Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ယိုသူမရှက်...မြင်သူရှက်ရတဲ့...(ပွဲ) ပါပဲ...

$
0
0





Performance လို့ပဲ လွယ်လွယ်ပြောကြပါစို့ (art မလုပ်လိုက်ပါနဲ့... art အဆင့် မရှိပါ) .... Performance လုပ်ပြီဟေ့ ဆိုရင် အင်မတန် သတိထားရမယ့် အချက်တစ်ချက် ရှိတယ်... Performance ဆိုတာမျိုးက အလွန် ထိလွယ်ရှလွယ်တယ်... နောက်တစ်နည်း ပြောရရင် Performance နဲ့ ငပေါကြီး ဖြစ်သွားခြင်းကြားမှာ စည်းပါးပါးလေးပဲ ခြားထားတယ်... မလုပ်တတ်တာနဲ့ တစ်ခါတည်း ငပေါ တန်းဖြစ်တာပဲ... ဒါကို နားမလည်ဘဲ ဗမာပြည် ပြည်တွင်းစစ် အကြောင်း ဂဃနဏ ခြေခြေမြစ်မြစ် ထဲထဲဝင်ဝင် မသိဘဲ၊ မသိရင်လည်း မသိသလို မနေဘဲ ခုလို မိုက်ကယ်ဂျက်ဆင် Heal the world အမ်တီဗီ အကွက်မျိုး ထလုပ်တော့ သမိန်ပေါသွပ် ဖြစ်ကုန်တော့တာပဲ.... မှားတာမှ ခြေဆုံးခေါင်းဆုံး ဖြစ်ကုန်တော့တာပဲ... နဂို အတွေးအခေါ် နုံချာရတဲ့ အထဲ ထပ်ဆင့် အိုင်ဒီယာ ချာလိုက်ပုံက ကလေးတွေကပဲ ဟိုဘက်ဒီဘက် စစ်တိုက်နေတဲ့ သူတွေကို လက်အုပ်သွားချီ နေရသေးတယ်.... ဒီလို လက်အုပ်ချီနေရတာ တွေက လွတ်ဖို့ လုပ်နေကြံနေ မျိုးဆက် နဲ့ ချီပြီး ကြိုးပမ်းနေရပါတယ် ဆိုမှ တစ်ခါ ထပ်ပြီး လက်အုပ်ထပ်ချီ ခိုင်းနေပြန်တော့ ဒီ အိုင်ဒီယာ ထုတ်တဲ့သူကိုတော့ နောက်တစ်ခါ အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေမှာ အိုင်ဒီယာ ထုတ်ဖော်ပြသခွင့် ပိတ်ရတော့မယ့် သဘောမှာ ရှိတယ်လို့ပဲ ပြောရတော့မယ် ထင်တယ်။
နောက် ကျွန်တော်တို့ အလွယ်သာ ငြိမ်းချမ်းရေး ခေါင်းစဉ် တပ်နေတာပါ… တကယ်က အပစ်အခတ် ရပ်စဲရေး ဆိုရင် အမှန်တရား နဲ့ ပိုနီးစပ်မှာပါ…. တကယ်က တကယ့် ငြိမ်းချမ်းရေး ဆိုတာ ကျွန်တော်တို့ တိုင်းပြည် အခြေအနေ နဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ်…. နောက်ပြီး ငြိမ်းချမ်းရေး ဆိုတာ တမင်သက်သက်ကြီး တည်ဆောက်လို့ရ၊ ဖန်တီးလို့ရ တာမျိုးမှ မဟုတ်ဘဲ…. ငြိမ်းချမ်းရေး ဆိုတာ တရားမျှတခြင်း ဆိုတဲ့ မြေအပြင် မှာ ပေါက်လာတဲ့ လွတ်လပ်ခြင်း ဆိုတဲ့ အပင်ကြီးကနေ သီးလာပွင့်လာတဲ့ အသီးအပွင့်တွေပဲ….အနှစ်အသား အရ အဲဒါကိုပဲ ကျွန်တော်တို့ လိုချင်တာပဲ မဟုတ်လား.... ငြိမ်းချမ်းရေး ဆိုတာ အကျိုးတရားပဲဟာ…. ဥပမာ မြောက်ကိုရီးယား မှာ ဒီ နှစ်ပေါင်းလေးငါးဆယ် သေနတ်သံ တစ်ချက် ကြားရလို့လား…. မကြားရလို့ မြောက်ကိုရီးယား မှာ ငြိမ်းချမ်းနေပါတယ် လို့ သွားပြောရင် ပြောတဲ့သူ အရူးပေါ့ …. ဘယ် ဥာဏ်ရှိတဲ့သူ က လက်ခံနိုင်မှာလဲ…. ရန်ကုန်မှာကော ဒုတိယကမ္ဘာစစ် ပြီးကတည်းက ဘယ်မှာ သေနတ်သံ ကြားရလို့လဲ…. အဲဒီတော့ ရန်ကုန်က ငြိမ်းချမ်းသွားလား ။

'ဒီလို...ပွဲမျိုးမှာ...

Theme ဆိုတဲ့.... ကိုယ်ပေးချင်တဲ့...message ကို... entertaining ဖြစ်အောင်... အနုပညာသည်တွေနဲ့ပေါင်းပြီး ...

တင်ဆက်ကြလေ့ရှိပါတယ်.....

နိုင်ငံရေးအတွေအခေါ်အဆင့်အတန်းနဲ့... အနုပညာအဆင့်အတန်းကို..ဒီလို.. (ပွဲ) တွေက..ဖေါ်ထုတ်လေ့ရှိပါတယ်.....

အတွေးအခေါ်..မရှိတဲ့...နိုင်ငံရေးသမားတွေနဲ့.. ပေါချောင်ကောင်းတွေရိုက်ထုတ်တဲ့.. .မြန်မာ့ အနုပညာသည်တွေပေါင်းလိုက်တော့....

အဓိပ္ပါယ်မရှိတဲ့ ....သရုပ်ပျက်.... တွေ..ထွက်လာတာပါပဲ.....

တိုင်းရင်သားတွေက...(ပင်လုံ) ..စကားလုံးကို..မထဲ့ဖို့ပြောကြပါသေးတယ်.....

အဓိပ္ပါယ်...အမျိုးမျိုးကောက်လို့ရလို့ပါပဲ.....

ငြိမ်းချမ်းရေးဆိုတာ..ဒီလိုသရုပ်ပျက်...( ရှိုး ) ပွဲတွေ..လုပ်ပြ...တာနဲ့.... မအောင်မြင်နိုင်ပါ

ငြိမ်းချမ်းရေး..ဆိုတာ.. (၂) လမ်းသွားပါ....

ဥါဏ်ကိုလွှာသုံးတတ်ရပါတယ်...သည်းညည်းခံနိုင်...Dedication ရှိရပါတယ်...

ရွှေပြည်တော်....မျှော်လို့...ဝေး...နေပြီလား?

မေးရမှာက...ငြိမ်းချမ်းရေးကို..ဘယ်သူဦးဆောင်နေတာလဲ?

တာဝန်ခံမဲ့သူရော.... ရှိရဲ့လား?

Rudderless process ကြီးဖြစ်နေရင်....ဘယ်လို...အောင်မြင်မှုရမှာလဲ?

ယိုသူမရှက်...မြင်သူရှက်ရတဲ့...(ပွဲ) ပါပဲ....' Bo Bo Kyaw Nyein

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...