တန်းစီးဝင်းမြင့် ရဲ့ကြုံးဝါးသံ ကျောပြင်နဲ့လဂေါ်နဲ့ထိခပ်သံက ပါဂျောင်အကျဉ်းထောင်ကြီးထဲမှာ မိုးကြိုးပစ်သံအလားပဲ
ရှိနေပါတယ် သူရိုက်လာတာကလည်း တဖြည်းဖြည်းနဲ့ကျနော့ဆီကို ချည်းကပ်လာနေပါပြီ ကျနော့ဘေးကိုရောက်လာတော့
မယ်ဆိုတာသိရလေ ကြောက်စိတ်ကပိုလာလေပါပဲ၊ အဆုံးမှာ
တော့ ကျနော့ဘေးကိုသူရောက်လာပါပြီး ကျနော့်ဘေးကလူကို
ဖျောင်းကနဲ နေအောင်ရိုက်ထည့်အပြီး ကျနော့အရှေ့ကိုဝင်ရပ်လိုက်တဲ့အချိန် နာကျင်ခံခက်လို့ အားအားအီးအီးညီးညူ နေတဲ့အသံကို အကာကွယ်ယူကာ လေသံကိုထိမ်းအုပ်ပြီး တိုးတိုးလေး နဲ့ ``မင်းကဇီးကုန်းကလား ငါက မဒေါင်းလှ က´´လို့ပြော
လိုက်ပါတယ် ဒီအခါမှာသူက``အကိုက မဒေါင်းလှကလား´´ဟု
ဆိုကာ ကျနော့ကျောပြင်ကိုဗျောတင်လိုက်ပုံက အခြားအကျဉ်း
သားတွေလောက်တော့ မပျင်းထန်တော့ဘူးလို့ ခံစားရပါတယ် အော်....နယ်မြေ နယ်မြေ အတော်လေးစကားပြောပါလားနော်။
တန်းစီး ``မင်းတို့မှတ်ထားကြ ဒါကပါဂျောင်ထောင်ဖြစ်တယ်
ပတာလင်မဟုတ်ဘူး ဒီတော့ဒီကစည်းကမ်းအတိုင်းနေရမယ်
စည်းကမ်းဖောက်တဲ့အကောင် နံပြားတို့ ပေါက်စီတို့ လဂေါ်တို့
ကျွေးပေးမယ် ဟေ့ကောင်တွေကြားကြလား´´
အကျဉ်းသားများ `` ဟုတ်ကဲ့ကြားပါတယ်ခင်မျ´´
တန်းစီး ``မင်းတို့ဖြေတာရှည်တယ် လိုရင်းတိုရှင်း.`.ဟုတ်´...ဒါပဲဖြေပါ ၊အခုထောင်စည်းကမ်းတွေ ငါပြောပြမယ်မှတ်ထားကြ.....
(၁) ဘာကြောင့်ထောင်အပြင်ကို ထွက်ထွက် အပြင်ကနေပြန်
ထောင်ထဲပြန်ရောက်တာနဲ့ လက်ကိုကြိုးချီမယ် အဝတ်ဆနဲ့မျက်
လုံးကိုအုပ်စီးပြီး ပိတ်ထားရမယ်။
(၂) စကာားမပြောရ မလှုပ်ရ တစ်ခုခုပြောချင်ရင်တန်းစီးတွေကို
ပြော ငါတို့ကထောင်မှူးးဆီ ခွင့်တောင်းပေးမယ်။
(၃)ညအိပ်တဲ့အခါ မလှုပ်နဲ့ညိမ်ညိမ်အိပ် ညောင်းလို့ဟိုဘက်ဒီ
ဘက်လှည့်ချင်ရင် ခွင့်တောင်း ခွင့်မတောင်းပဲလှည့်တာ လှုပ်တာတွေ့လို့ကတော့ သေဒဏ်ပဲ တခါတည်းပစ်သတ်လိုက်မှာ။
