Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အနီရောင်သန်းမယ့် (တပို့တွဲလပြည့်နေ့) လ

$
0
0


--------------------------------------------------------
လာမယ့် ဇန်နဝါရီလ (၃၁) ရက်နေ့ (တပို့တွဲ လပြည့်နေ့) ညမှာတော့.. လ အပြည့်ကြတ်ခြင်း ဖြစ်စဉ်ဖြစ်ပေါ်မှာဖြစ်ပြီး လ မင်းဟာ သွေးရောင်ကဲ့သို့ အနီရောင်သန်းသွားတာကို ညဦးပိုင်းအချိန်မှာ မြန်မာနိုင်ငံမှ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ 

လ အပြည့်ကြတ်ချိန် (တနည်း) လ ငပုပ်ဖမ်းချိန်မှာ ဘာ့ကြောင့် လ ဟာ အနီရောင် ဖြစ်သွားရသလဲ..

ကမ္ဘာ နဲ့ လ ဟာ ကိုယ်ပိုင်အလင်းရောင်မရှိပဲနေမှလာသော အလင်းရောင်ကြောင့်သာ လင်းနေ (မြင်နေ) ရခြင်းဖြစ်ပါ
တယ်။ ငယ်စဉ်က အထွေထွေ သိပ္ပံဘာသာရပ်မှာ သင်ရ
ပါတယ်။ လ ဟာ ပတ်လမ်းကြောင်း ၅ ဒီဂရီခန့် တိမ်းစောင်း
ပြီး ကမ္ဘာကို ၂၇ ရက်လျှင် တစ်ပါတ်နှုန်းဖြင့် လှည့်ပတ်ပါ
တယ်။ နေရောင်ခြည် ကျရောက်ခြင်း နဲ့ လမင်းရောက်ရှိနေ
တဲ့ နေရာပေါ်မူတည်ပြီး လဆန်း၊ လပြည့်၊ လဆုတ်၊ လကွယ် ညများမှာ လကို ပုံသဏ္ဍာန်မတူ၊ အချိန်မတူပဲ တွေ့မြင်နေရ
တာပါ။ 

လ ကြတ်ခြင်းဟာ လပြည့်နေ့များ (တနည်း) နေ၊ ကမ္ဘာနဲ့ 
လ တို့ တတန်းတည်း ကျရောက်စဉ်မှာ ဖြစ်တတ်ပြီး 
ကမ္ဘာ့ရဲ့ အရိပ် ရှိတဲ့နေရာကို လ ဖြတ်သန်းသွားစဉ်မှာ လ ဟာ အနီရောင် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာလုံးရဲ့ အနားသတ် စက်ဝန်းကို ဖြတ်ကျော်လာတဲ့ နေရောင် (တနည်း) အလင်းယိုင်လာတဲ့ နေရောင်ခြည်ဟာ အနီရောင် သန်းနေလို့ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်အလင်းရောင် မရှိတဲ့ လ ဟာသူ့ပေါ်ကို ကျရောက်
တဲ့ အလင်းရောင်အတိုင်း အလင်းပြန်ခြင်း ဖြစ်ပေါ်ပါတယ်။ တနည်းအားဖြင့် လ ကို အနီရောင်အလင်းတန်းနဲ့ ထိုးကြည့်
လိုက်သလိုပါပဲ..

လာမယ့် တပို့တွဲလပြည့်နေ့မှာ စူပါမွန်းဖြစ်မှာဖြစ်ပြီး အနီရောင်သန်းတဲ့ လကြတ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မြင်တွေ့ရမှာပဲ ဖြစ်ပါတော့တယ်..။

(ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ခြင်း၊ ဒီရေတက်ခြင်း အစရှိတဲ့ သဘာဝ ဘေးအန္တရာယ်များ (Disasters) များ
ဟာ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ စူပါမွန်း ဆက်တိုက်
ဖြစ်ခြင်း နဲ့ ဂြိုဟ် နက္ခတ်ပူးခြင်းများ (တနည်း) ဆွဲအား ကမောက်ကမ ဖြစ်ခြင်းများ (Dis- Astronomy) နဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ )

သန့်ဦး (အာကာသနှင့် စကြဝဠာ)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>