Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အသစ်ဖွင့်တဲ့ဆိုင်

$
0
0

"ငအွပ်တ်"

"ဘာလဲ"

"ဟိုဖက်လမ်းမှာ လက်ဖက်ရည်ဆိုင် အသစ်ဖွင့်တယ်တဲ့။ စာပွဲထိုးတွေ စကားပြောတာ မိုက်မှမိုက်ပဲ"

"ဟုတ်လား … သွားစားကြည့်အုံးမှပဲ"

မျက်နှာသစ်ပြီးတာနဲ့ အသစ်ဖွင့်တဲ့ဆိုင်ကို လစ်ထွက်ခဲ့တာပေါ့ …
.
.
.
ဆိုင်ထဲဝင်ဝင်ချင်း.......

"!!!!နှပ်ရည်ကျရင်ပြောဟေ့!!! သောက်ဖို့စောင့်နေကြပြီ!!!"

ဖွီး! လာလာချင်းဆောက်နဲ့ ထွင်းတာလားဟ ! တော်ပြီ လက်ဖက်ရည်တော့ မသောက်တော့ဘူး . . .!

"အစ်ကို ဘာစားမလဲ ?ဘာသောက်မလဲ ?"

"ဘာရလဲ"

"ဟိုမှာ ကပ်ထားပါတယ်"

ကျနော် ဗွီနိုင်းနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကြည့်နေတုန်း စားပွဲထိုးလေးက …

"ဆိုင်နာမည် နဲ့ ယနေ့ ဆိုတာကလွဲပြီး အကုန်ရတယ် အစ်ကို"

ငင့်......!!
မှာရမှာတောင် လန့်လာပြီ ပြောပုံကိုက…

"အေး...တိုဟူးနွေး တစ်ပွဲပေးကွာ ! ခေါက်ဆွဲကို ပျော့ပျော့လေးပြုတ်ပေး"

!!!"နွေးတစ်ပွဲ အဖတ်ပြဲမယ်!!!.

ငင့်… ခေါက်ဆွဲလေးတောင်ထည့်မပြောဘူး…။

.
.
ဝုန်း !!!!

"အမလေးဟ!!"

တိုဟူးနွေးပန်းကန်ကို သူ့အိမ်မှာ ထမင်းစားလာလို့ မကြိုက်တဲ့ပုံစံနဲ့ လာချပေးတာဗျ လန့်တောင်လန့်တယ် ချပေးပြီးတာနဲ့ ခြေထောက်တစ်ဖက်ကို ပန်ကာလိုလှည့်ပြီး ထွက်သွားတာဗျ …။

"ရှစ်ပ်...ရှစ်ပ်..ညီလေး ငရုပ်သီး ချပေးအုံး"

"ဟျောင် !!!အာလူး ဒီဝိုင်းကို ဝင်ပူထွက်ပူ ချပေးလိုက်အုံး"

ဟမ့်...
သူတို့လုပ်ပုံနဲ့ဆို ဘာမှ မမှာရဲအောင်ပဲ ငရုပ်သီးတောင် မစားချင်တော့ဘူး . .။

တိုဟူးနွေးစားရင် အီကြာကွေးလေးနဲ့မှ လိုက်တာဗျ ဒါနဲ့ပဲ ငရုပ်သီးလာချပေးတဲ့ ကောင်လေးကို

"ညီလေး ကြာကွေး တစ်ချောင်းကို ကပ်ကြေးနဲ့ညှပ်ပေး"

!!!"ဒီဝိုင်းက ဂွေးတစ်ချောင်းထဲ ကပ်ကြေးနဲ့ကိုက် တစ်ပွဲချမယ်ဟေ့!!!"

ဟာ...ဘာလားဟ
.
.
.
စားပြီးတာနဲ့ ဆိုင်ထဲရှိတဲ့ ခပ်ငယ်ငယ်ကောင်လေးကို လက်ယက်ပြီးခေါ်လိုက်တယ် ကျန်တဲ့လူတွေနားမှာလိုက်ရင် §တလွဲပဲ ကြားနေရလို့

"ရှစ်ပ်~~ညီလေး"

"ဘာလိုသေးလဲ . .အစ်ကို ဘရားသား တာကော ဟျောင့် ဒါကြူး"

ငှယ် ဒီကောင်က ပိုဆိုးနေမလားဟ
ခေါ်ပြီးလက်စနဲ့ပဲ....

"နွားနို့တစ်ခွက် ချိုချိုလေး"

"!!!!နို့မပြတ်သေးပဲ နို့ကြိုက်တဲ့ အစ်ကိုအတွက် နို့ချိုလပြစ်တစ်ခွက်ဟေ့!!!"

အန် !! သေစမ်းဟ သူ့ခေါ်မိမှပဲ ပိုဆိုးနေတယ်
.
.
.
"ဟာ..ဟာ..ကုန်ပါပြီဟ..."

ကျနော်မှာတဲ့ နွားနို့ကို လာချခိုင်းတဲ့ကောင်လေးက ငယ်ငယ်လေး ......
တုန်တုန်နဲ့ ကျနော့ဝိုင်းမရောက်ခင် လမ်းမှာတင် အောက်ခံပန်းကန်ပြားထဲ ဖိတ်တာနဲ့ အပြင်ကိုဖိတ်တာနဲ့ပဲ ကုန်တော့မှာ

"အင့်! ရောက်ပြီ"

ဟင်.!!!..
ကျနော့စားပွဲနားရောက်တော့ နွားနို့က တစ်ဝက်ပဲ ကျန်တော့တယ်ဗျ နဂိုကမှ နွားနို့ခွက်က ၂လက်မလောက်ပဲရှိတာ သူလုပ်တာနဲ့ ကုန်ပြီ
ကောင်လေးက အရမ်းငယ်တော့ မပြောရက်လို့ မပြောတော့ဘူး ဒါပေမဲ့ ကျနော် စထိုင်ကည်းက ရေနွေးခွက်နဲ့ ရေနွေးအိုးကို မချပေးသေးတော့

"ညီလေး..ရေနွေးခွက်နဲ့ ရေနွေးဓာတ်ဘူးလဲ ချပေးအုံး"

"ဟေ့ !!!!!ဒီက အစ်ကိုဝိုင်းကို ဘာလို့ အလကားရည် မချပေးတာလဲ အလကားလူများမှတ်နေလား!!"

ဟိုက်စကိုက်
ဒီတိုင်းဆို ဆက်ထိုင်ဖို့ မဖြစ်တော့မှန်းသိတာနဲ့

"ညီလေး ရှင်းမယ်ကွာ …ဘယ်လောက်ကျလဲ"

အဲ့ကလေးပြောလိုက်မှ ကျနော် ငိုရမလိုရယ်ရမလို ဖြစ်သွားတယ်ဗျ
.
.
.
ဘာတဲ့....

"!!!!!ဒီဝိုင်းကို အလကားရည် မချတော့နဲ့ !!!အလကားလူမဟုတ်ဘူး ပိုက်ဆံရှင်းပြီ!!!!"တဲ့ဗျာ …။

Original by ###အွပ် တ်
#credit(ခွက်ဒစ်)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>