(၄)ညသေးပေါက်ဖ်ို့ ဆလိုင်းပုလင်း နှစ်ပုလင်းပေးမယ် နှစ်ပုလင်းနဲ့လောက်အောင်ပေါက် မလောက်လို့ပုလင်းထပ်တောင်းရင် မနံက်၊လူစစ်တန်းစီချိန် ပေါက်စီနံပြားနဲ့လဂေါ်ပဲ။
(၅)သေးပေါက်တဲ့အခါ သေးကိုဘေးမထွက်စေနဲ့ ပုလင်းထဲကို
အသေချာချိန်ပေါက်ထည့် ဘေးအစက်ကျလို့ကတော့နာပြီမှတ်
(၆)ညအိပ်ချိနလူစစ်ရင်အစွန်းဆုံးကကောင်ကစပြီး ``တစ်´´လို့
အော်မယ် သူပြီးတော့ဒီဘက်ကကောင်က``နှစ်၊´´ ပြီးဒီဘက်က``သုံး´´``လေး´´အစဉ်လိုက်အော်ရမယ် နောက်ဆုံးလူက
နံပါတ်စဉ်အော်ပြီးတာနဲ့``အားလုံးပြည့် ဖင်လိုးဖင်ခံမရှိ အားလုံး
ကောင်း´´လို့အော်ရမယ် မှတ်မိလား။
အကျဉ်းသားများ ``ဟုတ်´´
ညနေ(၃)လောက်မှာ ထောင်အပြင်ထွက်ပြီး ဟိုတဲ
ဒီတဲတွေက ခေါ်ခိုင်းလို့ အလုပ်ကြမ်းထွက်လုပ်နေတဲ့ အကျဉ်း
သားတွေထောင်ထဲပြန်ရောက်လာကြပါတယ် ကိုယ့်နေရာကိုယ်
ဝင်နေရာယူပြီး မျက်စိကိုအဝတ်ဆပိတ် လက်ကိုကြိုးချီကာ ညိမ်
သက်စွာထိုင်နေကြပါတယ် ခဏနေတော့ စားဖိုဆောင်တာဝန်ယူထားရတဲ့ရဲမေတွေ မနန်းအောင်ထွေးကြည်၊မခင်ချိုဦး၊မနန်း
စော၊မတူးတူး တို့တန်းစီးဖြစ်ကြတဲ့ ကိုမြင့်သိန်း၊ကိုစိုးလေး၊ဝင်း
မြင့်၊မျိုးဇော်တို့တတွေက ထမင်းကျွေးဖို့ ပြင်ကြဆင်ကြပါတယ်
ထမင်းပုဂံအဖြစ် မိုးကာဆကိုလေးဒေါင့်ဖြတ်ပြီးခင်းပေးထားပါ
တယ် အဲ့ဒီထဲကိုထမင်းထည့်ပေးပါတယ်`ဟင်း´အဖြစ်ကတော့
အာလူးသီးပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် ဘာပဲ ဖြစ် ဖြစ်အရည်ကျဲချက်ပြီး ထမင်းပုံပေါ်လောင်းထည့်ပေးပါတယ်မိုးကာ
အဆတစ်ဆကို လူနှစ်ယောက် သုံးယောက် အကူတူစားကြရပါ
တယ် တစ်ပေသာသာ မိုးကာအဆလေးထဲမှာပဲ သူ့ဘက်ကိုယ့်ဘက်ထမင်းလေးတွေစုပုံပြီး စားကြရတာ ဟင်းရည်တွေကသူ့ ဘက်စီးသွားလိုက် ကိုယ့်ဘက်စီးလာလိုက်နဲ့ စားကြရတယ် သူ့ လက်ကအညစ်အကြေး ကိုယ့်လက်ကအညစ်အကြေး မရွံမရှာ
ပဲ ဘဝတူချင်း လက်ရည်တပြင်တည်း နွှဲလိုက်ကြပါသည်။
ထမင်းစားအပြီး မျက်စိပြန်ပိတ် လက်ကြိုးချီ ညိမ်ညိမ်
လေး မလှုပ်မရှက်ပြန်ထိုင်နေရပါတယ်၊ အဲ့နောက် ချီးယိုသေးပေါက်ဖို့အပြင်ထုတ်ဖို့ ထောင်မှူးးလှမျိုးနောင်ကအမိန့်ပေးတော့
