Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အရပ်သားအစိုးရလက်ထက်ပြောင်းလဲတော့မယ်လို့ကြွေးကြော်နေုကြပေမဲ့ဘာမှမပြောင်းလဲသေးပါ-

$
0
0

တစ်နေ့ကရန်ကုန်မှာ ULS ကုမ္ပဏီရဲ့annual dinner တက်ရောက်ခဲ့ပါတယ်--ULS ကုမ္ပဏီမှာဝန်ထမ်းအင်အားနည်းနည်း ပဲရှိပါတယ်--သို့သော်သူရဲ့အားသာချက်က team work ပါ--သူ့အပိုင်းနှင့်သူကျွမ်းကျင် ရာကိုလုပ်နိုင်စွမ်းရှိသူတွေစုပေါင်းထားပြီးအပေါ်က management ကညှိနှိုင်းပေါင်းစပ်ပေးခြင်းဖြင့် ရလဒ်တစ်ခုရအောင်ဆောင်ရွက်ပေးပါတယ်--သူပါဝင်လုပ်ဆောင်ရမဲ့အပိုင်းကိုကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင် တာကြောင့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေကြိုက်နှစ်သက်ကြပါတယ်--ဒါကြောင့်လည်းကြော်ငြာစရာတောင်မလိုပဲလုပ်ငန်းပရိုဂျက်တွေစဉ်ဆက်မပြတ်ရခဲ့ပါတယ်--

ကုန်သွယ်မှုလုပ်ငန်းတွေမှာ Trade in goods နဲ့ Trade in services ရှိပါတယ်--Trade In goods ကတော့ တည်ထောင်လုပ်ကိုင်သူများပါတယ်--Trade in services ကတော့ scope ကကျဉ်းပါတယ်-ပညာရှင်တွေပဲစိတ်ဝင်စားပါတယ်--လေရွှီးပြီးလူအထင်ကြီးအောင်ပွားတတ်ရင်ဝင်ငွေကောင်းနိုင်ပေမဲ့ အစိုးရမူဝါဒပြောင်းလဲမှုအလိုက်လုပ်ငန်း procedures တွေပြောင်းနိုင်တာကြောင့် အဆက်အသွယ်ရင်းနှီးမှုလည်းလိုပါတယ်--တကယ်စဉ်းစားကြည့်ရင်တော့ လုပ်ရတဲ့ workload နဲ့ ရတဲ့ income ကမတန်ပါဘူး--ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာရုံးတွေသွားတဲ့ အခါ "ပွဲစား"လိုလွယ်လွယ်နဲ့ခေါ်ဝေါ်သတ်မှတ်ခံရတာကိုတော့ နာ ကြပါတယ်-- business လုပ်ငန်းတစ်ခုရဲ့ formulation အပိုင်းကိုလုပ်ရတာဖြစ်လို့ professional ဆန်ပါတယ်--

business consultancy ကိုဇောင်းပေးလုပ်ချင်တာနဲ့ဒီလိုင်းကိုအားလုံးသဘောတူရွေးချယ်ခဲ့ပါ--management ပိုင်းမှာ စီးပွားကူးသန်းကထွက်လာတဲ့ senior officials တွေနဲ့စုဖွဲ့ထားတာကြောင့် စံ တစ်ခုသတ်မှတ်ခဲ့ပါတယ်--ဘာစံလဲဆိုတော့ မြန်မာမှာကုမ္ပဏီအဖွဲ့အစည်းတော်တော်များများဟာ စာရင်း ၂ ခုထားရှိပါတယ်--အမှန်စာရင်း နဲ့ make up လုပ်ထားတဲ့စာရင်းပါ--အမှန်စာရင်းကတော့ BOD meeting တွေမှာ ကုမ္ပဏီရဲ့ performance ကိုမှန်မှန်ကန်ကန်သုံးသပ်ပြီးရှေ့ မှာ ဘာလုပ်မယ်ဆိုတာ သုံးသပ်ဖေါ်ထုတ်ကြပါတယ်-- make up စာရင်းကတော့ အခွန်ဌာန ကိုတင်ပြဖို့ ဖြစ်ပါတယ်-- အခွန်ကဆရာတွေနဲ့ ညှိနှိုင်းပြီးအခွန်သက်သာအောင်လုပ်ကြတာပါ--ဘယ်လိုညှိကြသလဲဆိုတော့ နည်းမျိုးစုံနဲ့ပါ။ ULS ဟာစတင်တည်ထောင်စဉ်ကတည်းကဒီလိုစာရင်း ၂ ခုထားတဲ့ ကိစ္စကိုမနှစ်သက်လို့ဘဏ္ဍာနှစ်တိုင်းလိုလိုအမှန်စာရင်းပဲတင်ပြပါတယ်--

