Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ခရီးသည်ထံမှ လက်ဝတ်ရတနာတန်ဖိုး စုစုပေါင်း ငွေကျပ်(၁၈၁၃၃၇၅၀)ကို ယူဆောင် ထွက်ပြေးသွားသူ အငှားယာဉ်မောင်းအား ဖမ်းဆီးမိ

$
0
0


အငှားယာဉ်မောင်းမှ ခရီးသည်၏ ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ ထည့်ထားသည့်အိတ်အား ယူဆောင် မောင်းနှင်သွားသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ဖမ်းဆီး
ရန်ကုန်၊ ဇန်န၀ါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နေ ဒေါ်တိုးကြည်သည် မောင်နှင့် ညီမဖြစ်သူတို့နှင့်အတူ ဇန်န၀ါရီလ ၁၉ ရက်နေ့ က ရန်ကုန်မြို့ တော်ခန်းမရှေ့ ကနေ သာကေတမြို့နယ်၊ ကန်သာယာလမ်းနေ အဒေါ်ဖြစ်သူ နေအိမ်သို့ အငှားယာဉ် အမှတ် AA- 5001 ယာဉ်အား ငှားစီးလာရာ အိမ်အရောက်မှာ လူတွေဆင်းပြီး အိပ်မချပေးပဲ ကားမောင်းပြေးသွားကြောင်း သိရပါသည်။