တန်းစီးမြင့်သိန်းက``အားလုံးထ တန်းစီပြီးထွက်´´ပေါ့ ကျ နော်တို့လည်း ပါဂျောင်ထောင်ရဲ့အထာကမသိသေးတော့ ပါဂျောင်အကျဉ်းသားတွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး လှုပ်ရှားနေရပါတယ် တစ်ချက်မှားတာနဲ့နာပြီမှတ် ထောင်အပြင်ရောက်တော့ ကွင်ပြင်ထဲတန်းစီပြီးရပ်နေရပြန်တယ် ထောင်မှူးးတပ်စိပ်ကရဲဘော်လေးတွေက သေနတ်ကြီးတွေနဲ့လုံခြုံရေး ယူထားကြတယ် ကျနော်တို့အကျဉ်းသားတွေက ရှေ့နောက်တန်းစီပြီးရပ်နေရတယ် တစ်တန်းချင်းထွက် ချီးယိုသေးပေါက်လုပ်ရတယ် သေးပေါက်တာကခြံခပ်မထားဘူး တဖက်ချောက်ထဲ စွန့်ချရတယ် အိမ်သာကတော့ကျင်းတူးထားတယ် လေးဒေါင့်ကျင်းပဲအဲ့ကျင်းပေါ်ကို သစ်လုံးတွေထိုးတင်ထားတာ အဲ့ဒီသစ်လုံးတွေပေါ်မှာဘယ်ညာခွပြီး
ထိုင်ရတယ် ရှေ့နောက်သုံးဦးလေးဦး ငုတ်တုတ်ထိုင်ပြီး ပါကြရ
တယ် အရှက်တရားကိုဘေးထားပြီး ဖင်လှန်ထိုင်ရတာပေါ့ ၊သစ်လုံးတန်းကအတော်များတော့ တစ်ကြိမ်ကို အကျဉ်းသား တစ်ဆယ့်ငါးယောက်လောက် ဝင်ထိုင်ကြတယ် အဲ့ဒီအချိန်မှာစကား ပြောကြတယ် အသံတော့မထွက်ရဲဘူး တိုးတိုးပဲ ခိုးပြောရတာလေ အပြင်ကအစောင့်က ကြာရင်လှမ်းအော်ဆဲတာခံရသေးဗျ။ကျင်ကြီးကျင်ငယ်ကိစ္စပြီးတော့ ညရှူရှူးပန်းချင်ရင်ပန်းထည့်ဖို့တဲ့
ဆလိုင်းပုလင်းနှစ်လုံးစီယူခွင့်ပြုတယ် ညရေးညတာထောင်အပြင်ထွက်လို့မရဘူးပေါ့ ၊အားလုံးပြီးတော့ ထောင်ထဲပြန်ဝင်ရတယ် ထောင်ထဲရောက်တော့ ထုံးစံအတိုင်ပဲ ကိုယ့်နေရာကိုယ် ကြိုးချီ မျက်စိပိတ် စကားမပြော ညိမ်ညိမ်ထိုင်ပေါ့ ။
ထောင်အပြင်ထုတ်တော့မှ ကိုထွန်းအောင်ကျော်ကို
အသေချာမြင်တွေ့ခွင့်ရတယ် ပါဂျောင်အရောက် ထောင်ထဲဝင်တော့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဆမားညီညီ၊ ကိုအောင်မင်းတို့ကိုထိပ်တုံးခတ်ထားတာကိုတွေ့ရပေမဲ့ အကျိုးအကြောင်း
ကတော့ဘာမှမသိရ ပြောရေးဆိုခွင့်မှမရှိပဲ အခုလိုထောင်အပြင်ထုတ်တော့ မြင်ရတာ စိတ်မကောင်းစရာ မမြင်ရက်မကြည့်ရက်
