Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒေါ်အောင်ဆန်းစုကြည်ကို ပူးသတ်နေကြပြီလား

$
0
0

မြတ်လှိုင်း
ဇန်နဝါရီ ၂၃ ၂၀၁၈

၂၀၁၄ ခုနှစ်ကကျွန်တော်တို့သူငယ်ချင်းတွေဆိုင်တစ်ဆိုင်မှာထိုင်စကားပြောရင်း နိုင်ငံရေးအကြောင်းကို ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူတို့က လက်ရှိအင်အယ်ဒီဗဟိုကော်မတီဝင်တွေပါ။ ကျွန်တော်က အရင် ၉၀ ခုနှစ်အထိအင်အယ်ဒီမှာတာဝန်ယူခဲ့ပြီး ၉၁ ခုနှစ်မှာ ပုဒ်မ ၅ ညနဲ့ ထောင်ကျ သွားခဲ့တယ်။

ထောင်ထဲကထွက်လာပြီး နောက်ပိုင်းနိုင်ငံရေးနယ်ထဲကိုပြန်ဝင်တော့10D နိုင်ငံရေးအုပ်စုထဲမှာ ပြန်လှုပ်ရှား ဖြစ်တယ်။၂၀၁၃ ရှစ် လေးလုံးငွေရတုကျင်းပပြီးချိန်မှာ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်အကောင်အထည် ဖော်ဆောင်ရေး ဦးဆောင်အဖွဲ့ဝင်အနေနဲ့တာဝန်ယူနေတဲ့အချိန်ပေါ့။ နောက် 10D နိုင်ငံရေးအင်အားစုတွေ က လက်ရှိနိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားနေကြတဲ့သူတွေ အများကြီးပါပဲ။ အဲဒီ10D နိုင်ငံရေး အင်အားစုထဲမှာ ကိုကိုကြီး၊ ကိုကိုကြီး(စမ်းချောင်း)၊ အံ့ဘွယ်ကျော်တို့က ၈၈ငြိမ်းပွင့်မှာ၊ ဇေယျ(ကုလားမ) ၊ မျိုးမြင့်တို့က လူ့ဘောင်သစ်ပါတီမှာ၊ တိုးဝင်း၊ သက်နိုင်ဦး၊ စန်းမြိုင်(သားလေး)၊ အောင်မျိုးဆန်းတို့က အင်အယ်ဒီမှာ အသီးသီးလှုပ်ရှားနေကြတယ်။ 10D ကလူတွေ များပါတယ်။ အဲဒီမှာအကုန်ဆုံနိုင်ဖို့ဆိုတာ ကလည်း ခက်တယ်။ 10D အနေနဲ့အမြဲလှုပ်ရှားမှုတွေလုပ်နိုင်အောင် 10D နိုင်ငံရေးအင်အားစုထဲက နိုင်ငံ ရေး ပလက်ဖောင်းတခုအနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ကိုဖွဲ့ခဲ့တယ်။ ကျွန်တော်လည်း အဖွဲ့ကို ဦးဆောင်သူတယောက်အဖြစ်ပါခဲ့တယ်။ ဒါတွေ ပြောပြနေတာက အတူတွဲနေတဲ့သူငယ်ချင်းတွေက သူ တို့နဲ့ပြန်လှုပ်ရှားဖို့ဆိုပြီးပြောနေကြလို့ပါ။ သူတို့ကအဲဒီအချိန်မှာအင်အယ်ဒီဗဟိုကော်မတီဝင်တွေ။ ကျွန်တော့်ကိုပြန်ဆွဲခေါ်နေတာကလည်း အင်အယ်ဒီမှာပြန်ပါဖို့ပြောနေတာပါ။

