Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရခိုင်​လူမျိုးတစ်​​ယောက်​ ဖြစ်​တဲ့ ​ ဒေါက်​တာ​ဌေးလိုင်​ ( ရူပ​ဗေဒ ) ရဲ့ သ​ဘောထားအမြင်​ပါ။

$
0
0

[][] ဗမာကျွန် ဆိုပဲ ။ [][]

ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်မိတယ်
တကယ်ပဲ ကျွန်ရုပ်ပေါက်နေပြီလား။

ကျနော်ရခိုင်တစ်ဦးပါ။၁၁/ ကို ကိုင်ဆောင်ပြီး တစ်နိုင်ငံလုံး
ဘယ်နားနေနေ ဘယ်နေရာသွားသွားအမှီအခိုကင်း ကိုယ့်ကြမ္မာ ကိုယ်
ဖန်တီးခွင့်ရနေတဲ့လွတ်လပ်အမှီအခိုကင်းIndependent ဖြစ်နေတဲ့ ရခိုင်တစ်ဦးပါ။

ကျနော် ဘယ်သူ့ကျွန်မှ မဟုတ်ဘူး။မွေးကတည်းက လွတ်လပ်တဲ့ လူသားတစ်ဦး
ကျနော့် မိဘတွေလည်းကျွန်တွေမဟုတ်ကြဘူး။
ဒီတော့ ကျနော်လည်း ကျွန်မဟုတ်ဘူး။။ကိုယ့်ကိုယ်ကို ကျွန်လို့
ဘယ်တုန်းကမှ မတွေးမိဘူး။သူတို့ပြောမှ ကျွန်လုံးလုံးဖြစ်ရတယ်။
မျိုးချစ်အမည်ခံ မျိုးနှစ်တွေကိုတောင်းပန်ပါတယ်။
ကိုယ့်လူမျိုးကို ကျွန် ကျွန် ဆိုပြီးဂုဏ် သိပ်မတင်ကြပါနဲ့တော့။

၂၁ရာစုမှာနေပြီး ၁၈ရာစုကို တမ်းတသက်ဦးဆံပိုင်ဘုရင်စနစ်ကို လွမ်းပြနေတာကို နိုင်ငံရေးလုပ်တယ်လို့ ထင်နေကြတဲ့သူတွေကြောင့် ခက်နေတာဒီလိုလူတွေကြောင့် အမုန်းတရားကိုသာ
ကြီးထွားလာစေတယ်။
ကိုယ့်ဒေသ တိုးတက်ရာတိုးတက်ကြောင်းကို မပြောဘဲ အမုန်းတရားမှိုင်းတွေနဲ့ ၂၁ရာစုကို ဘယ်လိုရင်ဆိုင်မလဲ။ကျေးဇူးပြုပြီး၂၁ရာစုလူငယ်တွေကို၂၁ရာစုအကြောင်းပဲ ပြောပေးကြပါ။

ပြောကြစတမ်းဆို
ကျွန်ပြုတဲ့ခေတ်က သခင်တွေကကျွန်မျိုးကို တန်းတူထားလို့လား။
ရခိုင်ကသာ ဗမာကျွန်ဆိုရင်အကယ်ဒမီနေတိုးဆိုတာဖြစ်လာပါ့မလား။
အကယ်ဒမီခန့်စည်သူဖြစ်လာပါ့မလား။
အဆိုတော်သားငယ်ဆိုတာကောဖြစ်လာမလား။
မင်းသားနေထက်လင်းလည်းမရှိတော့ဘူး။
ရတနာမိုင်လည်း မရှိတော့ဘူးဦးစံသာအောင်လည်း
ပါမောက္ခမဖြစ်တော့ဘူး။
ဒေါက်တာဖေမြင့်လည်းပြည်ထောင်စုဝန်ကြီးမဖြစ်တော့ဘူး။
ဦးအောင်လှထွန်းလည်းဒုဝန်ကြီးမဖြစ်တော့ဘူး။
.....................။