အဆိုပါ အငှားယာဉ်အမှတ် AA- 5001 ပေါ်တွင် ပါသွားသည့် အိပ်မှာ ရွှေဆွဲကြိုး(၂၉)ကုံး၊ ရွှေလက်စွပ် (၁၇)ကွင်း၊ ရွှေဆွဲပြား (၃၈)ခု၊ ရွှေနားကပ်(၁၅)ရံ၊ လက်ဝတ်ရတနာတန်ဖိုး စုစုပေါင်း  ငွေကျပ်(၁၈၁၃၃၇၅၀)ကိုယူဆောင် ထွက်ပြေးသွားသူ အငှားယာဉ်မောင်းအား ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂း၅၅ အချိန်တွင် ဖမ်းဆီးရမိကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ ၁၈.၁.၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နေ ဒေါ်တိုးကြည်သည် မောင်နှင့် ညီမဖြစ်သူတို့နှင့်အတူ ရန်ကုန်မြို့သို့ Famous Express ခရီးသည်တင်ယာဉ်ဖြင့် ထွက်လာခဲ့ကြရာ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ၁၉.၁.၂၀၁၈ ရက်နေ့ နံနက် ၄နာရီခွဲအချိန်တွင်ရောက်ရှိခဲ့ပြီး ၎င်းဂိတ်မှ မြို့တွင်းသို့ ကြိုပို့ယာဉ်ဖြင့် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ မှတ်တိုင်သို့ရောက်ရှိခဲ့ပြီးနောက်သာကေတမြို့နယ်ရှိ အဒေါ်ဖြစ်သူ၏
နေအိမ်သို့သွားရောက်ရန် အငှားယာဉ်တစ်စီးအားငွေကျပ် ၄၅၀၀ ဖြင့် ငှားရမ်းခဲ့ပြီးပစ္စည်းများ တင်ဆောင်ပြီး ၎င်းမှယာဉ်၏ ရှေ့ခန်းတွင်ထိုင်၍ မောင်နှင့်ညီမတို့ကလက်ဝတ် ရတနာများပါရှိသော အိတ်နှင့်အတူ ယာဉ်၏နောက်ခန်းတွင်ထိုင်လျက်လိုက်ပါစီးနင်းလာခဲ့ရာ နံနက် ၅ နာရီ
အချိန်ခန့်တွင် သာကေတမြို့နယ်ရှိ နေအိမ်သို့ရောက်ရှိလာပြီး ခရီးဆောင်အိတ်များအားချနေစဉ် ယာဉ်မောင်း ဖြစ်သူမှ ယာဉ်အားမောင်းနှင်ထွက်ပြေးသွားရာ လက်ဝတ်ရတနာများပါရှိသောအိတ်မှာ ယာဉ်ပေါ်၌ပါသွား ခဲ့သဖြင့် ယာဉ်နောက်သို့ပြေးလိုက်ရာ အဆိုပါ ယာဉ်မောင်းမှ မရပ်ဘဲဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်ပေါ်၌ပါသွားသော လက်ဝတ်ရတနာတန်ဖိုးစုစုပေါင်းငွေကျပ်(၁၈၁၃၃၇၅၀)ကိုယူဆောင် ထွက်ပြေးသွားသူ AA- 5001 ယာဉ်မောင်းဖြစ်သူအား အရေးယူပေးရန်တိုင်တန်းချက်အရ ကျောက်တံတား မြို့မရဲစခန်း (ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အငှားယာဉ် အမှတ် AA-5001 ယာဉ်နှင့်ပတ်သက်၍ စုံစမ်းရာ ယာဉ်ပိုင်ရှင်မှာ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်နေသူဖြစ်ကြောင်း သိရှိရသဖြင့် အတည် ပြုစုံစမ်းရာ အဆိုပါယာဉ်အား သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ စိန်ရတနာ (၃)လမ်းနေ သိန်းထွဋ်၊ (၄၈)နှစ်မှ ငှားရမ်းမောင်းနှင်ကြောင်း စုံစမ်းသိရှိရ၍ အဆိုပါနေအိမ်သို့ ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် သိန်းထွဋ်အား ၂၁.၁.၂၀၁၈ရက်နေ့ နေ့လယ် ၁၂း၅၅အချိန်တွင် ၎င်းနေထိုင်ရာရပ်ကွက်ရှိ စိန်ရတနာ လမ်းမပေါ်၌ ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သိန်းထွဋ်အားစစ်ဆေးရာ ၁၉.၁.၂၀၁၈ ရက်နေ့ နံနက် ၀၄း၂၀ အချိန်ခန့်တွင် မြို့တော်ခန်းမ ရှေ့၌ ကားဂိတ်ထိုးပြီး ခရီးသည်စောင့်နေစဉ် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှ သာကေတမြို့နယ်၊ ကန်သာယာလမ်းသို့ငှားရမ်းသဖြင့်လိုက်ပို့ပေးခဲ့ကြောင်း၊ နေအိမ်အရောက်၌ ကားနောက်ဖုံးအတွင်းမှ ခရီး ဆောင်ပစ္စည်းများချနေစဉ် ယာဉ်၏နောက်ခန်း၌ အိတ်အနက်ရောင်တစ်လုံးကျန်နေကို သိရှိသော်လည်း ၎င်းမှကားအားမောင်းနှင်ထွက်ခဲ့ကြောင်း၊ ကမာကြည် တံတားပေါ်အရောက်တွင် အဆိုပါအိတ်အားဖွင့်ကြည့်ရာ ရွှေထည် လက်ဝတ်ရတနာပစ္စည်းများဖြစ်နေကြောင်းနှင့် ၎င်းပစ္စည်းများအားယူပြီး အိတ်အခွံအား ငမိုးရိပ်ချောင်းအတွင်းလွင့်ပစ်ခဲ့ကာ နေအိမ်သို့ပြန် လာခဲ့ကြောင်း၊ နေအိမ်အရောက်တွင် ရွှေထည်ပစ္စည်းများအား ဧည့်ခန်း အတွင်းရှိ Water Cooler ရေထည့်သည့်အံဖုံး အတွင်း ၀ှက်သိမ်းထားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ ၎င်းဝှက်သိမ်းထားသည့်နေရာအား လိုက်လံပြသသဖြင့် သက်သေခံပစ္စည်းရွှေထည်များကို သိမ်းဆည်းခဲ့ရာ ရွှေဆွဲကြိုး(၂၉)ကုံး၊ ရွှေလက်စွပ် (၁၇)ကွင်း၊ ရွှေဆွဲပြား (၃၈)ခု၊ ရွှေနားကပ်(၁၅)ရံတို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>