ကျွန်တော်တို့ပြောဆိုဆွေးနွေးကြရင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြောင်းကိုရောက်သွားခဲ့တယ်။၂၀၁၅ ရွေး ကောက်ပွဲမှာ တကယ်လို့အင်အယ်ဒီ အနိုင်ရခဲ့ရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့ရတော့မယ်။ အင်အယ်ဒီ မှာ အမာခံလူဟောင်းလူကောင်းတွေလိုနေတယ်ပေါ့၊ အခုအချိန်မှာ ရွေး ကောက်ပွဲအနိုင်ရလို့ အာဏာလွှဲ ပေးရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာလူကောင်းတွေမရှိအောင် စစ်အာဏာရှင်တွေကလုပ်ပြီးမှလွှဲ ပေးမှာပဲ၊ ခပ်ရိုင်းရိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အင်အယ်ဒီမှာ ဂျို(ချို)ကျိုးနားရွက်ပဲ့တွေချည်းပဲ ကျန်နေအောင် နည်းအမျိုးမျိုးနဲ့လုပ်ပြီးမှအာဏာလွှဲ ပေးမယ်ပေါ့။ အဲဒီတော့အင်အယ်ဒီစဖွဲ့ကတည်းက ပါ ဝင်လှုပ်ရှားခဲ့တဲ့လူတွေပြန်ပါဖို့လိုတယ်ဆိုပြီးတော့ ဆွေးနွေးဖြစ်ကြတယ်။နောက်ပြီးတော့ အင်အယ်ဒီ မျိုး ဆက်လူငယ်တွေပါဝင်လာဖို့ပေါ့။

အဲဒီအချိန်မှာ အင်အယ်ဒီလူငယ်မျိုးဆက်သစ်တွေရဲ့အနေအထားကို ကြည့်တော့လည်း အားရှိစရာမရှိဘူး အင်အယ်ဒီ မျိုးဆက်သစ်လူငယ်တွေထဲမှာ ပညာတတ်တွေတော့ ပါလာပါတယ်။ ဒါပေမဲ့ ပညာတတ်တာ က အတန်းပညာတတ်တာမျိုးပါ။ နိုင်ငံရေးနဲ့ပတ်သက်ရင် ဘာမှ မသိဘူးလို့ပြောနိုင်ပါတယ်။

အဓိကကတော့ စာမဖတ်ကြတာပါပဲ။ ပြောမယ့်သာပြောတာ။ ကျွန်တော်နဲ့ ဆွေးနွေးနေတဲ့သူငယ်ချင်းတွေ ကလည်းစာမဖတ်ကြပါဘူး။ နိုင်ငံရေးလုပ်သက်အတွေ့အကြုံတွေများလာတာ၊ နိုင်ငံရေးဖြတ်သန်းမှုမှာ ထောင်ထဲမှာ ကြုံရတဲ့အတွေ့အကြုံတွေလောက်ပဲရှိခဲ့တာပါ။ အဲဒီအချိန်ကအသစ်ဖွဲ့လိုက်တဲ့ ဗဟိုကော်မတီဝင်အများစုဟာလည်းသူတို့လောက်တောင်မှ အရည် အချင်းမရှိသူတွေများတာကိုတွေ့မြင်နေခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အင်အယ်ဒီပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေရဲ့အားနဲ့ အနိုင်ရလိမ့်မယ်ဆိုတာကိုတော့ တွက်မိခဲ့ပါတယ်။

တကယ်လည်း၂၀၁၅ ရွေးကောက်ပွဲမှာပြိုင်ဘက်ကြံ့ခိုင်ရေးပါတီကိုအနိုင်ရခဲ့ပါတယ်။ အနိုင်ရတဲ့အနေအထားအရလွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ခဲ့တဲ့နေရာမှာ လိုအပ်ချက်တွေရှိခဲ့ တာကြောင့် လွှတ်တော်ကဏ္ဍမှာ အားနည်းမယ်လို့သိနေခဲ့ကြပါတယ်။ အစိုးရအဖွဲ့ကိုဖွဲ့တဲ့ အနေအထား မှာ အချိန်ကာလတိုအတွင်းမှာလူတွေရွေးချယ်ခဲ့ရတော့ ပြည်သူတွေအားမရခဲ့ကြပါဘူး။ အစိုးရအဖွဲ့ကို အင်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ဦးဆောင်ဖွဲ့ခဲ့ပေမယ့် ပြည်သူတွေလိုလားတဲ့ အစိုးရ တရပ်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ ၂၀၁၄ မှာပြောဆိုဆွေးနွေးခဲ့ကြတဲ့အတိုင်း ဒေါ်အောင်ဆန်း စုကြည် ဘေးမှာဝန်းရံပေးတဲ့လူအင်အားချိနဲ့နေအောင် စစ်အာဏာရှင်တွေက လုပ်ဆောင်ပြီးမှ တိုင်းပြည် အာဏာကိုလွှဲပြောင်းပေးလိုက်တာပါ။ ပြည်သူတင်တဲ့အရပ်သားအစိုးရဟာ အားနည်းချိနဲ့နေတော့ ပြည်သူ တွေနစ်နာသွားကြရတာပါပဲ။

