ဟိုးရှေးရှေးတုန်းက ရွက်သင်္ဘောကြီးတစ်စီးဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိနေတယ်။ အဲဒီတော့ ရှေးခေတ် ထုံးစံအတိုင်း မုန်တိုင်းထန် လို့ရှိရင် သင်္ဘောသားတွေ ရွက်ကြိုးတွေပေါ်တက်ပြီး ဖြုတ်သင့်တဲ့ ရွက်တွေကို ဖြုတ်ရပါတယ်။ ရွက်တွေ မဖြုတ်ရင် သင်္ဘောက အန္တရာယ် ရှိတယ်။
သဘော်ကကပ္ပတိန်က သန်သန်မြန်မြန် လူရွယ်တစ်ယောက်ကို ကဲ-မင်း မြန်မြန် ရွက်တိုင်ပေါ် တက်ပြီး ဖြုတ်ဆိုတော့ လူရွယ်က ရဲရဲဝံ့ဝံ့တက်ပြီး ရွက်တွေကို ဖြုတ်ပါတယ်။ ရွက်ကြိုးတွေကို ပစ်ချ တယ်။ သူ ပြန်ဆင်းဖို့ အောက်ကို ကြည့်လိုက်တဲ့အခါ လှိုင်းတွေ၊ လေတွေ၊ မုန်တိုင်းတွေ ကြားထဲ လူးလွန့်နေတဲ့ သင်္ဘောကို မြင်တော့ သူ မူးနောက်နောက်တွေ ဖြစ်ပြီး အောက်ကိုပြန်မဆင်းရဲဘူး ဖြစ်နေတော့တယ်။ သဘော် ကုန်းပတ်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ရဲ့ မိတ်ဆွေကိုအော်ပြီး လုပ်ပါဦးဟ ဘယ်လိုဆင်းရမလဲဆိုတော့ အောက်မှာရှိသူတွေက ပြန်အော်ပြော ကြတယ်။
“သူငယ်ချင်း၊ မင်း အောက်ကို မကြည့်နဲ့၊ အပေါ်ကိုကြည့်”
အပေါ်ကို ကြည့်တော့ သက်သာတာပေါ့။ အောက်မှာက ယောက်ယက် ခတ်နေတာလေ။ ဆိုးဝါးဖောက်ပြန်နေတဲ့ အခြေအနေက လွန်ပြီးချိန်မှာ အပေါ်ကို ကြည့်ရင်းနဲ့ တဖြည်းဖြည်းချင်း ပြန်ဆင်းလာတယ်။ အောင်မြင်စွာနဲ့ ကုန်းပတ်ပေါ်ကို ရောက်လာတော့တယ်။
ဒီလိုပါပဲ။ ကျွန်တော်တို့ အနာဂါတ်ကို ကြည့်လိုက်ရင်လည်း မရေမရာ၊ မသေမချာ၊ လမ်းသွားရင်းနဲ့ လမ်းပျောက်နေတတ်ပါတယ်။ ဘာမျှော်လင့် ရမှန်း မသိဘူး။ အကြံပေးချင်တာက အဲဒီ သင်္ဘောသားလိုပဲ၊ အောက်ကို မကြည့်ပါနဲ့။ အပေါ်ဆိုတဲ့ သွားလိုရာ မျှော်လင့်ချက် တစ်ခုကို လှမ်းမျှော် ကြည့်ပြီးတော့ သွားပါ။ ခရီးဆိုတာ သွားရင် ရောက်ပါတယ်။ ကျွန်တော် လည်း အပေါ်ပဲ မျှော်ကြည့်ပါတယ်။
Ye Oo
ကိုးကား-နန္ဒာသိန်းဇံ