စရာပါ၊ ဒုတ်ချောင်းလေးနဲ့ထောက်ပြီး ``ထော့နိုင်းထော့နိုင်း´´နဲ့
သွားနေရတယ်၊သူ့ကိုဘယ်လိုနှိပ်စက်ထားလဲမသိပါဘူး ကျနော်က ဗန်းမော်ခရိုင် ``ပတာလင်´´စခန်းမှာပါ ဒါပေမဲ့လက်ရှိသူ့ပုံစံ
ကိုကြည့်ရတာနဲ့သိနိုင်ပါတယ် အရက်စက်ဆုံး အပျင်းထန်ဆုံးညှင်းပန်နှိပ်စက်ထားမယ်ဆိုတာသိနိုင်ပါတယ် ပါဂျောင်မှာလည်း အကျဉ်းသားအချင်းချင်းတီးတိုးစကားပြောခွင့်မပေးသလို ပြောခဲ့
ရင်လည်းသူတို့တွေ့သွားလို့ကတော့ မတွေးဝံ့စရာပါ ဒီတော့ အကိုကြီး ဘယ်လိုနှိပ်စက်ခံရတယ်ဆိုတာ မမေးရဲမပြောရဲခဲ့ပါ
ဘူးထောင်ဖောက်ပြေးလာပြီး အတွင်းပြန်ရောက်မှ မေးမြန်းစုံ
စမ်းသိရတာက သေရွာပါသည်အထိကိုထွန်းအောင်ကျော်ရဲ့ခြေထောက် ``ထော့ကျိုး´´ဖြစ်သွားရတဲ့အကြောင်းရင်းကိုသိရတယ်
အကြောင်းအရင်းက မီးဖိုပြီး``မီး နဲ့ ရှို့ ´´ထားတာတဲ့ဗျာ။
မျက်မြင်သက်သေနဲ့တစ်ခုရှိသေးတယ် အဲ့ဒါကစစ်ကြောရေးမှာ ကားစင်တင်တုန်းက ကိုထွန်းအောင်ကျော်ရဲ့လက်ဖဝါး
ကို သံနဲ့ရိုက်ပြီး ကားစင်တင်ထားတဲ့အကြောင်း အဲ့ဒီလိုလက်ဖဝါးသံရိုက်ပြီးတိုင်မှာကပ်ထားချိန်မှာခြေထောက်ကမြေကြီးနဲ့ ခြောက်လက်မခန့် လွတ်နေတဲ့အကြောင်း အဲ့ဒီအကြောင်းကိုမျက်မျင်သက်သေဖြစ်တဲ့ကိုညီညီကျော်ကဝမ်းနည်းစွာနဲ့အခုလိုပြောပြပါတယ်``ငါရယ် ကိုချိုကြီးရယ် ကိုကြီး(ကိုထွန်းအောင်ကျော်)ရယ်ကို စစ်ကြောရေးလုပ်တယ်အဲ့ဒီမှာကားစင်တင်တော့ ငါကညာဘက်အစွန်ဆုံး၊ကိုချိုကြီးကအလယ်က၊ကိုကြီးကဘယ်အစွန်ဆုံးမှာ ငါနဲ့ကိုချိုကြီ့းကို ကြိုးးနဲ့ချီပြီးပြီ အဲ့ဒီမှာမျိုးဝင်းက ``ရှုပ်တယ်ကွာ ကြိုးတွေဘာတွေလုပ်မနေနဲ့ သံနဲ့သာရိုက်လိုက်ကွာ´´လို့အမိန့်ပေးခိုင်းတယ် ခိုင်းတော့လုပ်တဲ့သူကလည်းလုပ်
တာပေါ့ ၊ ကိုချိုကြီးကြတော့ မီးနဲ့ရှိုတာကွ၊ ဒီလိုပါကိုချိုကြီးနဲ့တစ်ပေအကွာလောက်မှာ ဝါးတွေပုံပြီးမီးရှို့တာ မီးဖိုကမီးတောက်က ကြီးကြီးလာပြီး လူကိုမီးညွန့်ကလာဟပ်ပါရောလား အဲ့ဒီမှာမီးတောက်ကို ရှောင်ရင်းပဲ ခန္ဓာကိုယ်အောက်ပိုင်းက တိုင်ရဲ့တစ်ဖက်ကိုရောက်သွားပြီးအပေါ်ပိုင်းက ရွှေ့မရတော့ဒီအတိုင်းပဲ မြင်ကြည့်ပေါ့ ကွာ တိုင်ကိုလူကရစ်ပတ်ထားသလိုမျိုး´´တဲ့။အဲ့ဒီအ
