Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နိုင်ငံအနှံ့ရေဘေးကြုံနေရသော်လည်း တောင်ပြုံးပွဲသို့ လူသိန်းချီ လာရောက်

$
0
0
ယခုနှစ်တွင်နိုင်ငံအနှံ့အပြား ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သော် လည်း တောင်ပြုံးပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သည့် ချိုးရေတော် သုံးသည့်ရက်တွင် ပရိသတ် သိန်းချီ လာရောက်ခဲ့ကြောင်း ဒေသခံ စီးပွား ရေးလုပ်ငန်းရှင်များထံက သိရသည်။
ပွဲတော်အား သြဂုတ်လ (၂၂)ရက်နေ့ မှ စတင်ခဲ့ပြီး (၂၅)ရက်နေ့တွင် မင်းနှစ်ပါး ညီလာခံအခမ်းအနား ကျင်းပကာ သြဂုတ် လ (၂၆)ရက်နေ့တွင် ချိုးရေတော်သုံး အခမ်းအနား ကျင်းပခဲ့သည်။
''ဒီနေ့ အနယ်နယ် အရပ်ရပ်က သက် ဆိုင်ရာ ကိုးကွယ်တဲ့သူတွေက ပန်းဆက်တာ တို့၊ ငွေကြေးဆက်သတာတို့ အများဆုံးလာ တဲ့နေ့ဆိုတော့ မစည်ကားတဲ့နှစ် မရှိဘူး။ အရင်နေ့တွေကတော့ အခုလောက်မစည် ဘူးပေါ့''ဟု အဆိုပါပွဲတော်တွင် ဈေး ရောင်း သူတစ်ဦးက ပြောသည်။
မင်းနှစ်ပါးအား ချိုးရေတော်သုံးရန် ၎င်းတို့ထားရှိရာ နန်းဆောင်အတွင်းမှ ချိုး ရေတော်သုံးသည့်အဆောင်သို့ ဝေါယာဉ် ဖြင့် ပင့်ဆောင်၍ အမွှေးနံ့သာများဖြင့် ချိုး ရေတော်သုံးပြီးလျှင် အုပ်နှစ်ချပ်လွတ် ဆုတောင်းပြည့်ဘုရားအား ဝတ်ပြုကာ ၎င်းတို့ထားရှိရာ နန်းဆောင်အတွင်းသို့ ပြန် လည်ပင့်ဆောင်ခဲ့သည်။
မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>