လူ၂ယောက်နဲ့စတင်တည်ထောင်ခဲ့တဲ့ ULS ဟာ ၇ နှစ်ပြည့်ခဲ့တဲ့အချိန် မှာ အထိုက်အလျောက်အောင်မြင်မှုများရရှိခဲ့ပေမဲ့ ယခုနှစ်ပိုင်းတွေမှာအမြတ်ဝင်ငွေကျဆင်းခဲ့ပါတယ်--၂၀၁၆ -၁၇ ဘဏ္ဏာနှစ်မှာ ULS ဝင်ငွေကျဆင်းခဲ့တယ်ဆိုတာကအစိုးရသစ်တက်လာပြီး ၃ လ နေမှMIC ကိုပြန်ဖွဲ စည့်းပါတယ် ။အောက်တိုဘာမှာရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ထွက်လာလို့  ဥပဒေဟောင်းနဲ့လုပ်ထားတာတွေ ၂၀၁၆ ဒီဇင်ဘာမှာအကုန်ဖြတ်ရပါတယ် ။ဥပဒေအသစ်ကလည်း ချက်ချင်းသုံးမရသေးပဲနည်းဥပဒေထွက် လာသည်အထိစောင့်နေရပါတယ်-- ၂၀၁၇ မတ်လကုန်လောက်ကျမှ နည်းဥပဒေကိုပြဌါန်းနိုင်ခဲ့လို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတစ်နှစ်လုံး စောင့်ကြည့် နေကြရတာနဲ့ ပဲအလုပ်တစ်ခုမှဖြစ်ဖြစ်မြောက်မြောက်မပြီးပဲဟိုဟာစောင့် ဒီဟာစောင့်နဲ့ဘဏ္ဍာနှစ်တစ်နှစ်လုံးအချိန်ကုန်သွားခဲ့ရပါတယ်။ကုမ္ပဏီအနေနဲ့ အရင်နှစ် ကလက်ကျန်အလုပ်တွေ ဆက်လုပ်ပေးခဲ့ရလို့သာ ဝင်ငွေအထိုက်အလျောက်ရခဲ့တာပါ။

ULS ကုမ္ပဏီအနေနဲ့ကျပ်ငွေထောင်နဲ့ချီဝင်ငွေရခဲ့တုံးကလည်း အမှန်အကန်စာရင်းများပြပြီးဝင်ငွေခွန် သိန်းရာနဲ့ချီပေးဆောင်ခဲ့ပါတယ် ။လုပ်ငန်းတူလုပ်ကိုင်နေတဲ့ကုမ္ပဏီအချို့ အနေနဲ့ဝင်ငွေခွန်ကို တစ်နှစ်မှ ကျပ် ၃ -၄ သိန်းသာပေးဆောင်ခဲ့ကြတာကိုသိနေပေမဲ့မိမိ တို့ချမှတ်ထားတဲ့ စံ အတိုင်းနှစ်စဉ်အမှန်အကန်စာရင်းများသာတင်ပြခဲ့ပါတယ်။ဝင်ငွေကို receipt တွေနဲ့တကွ အတိအကျသက်သေပြတဲ့အခါ"သူများလုပ်ငန်းတူတွေအနေနဲ့ မိမိတို့ယူတာထက်ပိုယူတယ်၊ ULS ကုမ္ပဏီက service fee ယူတာနည်းနေတယ်” ဆိုပြီး အကြံပြုသလိုလိုနဲ့ အစ်တာလည်းခံရပါသေးတယ်။ အခွန်မှူးတွေက တစ်နှစ်တစ်ယောက်ပြောင်းနေတော့ကုမ္ပဏီရဲ့ အတိတ်ကာလကဘယ် လိုဆောင်ရွက်ခဲ့ကြတာကိုသိပုံလည်းမပေါ်သလိုပြန်လှန်ကြည့်ပုံလည်းမရပါဘူး။နောက်ထူးခြားတာကအခွန်လုပ်ငန်း procedures တွေကိုကျေကျေညက်ညက်ရှိပုံမရပါဘူး။တစ်ယောက်က ရတယ်ပြောပေမဲ့ နောက်တစ်ယောက်ကြတော့ မရဘူးလို့ပြောပြန်ပါတယ်--