အဲဒီလိုပါပဲ၊ နောက်ဗျူဟာတခုက စစ်အာဏာရှင်ရဲ့ဆုတ်ခွာလမ်းကို အခိုင်အမာအကာအကွယ်ယူပြီးတော့ အကျအဆုံးမဲ့စွာဆုတ်ခွာနိုင်ရေးပါပဲ။ ဒီဗျူဟာကိုတော့ ၂၀၀၈ ခြေဥကိုအခိုင်အမာကတုတ်ကျင်းထားပြီး ဗဟိုခံစစ်အဖြစ်ထားပါတယ်။ နောက်ချန်ခံစစ်မှူးကိုတော့ ဘယ်ညာတောင်ပံနှစ်ဖက်နဲ့ အတက်အဆုတ် ကစားတဲ့ နည်းဗျူဟာပါ။ ဒါပေမဲ့ တောင်ပံခံစစ်မှူးဦးသိန်းစိန်ဟာ အခြေအနေမလှခဲ့တာကြောင့် အနားပေး ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူ့အစိုးရနဲ့ခရိုနီတွေဟာ တိုင်းပြည်ကရသမျှအကုန်သိမ်းကျူံးယူခဲ့ပါတယ်။ အဓိက ခံစစ်မှူးအနေနဲ့သူရဦးရွှေမန်းကစာဖတ်သူကြီးကစားကွက်ထဲမှာ အခုအချိန်ထိပါဝင်နေတယ်လို့ ထင်မှတ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲ ပြောင်းရေးအဆင်ပြေအောင်ဆိုပြီး စာဖတ်သူကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ဆုံနိုင်အောင် ဖန်တီးပေးခဲ့တာကိုကြည့်ရင် သိနိုင် ပါတယ်။

ဒီအကြောင်းကိုအခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပိုပြီး ရင်းနှီးမှုကိုရယူခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ဖွဲ့မယ့်အရပ်သား အစိုးရအဖွဲ့မှာ သူ့လူတွေပါအောင်ထည့်လိုက်သိနေခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့ပြီး၊ ဒီဥပဒေရေးရာဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ကိုပြည်ထောင်စုအဆင့်ဖြစ်အောင်လည်း ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဖြစ် အောင်ဖန်တီးခဲ့ပါတယ်။

တကယ်တန်းတိုင်းပြည်ကိုချစ်လို့ဆိုရင်၊ ဒီပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးက်စ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အနေ နဲ့ ၂၀၀၈ ခြေဥကိုပြင်ဆင်ဖို့အသံတောင်မထွက်ပဲနဲ့ သူ့သား တွေကိုကုမ္ပဏီထောင်ခိုင်းပြီးတော့ ဘီလျှံနာသူဋ္ဌေးကြီးတွေ ဘာဖြစ်လို့လုပ်ဆောင် ပေးခဲ့တာလဲ။ သူ့သားခရိုနီကြီးတွေကို အခွင့်အရေးတွေပေးနေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားအကိုးရဆုံး ဦးဝင်းထိန်ကိုပါ အဲဒီကော်မရှင်ထဲ ဆွဲထည့်ခဲ့ပြီးချုပ်ထားလိုက်ပါသေးတယ်။