ရခိုင်ညီအစ်ကိုအပေါင်းတို့
ကိုယ့်ကိုယ်ကို ကျွန်အဖြစ်ဇွတ်သတ်မှတ်ခိုင်းနေတဲ့သူတွေစကားကို
နားမယောင်ကြပါနဲ့။
ကိုယ့်ဖြစ်တည်မှုကို လျှော့ချမပစ်ကြပါနဲ့။
ကျွန်တော်တို့ရခိုင်လူမျိုးတွေဟာဘယ်သူ့ကျွန်မှ မဟုတ်ပါဘူး။
ပြည်ထောင်စုသားတွေအချင်းချင်းပါအားလုံးတန်းတူတွေပါ။

ကျနော်တို့တတွေဖက်ဒရယ်ပြည်ထောင်စုကိုငတ်မွတ်တယ်။
ဒီမိုကရေစီလမ်းစဉ်နောက်လိုက်ပြီးပြည်ထောင်စုကြီးအကျိုးကို
မျှော်ကိုးနေသူတွေဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို
အကောင်အထည်ဖော်နေတဲ့ အစိုးရကိုထောက်ခံနေသူတွေတစ်နိုင်ငံလုံးတိုးတက်လာရင်
ရခိုင်ပြည်နယ်လည်းအလိုက်သင့် တိုးတက်လာမှာပဲ။
ကျွဲကူးရေပါဆိုတဲ့စကားအတိုင်းပေါ့။
မေယုဒေသကိုသွားကြည့်ကြပါ။ဦးစားပေးအဆင့်တစ်သတ်မှတ်ပြီး
ဖွံ့ဖြိုးမှုအရှိုန်မြှင့်နေပြီ။

တစ်နိုင်ငံလုံးအတွက်တကယ်လိုနေခဲ့တာကဒီမိုကရေစီအစိုးရကောင်းတစ်ရပ်
အခု အစိုးရကောင်းတစ်ရပ်ရထားပြီ။စတင်ပြောင်းလဲနေပါပြီ။
ကြည့်တတ်ရင်မြင်ပါလိမ့်မယ်ခဏတော့စောင့်ပေးကြပါ။

ထပ်ပြောပါရစေ။ခေတ်အဆက်ဆက်နိုင်ငံကိုချယ်လှယ်ခဲ့တဲ့
အာဏာရှင်အစိုးရနဲ့ ဗမာလူမျိုးကိုအတူတူလို့ မသတ်မှတ်ကြပါနဲ့။
သတ်သတ်စီပါအာဏာရှင်တွေရဲ့ဒဏ်တွေကိုခံစားခဲ့ကြရတာ ဗမာလူမျိုးတွေက
ပိုတောင်ဆိုးပါသေးတယ်။ခံရတာ တစ်နိုင်ငံလုံးပါပဲ။ရခိုင်အရေးတွေမှာ
ဗမာလူမျိုးအပါအဝင်တိုင်းရင်းသားအားလုံးဝိုင်းကူပေးကြတာတွေကို
မြင်အောင်ကြည့်ကြပါ။

ပြည်ထောင်စုညီအစ်ကိုတွေကိုလည်းပြောချင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကိုလိုလားမက်မောနေကြတဲ့ရခိုင်လူမျိုးတွေ အများကြီးရှိပါတယ်။
တချို့တွေရဲ့လုပ်ရပ်ကိုကြည့်ပြီးအထင်မလွဲကြပါနဲ့လို့။

အားလုံးကိုလေးစားပါတယ်.....

ဒေါက်တာဌေးလှိုင်(ရူပဗေဒ)
18.1.2018 ။ ရန်ကုန်မြို့။

(မေတ္တာရပ်ခံချက်။ Facebook ပေါ်မှာ
ရိုင်းပျတဲ့ comment တွေ ရေးပြီး
ကိုယ့်ရခိုင်လူမျိုးတွေကို ရိုင်းတဲ့လူမျိုးအဖြစ်
ပုံမဖော်မိကြပါစေနဲ့။)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>