ချိန်မှာ မျိုးဝင်းတို့ သံချောင်းတို့ မန်းသားကြီးကိုထွန်းအောင်ကျော်
ရဲ့ လုပ်ဖော်ကိုဘက်ဒေါ်နယ်အောင်နိုင်တို့အောင်ပွဲခံအရက်ဝိုင်း
မှာ စမြုပ်ပြန်အရသာယူနေကြမဲ့အဖြစ် အင်းအဲ့ဒါကိုပြောတာပေါ့လူကိုခွေးကသတ်လိုက်တယ်ဆိုတာလေ အဲ့ဒါမျိုးပ ။
ညပိုင်းရောက်တော့ ကင်းသမားတို့ထောင်မှူးးတို့က သီချင်း
ဆိုခိုင်းတယ် Artist ထိန်လင်းပြောတဲ့လူကက်ဆက်ပေါ့ ဗျာ
အကိုကြီး(ကိုထွန်းအောင်ကျော်)က``ယုဇနပင်နဲ့ဖဲကြိုးဝါ´´ ၊ ဦးသောင်းမြင့်က``ကြိုးမဲ့လေတံခွန်´´၊ဘိုဘိုက``အမေ့အိမ်´´နဲ့
ကံမြင့်ဦးက``အလွမ်းတွေကိုစမ်ရေထဲမှာမျောလိုက်ချင်´´ကိုခင်
မောင်ကြည်က``မိဝိုင်းစိန်´´ကျနော်ကတော့ကိုတိုးရဲ့``စောင့်လို့
တော့နေရစ်ဦး´´သီချင်းကိုပဲမကြာခဏဆိုဖြစ်တယ် ဒီမှာထူးထူး
ခြားခြားဖြစ်စဉ်လေးတွေရှိပါတယ် ပိပိနဲ့ကျော်စွာဝင်းမောင်တို့နှစ်
ယောက်က သီချင်းတစ်ပုဒ်ကို နှစ်ယောက်ခွဲပြီး သီဆိုလေ့ရှိတာ
ပါ၊သူတို့နှစ်ယောက်က``နတ်ရှင်နောင်´´သီချင်းသီဆိုလေ့ရှိပြီး
ကျော်စွာဝင်းမောင်က``ရတုအပိုဒ်´´ကိုသီဆိုပါတယ် ကိုပိပိက
တော့ အခြားသီချင်းအပိုဒ်တွေကိုသီဆိုပါတယ်၊နောက်တစ်ခုက
သီချင်းမဆိုတတ်သူနှစ်ယောက်ကိုတွေ့ခွင့်ရလိုက်တာပါ သူတို့
ကကိုကျော်နိုင်ဦးနဲ့ မြင့်ဇော်ဝင်းတို့ပါပဲ ထောင်မှူးးကအတင်းအကြပ်ဆိုခိုင်းတော့မြင့်ဇော်ဝင်းက``ကျောင်းသားသမဂ္ဂ´´သီချင်း
သီဆိုချလိုက်ပါတယ်ဒီအခါမှာ စစ်ထောက်လှမ်းရေးကကျောင်းသားသမဂ္ဂသီချင်းကိုဆိုရပါ့ မလားဆိုပြီး လဂေါ်နဲ့ဗျင်းခံလိုက်ရ
တယ်၊ကိုကြောင်(ခ)ကျော်နိုင်ဦးကလည်း``သီချင်းမဆိုတတ်ရင်
ဆိုတတ်တာဆိုပြဆိုလို့ သူငယ်တန်းကဗျာတစ်ပုဒ်ကိုဆိုပြတယ်
သူဆိုပြတဲ့ကဗျာက``ရောင်စုံဘော့လုံး၊ရောင်စုံဘော့လုံး၊တစ်လုံး