အခုဆိုရင် ဝန်ကြီးဌာနသစ်နှစ်ခုတိုးတဲ့ဝန်ကြီးနှစ်ဦးကိုကြည့်ရင် စစ်အာဏာရှင်လက်ထက်က အကြီးတန်း အရာရှိကြီးတွေဖြစ်နေတာကို တွေ့လိုက် ရပါတယ်။ အရပ်သားအစိုးရထဲမှာ စစ်အာဏာရှင်ခေတ်က ဗိုလ် ချုပ်တွေပါဝင်နေတာမနည်းတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ ဝန်းရံနေသူတွေကိုကြည့်ရင် အခုလက်ရှိစစ်ဘက်ကအကြီးအကဲတွေမဟုတ်ပဲ၊ အရင်စစ်အာဏာရှင်ခေတ်ကဗိုလ်ချုပ်တွေဖြစ်နေတာ တွေ့ရပါတယ်။ အခုပြန်ဖွဲ့လိုက်တဲ့အဂတိတိုက်ဖျက်ရေးအဖွဲ့ကိုလည်း ကြည့်ပါ။ ဗိုလ်ချုပ်တွေ၊ ရဲချုပ်တွေ ပါဝင်နေပါတယ်။ နောက်တချက်က အခုအသစ်ဖွဲ့လိုက်တဲ့ ဝန်ကြီးဌာနနှစ်ခုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားချင်တဲ့သဘောတွေ တွေ့ရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဆိုရင် ဒေါ်အောင်ဆန်း စုကြည်ဝန်ကြီးအဖြစ်ကိုင်ထားတဲ့သမ္မတရုံးဝန်ကြီးဌာနကို ပူးတွဲကိုင်မယ့်ပုံရပါတယ်။


အဲဒီလိုပဲ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနဟာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုချုပ်ထားလိုက်တယ်လို့ထင်မိပါတယ်။ အဲဒီအပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင် ရွက်ဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင် က ကိုင်မှာပါ။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် လက်ရှိအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်း က ကိုင်မှာပါ။ ပြည်ထောင်စု လွှတ် တော်မှာဒီဝန်ကြီးဌာနကိုခန့်အပ်တာဝန်ပေးတဲ့ ဦးသောင်းထွန်းဟာ အမေရိကန်ကသူဋ္ဌေးကြီး ဂျော့ဆိုးရောစ့်ဆီမှာအလုပ်လုပ်ခဲ့ဖူးတယ်ဆိုပြီး ကန့်ကွက်ခဲ့ပါသေးတယ်။ ဘာပဲပြောပြော အခုလုပ်ဆောင်မှုတွေဟာ ဦးရွှေမန်းရဲ့အကြံအစည်တွေလို့ပြောနိုင်ပါတယ်။

ပြောမယ်ဆိုရင် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်အခဲအကြပ် အတည်းဖြစ်နေချိန်မှာ အခွင့်ကောင်းယူပြီး ပူးသတ်နေသလားတောင် ထင်မှတ်ရပါတယ်။ လက်ရှိအနေအထားမှာ သူတို့စစ်အာဏာရှင်ခေတ်က တိုင်းပြည်ပျက်အောင်ဖျက်ခဲ့တာတွေကို ကာကွယ်ဖို့ အစီအစဉ်တကျ ဗျူဟာရေးဆွဲပြီးဆောင်ရွက်သလိုဖြစ်နေပါတယ်။ အတိတ်ကိုဖုံးကွယ်ထားနိုင်အောင် အစပိုင်းမှာ ရည်ရွယ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရရဲ့အားနည်းချက်တွေကြောင့် အနာဂတ်မှာတိုင်းပြည်ကိုပြန်အုပ်စိုးချယ်လှယ်ဖို့အထိကိုလည်း ဦးတည်လာပုံ ရပါတယ်။