ULS အနေနဲ့ မှန်မှန်ကန်ကန်ပဲ စာရင်းတစ်ခုထဲထားပြီးအခွန်ဌာနကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်--ဝင်ငွေခွန်ကိုလည်း ကျေကျနပ်နပ်ကြီးဆောင်ခဲ့ပါတယ်--ယခုတင်ပြတဲ့ ဖြစ်စဉ်ဟာမြန်မာကုမ္ပဏီလောကမှာ မဆန်းလှသောဖြစ်စဉ်တစ်ခုပါ--ပြန်အယူခံဝင်ဖို့ အသနားခံဖို့ မဟုတ်ပါ။ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ဆိုတာ အခွန်ငွေကောက်ခံတဲ့ လုပ်ငန်း procedures တွေအပေါ်အများကြီးမူတည်ပါတယ်-- ကုမ္ပဏီတစ်ခုဟာဘဏ္ဍာ နှစ်တစ်ခုမှာအခွန်ငွေကိုပျော်ပျော်ကြီးပေးနိုင်ခဲ့ရင် အလွန်ပျော်ကြပါတယ်။ ဒါပေမဲ့ အခွန်ကောက်ခံတဲ့ ဌာန ကအခွန်ဆောင်တဲ့ ကုမ္ပဏီတွေ ကိုယုံကြည်မှုမရှိကြပါ။ သူတို့ လိမ်မှာ ပဲ--ရတဲ့နည်းနဲ့အခွန်သက်သာအောင်လုပ်မှာပဲ လိုမှတ်ယူကြပါတယ်-- မိမိကိုယ်သာအသိဆုံးဖြစ်ပါတယ်--လွန်ခဲ့သော ၅-၆ နှစ်က ဝင်ငွေခွန်ဆောင်ရတဲ့ ကိစ္စမှာပြဿနာကြီးကြီးကျယ်ကျယ်မရှိလှပါ--

၂၀၁၆ခုနှစ်ကဝင်ငွေခွန်တင်ပြတဲ့အခါတော့ဝင်ငွေကယခင်နှစ်တွေကလိုမဖြစ်ခဲ့တော့ပါ--ဒါလည်းလူတိုင်းသိနေတဲ့မဆန်းလှသောကိစ္စတွေပါ-- ရင်းနှီးမြုပ်နှံမှုများဝင်မလာသည့်အချိန်မှာULS ဝင်ငွေကျဆင်းသွားတာမဆန်းလှပါဘူး--ရင်းနှီးမြုပ်နှံမှုတွေတဖွဲဖွဲမစဲပဲဝင်ရောက်လာချိန်၌ ULS team ဟာထိုင်းသွားလိုက် မလေးရှားသွားလိုက်နှင့် work schedule အပြည့်လုပ်ရပါတယ်--clients တွေက MIC တင်ပြရန်အတွက်သူတို့ staff တွေအများအပြားရန်ကုန်လာမဲ့အစား ULS team က key persons တွေကိုခေါ်ယူတွက် ချက်စေခြင်းကစရိတ်လည်းသက်သာ အချိန်ကိုလည်း saved ဖြစ်စေပါတယ်--

အဲတော့ အတိုချုပ်ပြောရရင်ကုန်သွယ်လုပ်ငန်းခွန်ကို သိန်း ၉၀ ကျော် ပေးဆောင်ရမှာဖြစ်ပြီး အမြတ်ခွန်ကတော့ ၂ သိန်းနီးပါးဘဲပေးဆောင်ရမှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ် ။ ကုန်သွယ်လုပ်ငန်းခွန် တွက်ချက်တာမှာလည်း အမှန်ဝင်ငွေပေါ်မှာဘဲ မတွက်ချက်ဘဲ other income အနေနဲ့ပြထားတဲ့ saving account ကရတဲ့ ဘဏ်တိုးကိုပါ ဝင်ငွေထဲပေါင်းထည့်ပြီးတွက်လို့ တင်ပြချက်ထက် ပိုပေးရပါတယ် ။expense မှာ overhead cost တွေက လျော့လို့မရပါဘူး--ရုံးခန်းကလည်း ဆက်ငှားထားရပါတယ်--။ ပညာသည် ဝနိထမ်းတွေကလည်း ဖြုတ်ပစ်လို့မဖြစ်ပါဘူး ။ အနှစ်နှစ်အလလ လေ့ကျင့်မွေးထားရတာပါ ။ညာပြီးတင်ပြတဲ့စာရင်းတွေကို သူတို့တွက်ချင်သလိုတွက်တာ ပြောစရာမရှိပေမဲ့ အမှန်စာရင်းတင်သူတွေကို တွက် ချင်သလိုတွက်ပြီး တောင်းချင်သလောက်တောင်းတာကတော့ အတော်ဆိုးပါတယ် ။နိုင်ငံအတွက်အခွန်ဆောင်ချင်တဲ့ စေတနာကို ကုန်ခမ်းသွားစေပါတယ် ။

