Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

“တိုင်ပတ်တဲ့ မေးခွန်းနဲ့ အဖြေမျိုး လွှတ်တော်မှာ မလိုလားဘူး” လို့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် ပြောကြား

$
0
0

လွှတ်တော်မှာ မေးခွန်းနဲ့အဖြေတွေဖြေကြားရာမှာ တိုင်ပတ်တဲ့ အမေးအဖြေတွေ မလိုလားတဲ့အကြောင်းနဲ့ တိတိကျကျဖြေကြားကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

“လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသအခြေအနေတွေ မေးခွန်းမေးတဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ်ဘက်က ထိထိမိမိ မေးဖို့ လိုအပ်သလို လာရောက်ဖြေကြားတဲ့ အဖွဲ့အစည်းတွေကလည်း လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ပြည်နယ်၊ တိုင်းတွေက ပယ်ဖျက်ပေးဖို့ အစီအစဉ်မရှိပါဘူး ဆိုပေမယ့်လို့ ဘာကြောင့် မရှိတာလဲ၊ သူများပြည်နယ်၊ တိုင်းက လျှော့နိုင်တယ်၊ ကိုယ့်ပြည်နယ်၊ တိုင်းက မပယ်ဖျက်နိုင်ဘူး။ ဘာကြောင့် မပယ်ဖျက်နိုင်တာလဲ၊ ဘယ်လိုအခြေအနေတွေ ရှိနေလဲ။ ဒီလို ကျိုးကြောင်းပြတွေ ပါဝင်ရမယ်။ ဒီလို ကျိုးကြောင်းပြ မပါဘဲနဲ့ ကျနော်တို့ ဒီလို ပယ်ဖျက်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်နယ်၊ တိုင်းတွေက ဒီလိုပဲ ဖြေပါတယ်ဆိုပြီးတော့ လွှတ်တော်မှာ မရေရာ မသေချာသော လာဖြေဖို့ မသင့်ပါဘူး။ အဲဒီလိုဖြေလို့ရတယ်ဆိုရင် ကျနော်တို့ကို ဖြေကြားဖို့အသင့်မဖြစ်သေးဘူးလို့ ပြောထားရင်လည်း ဒီမေးခွန်းပေါ်မှာမို့လို့၊ ဖြေကြားရန်အသင့်ဖြစ်ပြီးလို့ ပြောထားလို့ ဒီမေးခွန်းကို ကျနော်တို့ ခေါ်ရတာ။ ဒါကြောင့်မို့ ဖြေကြားရန်အသင့်ဖြစ်တယ်ဆိုရင် လာဖြေတဲ့အခါမှာ ထိရောက်မှုရှိအောင်၊ သက်ရောက်မှုရှိအောင် ပြည်နယ်၊ တိုင်းတွေက ပို့တဲ့ အချက်အလက်တွေပေါ်မှာ နောက်ဆုံး ပြည်ထောင်စုအစိုးရကို ပို့၊ ပို့ဖို့လိုတယ်ဆိုရင်လည်း ပြည်ထောင်စုအစိုးရကနေပို့ ကိုယ့်ဘာသာ ပို့ရမှာ။ လွှတ်တော်က ပို့ရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာပို့ပြီး အဲဒီကနေ ဖြေကြားတဲ့သဘောထားကို ရပြီးမှ လွှတ်တော်ကို ဖြေဖို့ကောင်းတယ်။ ဒီလိုသာဖြေမယ်ဆိုရင် ဗန်းစကားပြောသလို မေးခွန်းနဲ့ အဖြေက တိုင်ပတ်နေပြီ။ တိုင်ပတ်တဲ့ မေးခွန်းနဲ့ အဖြေမျိုးတော့ လွှတ်တော်မှာ မလိုလားပါဘူး။ တိကျတဲ့အဖြေမျိုးပဲ လိုချင်ပါတယ်။ မဖယ်ပေးနိုင်ဘူး၊ ဘာကြောင့် မဖယ်ပေးနိုင်လဲ။ အကျိုးနဲ့ အကြောင်းနဲ့၊ ကိုယ့်တိုင်းနဲ့ ကိုယ်ပြည်နယ်နဲ့ ဘယ်လိုအခြေအနေ ရှိလဲ။ တခြားပြည်နယ်၊ တိုင်းတွေက ဘာကြောင့် ပယ်ဖျက်ပေးနိုင်လဲ၊ ဘယ်လိုအခြေအနေတွေ ရှိလဲ။ ဒါမှမဟုတ်ရင်လည်း ပြည်ထောင်စုအစိုးရ သဘောထားက ဘယ်လိုရှိလဲ။ အခုက ပြည်နယ်၊ တိုင်း ကိုယ်စား ဖြေတာ မှန်တယ်။ ပြည်နယ်၊ တိုင်း ကိုယ်စား ဖြေရမယ့် တာဝန်ရှိလို့လည်း လာဖြေတယ်။ တာဝန်ရှိလို့ လာဖြေမယ်ဆိုရင် ကိုယ့်ရဲ့အဖြေကိုတော့ ပြည့်ပြည့်စုံစုံနဲ့ လွှတ်တော်မှာ လူကြားကောင်းအောင်ဖြစ်စေချင်တယ်။”
Credit. DVB News

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...