လက်ရှိတပ်မတော်ကတော့၂၀၀၈ ခြေဥကိုအခိုင်အမာကိုင်စွဲပြီးရပ်တည်နေတာပါ။ အခုအချိန်မှာတော့ စစ်အာဏာရှင်ဟောင်း တွေကလည်း နှစ်အုပ်စုကွဲနေတယ်လို့ သတ်မှတ်ရတော့မှာပါ။ ပြည်ထောင်စု လွှတ်တော်မှာဝန်ကြီးဌာနအသစ်ဖြစ်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှာ ခန့်အပ်တာဝန်ပေးမယ့် ဦးသောင်းထွန်းကိုကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိန်းက ကန့်ကွက်တာကို ကြည့်ရင်သိနိုင်ပါတယ်။ ဦးစိုးသိန်းဟာ အရင်ဦးသိန်းစိန်အစိုးရမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့သလို၊ စစ် အာဏာရှင်ခေတ်က ဗိုလ်ချုပ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒီအုပ်စုက ကြံ့ခိုင်ရေးပါတီပါ။ ဒီအုပ်စုကတော့ ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်ချက်ထားနေပါတယ်။ ဒါကတော့ ပြည်သူရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေပါလိမ့်မယ်။ နောက်အုပ်စုကတော့ လက်ရှိပြည်ထောင်စုအဆင့်တာဝန်တွေကိုရယူထားတဲ့ ဦးရွှေမန်းအုပ်စုပါ။

အရင်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရင်းနှီးအောင်ပေါင်းသင်း ဆက်ဆံပြီး ဒီမိုကရေစီကိုလိုလားသလို လုပ်ပြခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။

တကယ်တိုင်းပြည်အကျိုးနဲ့ဒီမိုကရေစီအကျိုးကိုလိုလားရင် ပြီးခဲ့တဲ့လွှတ်တော်မှာကတည်းက၂၀၀၈ ခြေဥ ပြင်ဆင်ရေးကို အသည်းအသန်ကြိုးစားခဲ့ရမှာပါ။ အဲဒီအခြေအနေမှာ အာဏာတွေလည်းရှိနေတဲ့ အချိန်ပါ။ သူ့သား အောင်သက်မန်းတို့ကို ခရိုနီအကြီးစားတွေ ဖြစ်အောင်သာ သြဇာနဲ့အာဏာကို အသုံးချ ခဲ့ပါတယ်။ တိုင်းပြည်နဲ့ပြည်သူတွေအကျိုးကိုအသိအမှတ်ပြုစရာဖြစ်အောင်လုပ်ဆောင်ပြခဲ့တာကို မတွေ့ရပါဘူး။

အမြော်အမြင်ပဲရှိခဲ့တာလား၊ မိမိအကျိုးစီးပွားကိုကာကွယ်နိုင်ဖို့လား၊ စာအုပ်ဖတ်နေသူကြီးရဲ့ချမ်းသာ ကြွယ်ဝနေမှုတွေကိုကာကွယ်နိုင်ဖို့လား ဆိုတာစဉ်းစားစရာပါ။

အခုအချိန်မှာ ပြောတာတွေထက်ပိုလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရထဲမှာ အာဏာရှိ သူတွေတိုးပွားလာအောင်လုပ်ဆောင် နေပြီလို့ထင်မှတ်ရပါတော့မယ်။ ဒီတိုးပွားလာတဲ့ လူတွေကလည်း စစ်အာဏာရှင်ခေတ်က အာဏာရှိသူလူဟောင်းတွေဖြစ်နေပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်စွဲကိုင် ထားတဲ့ ရင်ကြားစေ့ရေးနဲ့မဆိုင်တာကိုတွေ့ရမှာပါ။ ပွဲတက်အစီအစဉ်တွေများနေတဲ့ဒေါ်အောင်ဆန်းစု ကြည်အတွက် ဝန်ထုပ်ဝန်ပိုးတွေမဖြစ်အောင်ဆိုပြီး အကြောင်းပြပေမယ့်၊ တဖြည်းဖြည်းဒ်ါအောင်ဆန်း စုကြည်ရဲ့လုပ်ပိုင်ခွင့်တွေကိုချုပ်ကိုက်လိုက်တာဆိုရင်တော့ တိုင်းပြည်အနာဂတ်အရေးတွေးမိရင် ရင်လေး စရာပါ။

မြတ်လှိုင်း
Unity Journal, Vol-1, No-9,January 20, 2018

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>