၂၀၁၆ ခုနှစ်အတွက်အခွန်ဌာနကိုတင်ပြတဲ့အခါ-အားလုံးသောစာရင်းတွေဟာအမှန်အကန်တွေဖြစ်ပါတယ်--ဝင်ငွေအပိုင်းတင်ပြတွက်ချက်မှုတွေကိုအခွန်ဌာနကလက် ခံခဲ့ပါတယ်--ဒါပေမဲ့ သုံးစွဲငွေအပိုင်းမှာတော့ အမှန်တကယ်သုံးစွဲခဲ့ပေမဲ့ ဒီခေါင်းစဉ်ကတော့ခွင့်မပြုနိုင်ဘူး--ဒီခေါင်းစဉ်ကတော့ လျှော့မယ်--စသည်ဖြင့်သူတို့နည်းသူတို့ဟန်နဲ့တွက်ချက်လိုက်တဲ့အခါ ULS ဟာဝင်ငွေခွန် သိန်း၅၀ကျော်ဆောင် ရမဲ့အနေအထားကိုရောက်သွားပါတော့တယ်--ULS ကစါရင်းကိုင်တွေကဘယ်လိုပဲအမှန်အကန်တင်ပြတင်ပြ အခွန်ဌာနရဲ့တွက်ချက်မှုက with holding tax 2% ကိုမရရအောင်တွက်ချက်တဲ့ ပုံစံမျိုးဖြစ်နေပါတယ်လို့သုံးသပ်မိပါတယ်--withholding tax 2% ဆိုတာကလည်းက မှားယွင်းနေတာပါ ။ ၂% ကြိုပေးထားပြီး အဲလောက်မမြတ်ရင် refund ပြန်တောင်း ခွင့်ရှိတယ်ဆိုတာ စာပေါ်မှာဘဲရှိပါတယ် ။ လက်တွေ့ မှာမရပါဘူး ။ သူတို့တွက်ချင်သလိုတွက်ပြီး တောင်းသလောက်ပေးလိုက်ရတဲ့ အနေအထားလို့ဆိုရပါတော့မယ်--entertainment expense ကိုလည်း expense အနေနဲ့နှုတ်ခွင့်မရှိပါဘူး။နိုင်ငံခြားသားတွေနဲ့ဆက်ဆံရတော့အထိုက်အလျောက်ဧည့်ခံစါးရိတ်ဆိုတာရှိပါတယ်--ဒါလည်းလက်မခံပါဘူး--

ULS management ကတော့ ၂၀၁၆-၂၀၁၇မှာ အမြတ်အနည်းငယ်ရှိပေမဲ့ အခွန်ဌာနရဲ့ တွက်ချက်မှုကြောင့် အရှုံးပေါ်ခဲ့တာကို မချင့်မရဲဖြစ် မိကြပါတယ်--service လုပ်ငန်းဆိုတာဝင်ငွေသောက်သောက်လဲရပြီးတစ်နှစ်တစ်နှစ်မှာကျပ်ငွေေ ထာင်နဲ့ချီဝင်လာဖို့ဆိုတာဆယ့်ခတ်ရံမှတစ်ခါလောက်ပါ-- ထောင်နဲ့ချီဝင်ခဲ့တုံးကလည်းအမှန်အကန်စာရင်းများပြပြီးဝင်ငွေခွန်ပေးဆောင်ခဲ့ပါတယ် --အခွန်ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက်လောလောဆယ်ဖိစီးမှုတစ်ရပ်ဖြစ်နေလို့ social media မှာအော်နေကြတာလည်းအများအမြင်ပါ-- အရပ်သားအစိုးရလက်ထက်ပြောင်းလဲတော့မယ်လို့ကြွေးကြော်နေုကြပေမဲ့ဘာမှမပြောင်းလဲသေးပါ--ULS အဖြစ်ကမှန်မှန်ကန်ကန် စာရင်းတွေနဲ့ တင်ပြနေရာကနေ အများမိုးခါးရေသောက်နေကြသလိုစာရင်း၂ ခုထားရှိပြီး under table တွေနဲ့ ဝင်ထွက်ရတော့မလား ??အကျင့်ကောင်းနေတဲ့ ကုမ္ပဏီအဖွဲ့ အစည်းတွေကို အများမိုးခါးရေသောက်သလိုအကျင့်ပျက်လာအောင်တော့ယခု လို ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အစိုးရလက်ထက်မှာမှန်မှန်ကန်ကန်လုပ်နေသူတွေကိုစိတ်ပျက်အောင်မလုပ်မိဖို့ Facebook ကနေတင်ပြအော်ဟစ်လိုက်ပါတယ်--ခင်ဗျားတို့ take off position ရောက်အောင်ပျံတက်နေတဲ့ လေပျံကြီးပေါ်ကနေ ခုန်ချပြီး အများမိုးခါးရေသောက်ရတဲ့ အဖြစ်မျိုးတော့ မဖြစ်ချင်ဘူးဗျာ--
Myo Oo

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>