တာဝန်ထမ်းဆောင်သူ နည်းပါတယ်။ ရှိတဲ့ဗမာသူနာပြုတွေကလည်း လူနာကို ကောင်းမွန်စွာ မဆက်ဆံ တတ်။

သူနာပြုအောင်ဖို့ သိန်းဆယ်ဂဏန်းတွေပေးမှ အောင်တဲ့သူကများတော့ စေတနာဆိုတာမရှိတော့။ တိုင်းရင်း သားအချို့က ပညာတော်သော်လည်း အောင်ချင်တော့ သိန်းဆယ်ဂဏန်းတွေပေးရတယ်။

တောပိုင်းဆေးခန်းတွေက ဆောက်ထားတာဘဲရှိတယ်၊ လူမရှိဘူး။ သူနာပြုရှိရင် ဆေးခန်းကို အိမ်အဖြစ်နေပြီး ဆေးခန်းတဝက်၊ အိမ်တဝက် တာဝန်ထမ်းဆောင်ရတယ်။ ဆိုလိုချင်တာက သူနာပြုအတွက် ဝန်ထမ်းအိမ်မရှိ။

ကျေးရွာအုပ်စုတစုမှာ သူနာပြုဆရာမက ၂၀၁၅ အစိုးရတုန်းက သိန်း ၃၀ ဆေးဖိုးရတယ်။ အဲ့တာတွေက ဘာမီတွန်နဲ့ ပါရာ ဘဲဝေပေးနိုင်တဲ့ဘဝတွေပါ။ အံ့သြဖို့ကောင်းတာက ဆေးရုံတွေမှာ ဆေးမရှိဘူး၊ နှစ်ကုန်ရင် BPI ဆေးတွေ ရက်လွန်နေတဲ့ဆေးတွေ ဂိုထောင်ထဲမှာ တော်တော်များများကျန်နေတယ်။ AIDS ကိုမပြောဘူး၊ ဟိုးတုန်းကတည်းက ရှင်သန်နေတဲ့ငှက်ဖျားတောင် အပြတ်မရှင်းနိုင်၊ ဆေးမတိုးတဲ့ဘဝ ရောက်နေတယ်။

ရွာတွေမှာ အပ်ပုန်းတွေကို အားကိုးနေရသလို ရပ်ကွက်တွေမှာ စပ်ဆေးတွေကို အားကိုးနေရတယ်။ ကံဆိုးလို့ စပ်ဆေးမှာ ဒိတ်လွန်ဆေးနဲ့တိုးရင် ဘုရားဘဲတရမယ့်ဘဝတွေပါ။ ဒီကြားထဲ အချောင်သမား MLM တွေ၊ ဆေး သိန်းနဲ့ချီရောင်းတဲ့လူလိမ်တွေနဲ့ တိုးတာရှိသေးတယ်။

ဒီလိုအခြေအနေတွေမှာ ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းကို ဗမာပြည်ဘက်ပြန်ရွှေ့လာဖို့ ဦးအောင်မင်းတို့ခေတ်ကတည်းက ပြောနေခဲ့တာဟာ အင်မတန့်မိုက်မဲမှုပါဘဲ။ မယ်တော်ဆေးခန်းကပေးနေတဲ့ ဝန်ဆောင်မှုမျိုး ဗမာပြည်မှာ ဘယ်မြို့ဘယ်ရွာမှာများရှိလဲ ပြောကြည့်ပါ။ ရှိနေတဲ့အနိမ့်တွေကို အပြန့်အနှံ့ မြှင့်တင်ဖို့ ကြိုးစားရမယ့်အစား မြင့်ပြီးသားကို ဆွဲနှိမ့်ချင်တာ ဖြစ်နေတယ်။

ရေသန့်စင်တဲ့နည်း တိုင်းတာပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ပါ။ စီပွားရေးလုပ်သောသူတွေသာ သုံးကြ တယ်။ နာဂစ်ဒေသမှာ ယင်လုံအိမ်သာ ဘယ်လောက်ဘဲလှူလှူ၊ လူပိန်းတွေများတော့ ကနေ့အချိန်အထိ ယင်လုံအိမ်သာ မရှိသေး။

ဧရာဝတီတိုင်းဒေသမှာ ခဲဓါတ်ရှိသောရေများနေသလို အင်းစိန်မြို့နယ်မှာလည်း ခဲဓါတ်များသောရေ ရှိနေပါ တယ်။ ဘယ်လိုကာကွယ်မလဲဆိုတာကိုတောင် မဖြန့် ဖြူးပေးပါ၊ မသင်ကြားပေးပါ။ ဧရာဝတီတိုင်းမှာ အာဆင်းနစ်ဓာတ်များတဲ့ ရေလဲ ရှိတယ်။ ကရင်ပြည်နယ်ဆိုရင် ထုံးဓါတ်များတယ်။
နေရပ်ပြန်ရေး IDP ကိစ္စ၊ လက်ရှိမှာ ထားဝယ်ဒေသခံရွာသားတွေက ပြန်လာမယ့်သူတွေကို မြေမခွဲပေးချင်ဘူး၊ လက်မခံဘူး။

ကန်ထရိုက်ပေးဆောက်တဲ့ IDP အိမ်ယာတွေကို ဘယ်သူနေရဲလဲ။ အိမ်ယာတွေက ခိုင်ခံမှု ဘယ်နှနှစ် အာမခံနိုင်လဲ။ အလှူရှင်တွေတောင် စိတ်ပျက်သွားတဲ့အိမ်ယာတွေ ဘယ်သူနေမလဲ။ IDP အိမ်ယာတွေက တန်ဖိုးနည်းအိမ်ယာဆိုလားဘဲ။ ဒါပေမဲ့ စစ်ဘေးရှောင်တွေက ဝယ်နိုင်လား။ ပြည်တွင်းကလူတွေတောင် မဝယ်နိုင်ဘူး။

နောက် ၅ နှစ်ဆိုရင် ကရင်ပြည်နယ်မှာနေဖို့ မကောင်းတော့ဘူးထင်တယ်။ အခုကတည်းက တောင်တွေဖြိုနေ ကြပြီ။

အရက်တွေခွင့်ပြုထားပြီး Grand တံဆိပ်က ဈေးချိုတော့ လူတွေအသောက်များလာပြီး အရက်ကြောင်လာ ရောဂါရလာတာ အသက်ကတော့ ၃၀ ဝန်းကျင်တွေ မြောက်ဥက္ကလာဆေးရုံမှာ ပုံနေတာဘဲ။ အားအင်ရှိတဲ့ နိုင်ငံသားတွေ အရက်သမား ဆေးသမားဖြစ်လာတယ်။ ကရင်ပြည်နယ်မှာဆိုရင် ရွာတရွာမှာ ဆေးမသုံး မရောင်းတဲ့သူ ၁၀ ယောက်တောင်မရှိတော့ဘူး။
(ပြည်တွင်းမှ ကရင် CBO တဦးပေးပို့သည်)
ခွန်ဂါမဏိ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>