ငါးပြား´´တဲ့ ကျနော်တို့အဖြစ်ကနေ့ခင်းဆို``ကျေးကျွန်´´ညချမ်း
ဆို ပျော်တော်ဆက်´´ဘဝကိုရောက်သွားလေရဲ့။ထောင်မှူးးကြီး
နားသောတအားရချိန်က ကျနော်တို့အိပ်ချိန်ပေါ့ ။အဲ့ဒီလိုအိပ်ယာဝင်တော့မယ်ဆို လူစစ်ပါတယ်``တစ်´´``နှစ်´´``သုံး´´ ``....´´
နောက်ဆုံးလူကနံပါတ်စဉ်အော်အပြီး``အားလုံးအပြည့် ဖင်လိုး
ဖင်ခံမရှိ အားလုံးကောင်း´´လို့ဆက်အော်ပြီးစတင်အိပ်စက်ကြ
ပါတော့သည်၊(ထောင်ထဲကအတိုင်းသိစေလို၍ ဖော်ပြခြင်းသာ
ရိုင်းစိုင်းသွားပါ၍နားလည်ပေးကြပါရန် မေတ္တာရပ်ပါသည်)။ထောင်ထဲမှာမိန်းကလေးတွေရှိနေပါတယ်ဒါတောင်အဲ့ဒီလိုရိုင်း
ဆိုင်းစွာအော်ဆိုခိုင်းသည်ကိုကြည့်ခြင်းဖြင့် မှန်းဆသာကြည့်ပါလေကုန်။
အဲ့ဒီနေ့ ကျနော်တို့``ပတာလင်´´အကျဉ်းသားတွေ
``ပါဂျောင်အကျဉ်ထောင်´´ရောက်တဲ့နေ့မှာ အရာရှိ၊ အရာခံ ၊အ
ကြပ်၊ တပ်သား ရဲဘော်ရဲမေ အချိ့အနည်းစုက အမဲရိုးကို ငတ်ပြတ်နေတဲ့ခွေးတွေ တွေ့သလိုပါပဲ မညှာမတာ ``စစ်ထောက်လှမ်းရေးကောင်တွေ´´ ဆိုပြီး ဒုတ်နဲ့ရိုက်သူကရိုက် ၊ခြေနဲ့ကန်သူကကန်၊ လက်သီးနဲ့ထိုးသူကထိုးနဲ့ ကျနော်တို့ အကျဉ်းသားတွေမှာ အရှင်လတ်လတ်ငရဲပြည်ရောက်သွားသလိုပါပဲ ။ သူတို့တွေက ကျနော်တို့တတွေကို တကယ့်``စစ်သူလျှို´´တွေလို့ထင်မှတ်လို့လေလား ဒါမှမဟုတ် သူတို့သခင် အလိုကျ ကပြနေကြ
တာလား မသိနိုင်ပေမဲ့ ကျနော်တို့မှာကခန္ဓာကိုယ်နာကျင်ရတာ
ထက် စိတ်မှာရတဲ့ နာကျင်မှုကပိုဆိုးရပါတယ် တိုင်းရင်းသားညီ
အကိုတွေနဲ့ ဥမကွဲအသိုက်မပျက် နေထိုင်နိုင်ဖို့ တန်းတူညီမျှ မှု
ကို ကိုယ်စားပြု မဲ့ လူကိုလူလိုမြင်တဲ့ `` ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး´တည်ဆောက်ဖို့ စစ်အာဏာရှင်စနစ်ဆိုးကိုတွန်း
လှန်ပစ်ဖို့ အရာရာစွန့် လွှတ်ပြီး ရောက်လာကြတဲ့ ရဲဘော်အချင်းချင်း လုပ်ရက်လေချင်းဆိုတဲ့ စိတ် ပြီးတော့ ငါတို့ကျောင်းသားသ
မိုင်း ဖျက်စီးခံလိုက်ရလေပြီဆိုတဲ့အသိက ပိုပြီး နာကျင်အခံခက် ဖြစ်ရပါသည်။
ဆက်ရန်
Ok AB(28/1/2018)