Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းခိုင် ဘာလဲ? ဘယ်လဲ?

$
0
0

ဝန်ကြီးတို့ဌာနကပြည်သူဆီကပိုက်ဆံကိုယူ လျှပ်စစ်ရောင်းစားပြီး မာရေကျောရေနဲ့အပေါ်စီးကအာဏာပြနေတာတွေ ပညာပြနေတာတွေ ဘယ်တော့ရပ်ကြမှာလဲ?
ပြုပြင်ပြောင်းလဲဘို့အမှန်တရားတွေဖေါ်ထုတ်ထောက်ပြပေးပေမယ့်လည်း အရင် အစိုးရလက်ထက်ကလို ငါသိငါတတ် မင်းတို့ထောက်ပြပြောလေ ငါတို့က မလုပ်လေဆိုတဲ့ တစ်လွဲမာနနဲ့ ထုံပေပေလုပ်ပြနေတာတွေက တိုင်းပြည် အတွက်တန်ဘိုးရှိတဲ့အချိန်တွေကုန်လွန်းပါတယ်။

ထောက်ပြနေတဲ့သူတွေက ဝန်ကြီးတို့ကိုမနာလို ဖျက်လိုဖျက်ဆီးလိုစိတ်နဲ့အတ္တ
အတွက်မဟုတ်ဘူး တိုင်းပြည်အတွက်နာလွန်းလို့ တိုင်းပြည်အကျိုးအတွက် ဝိုင်းပါနေကြတာဆိုတာအမြင်ရှင်းဘို့လိုတယ်။
သွားရမယ့်လမ်းကြောင်းလဲသိနေပြီ လုပ်နည်းလည်းသိရဲ့သားနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ် သားသားမလုပ်ရဲကြဘူး သရဲဘောင်ကြောင်လွန်းတယ်။
အရင်စစ်အစိုးရလက်ထက်ကတောင် ဝန်ကြီးတစ်ပါးပြောင်းရင် မူတွေ လူတွေ သိသိသာပြောင်းလဲသွားအောင် ရှင်းထုတ်ပြီးဖေါ်ဆောင်သွားတာ အတုယူစရာပါ။

ဝန်ကြီးရဲ့ဌာနမှာ CENTRALIZATION လျော့ချနိုင်ပါပြီလား? ပိုလို့တောင်ဆိုး နေပါတယ်။ ဒုတိယဝန်ကြီးနဲ့ DEPP ညွှန်ချုပ်အမျိုးသမီးတို့ရဲ့စားပွဲမှာ တောင်လိုပုံနေပါတယ်။ အမြန်ဆုံးအကောင်အထည်ဖေါ်ဘို့လိုအပ်နေတဲ့ PPP project ကြီးတွေ၊ IPP project ကြီးတွေ ရဲ့ MOU တွေ၊MOA တွေကအစ စာမဖတ်တတ် မလုပ်တတ်လို့ဘဲလား၊ ကျစ် ရစ် ထစ်ပြီး တမင် ညှစ်နေသလား ဒါမှမဟုတ် ရန်ကုန်ကအရင်ဝက ရဲ့သဘောတူညီချက်စောင့် နေရသလား ဝန်ကြီးလေ့လာသင့်ပါတယ်။
DEPP ညွှန်ချုပ်အမျိုးသမီးရဲ့အရည်အသွေးနဲ့စွမ်းဆောင်ရည်ဟာ ဒုညွှန်မှူး အဆင့်ထက်မပိုဘူး၊ ONE MAN SHOW သာလုပ်တတ်တယ်၊ planning ဌာနရဲ့ အဓိကတာဝန်ဝတ္တရားများထက် ဝယ်ယူရေးကိစ္စတွေကိုသာစိတ်ဝင်တစား တစိုက်စိုက်မတ်မတ်ဆောင်ရွက်နေတယ်ဆိုတာတွေဟာ မေးခွန်းထုတ်စရာဖြစ်နေပြီး ဝန်ကြီးရဲ့လမ်းညွှန်မှု ကြောင့်များပါလားလို့မေးချင်ပါတယ်။

သို့သော်လည်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ ဝယ်ယူရေးကိစ္စကိုစိတ်ဝင် တစားလုပ်ကိုင်နေကြတာ အဆန်းတော့မဟုတ်ပါဘူး။ ဝယ်ယူရေးကျွမ်းကျင် ဝန်ထမ်းတွေကလွဲလို့ အခြားအရာထမ်းတွေမှစ ဒုဝန်ကြီးအဆင့် အထိမိမိအဓိကအလုပ်တာဝန်ထက် ဒီကိစ္စကိုအားထက်သရောကြိုးကြိုးစားစားလုပ်ကိုင်နေကြတာပါ။ ညွှန်ချုပ်တစ်ပိုင်ဌာန အသီးသီးရဲ့ ဝယ်ယူရေးဌာနခွဲတွေက သမ္မတရုံး guide line အတိုင်းရွေးချယ်တဲ့ကိစ္စတွေမှာ DEPPညွှန်ချုပ်အမျိုးသမီးနဲ့ဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ကအတ္တနဲ့ မမှန်မကန်ပြောင်းပြန်လှန် ပြန်လည်ရွေးချယ်ခဲ့မှုတွေ ကြောင့် နစ်နာခဲ့တဲ့လုပ်ငန်းရှင်တွေရဲ့တိုင်ကြားမှုတွေကို တရားမျှတစွာဖြေရှင်းပေးခြင်းမရှိကြောင်းလည်းသိရှိရပါတယ်။

တကယ်တော့လည်း ဒုဝန်ကြီးရဲ့ scope ဟာ သိတ်ကျဉ်းမြောင်းလွန်းတယ်လို့ဘဲ သုံးသပ်ရမှာပါ။ လျှပ်စစ်ဝန်ကြီးဌာနတစ်ခုလုံးမှာ ဓါတ်အားစနစ်နဲ့ ဓါတ်အားခွဲရုံ ကလွဲပြီး ကျန် အပိုင်းတွေကိုစိတ်ဝင်စားမှုမရှိတာကိုယနေ့ထိတိုင်မြင်တွေ့နေရပါတယ်။မမြင်ဘူးမူးမြစ်ထင်ဆိုတဲ့စကားအတိုင်းဘဲ အခုမှဝယ်ယူရေးလုပ်ဘူး ၊ ပတ်သက်ရာပါတ်သက်ကြောင်းလေးလည်းရှိ၊ အဆင်ကလေးလည်းပြေဆိုတော့ ဝယ်ယူရေးကိုတကယ့်တာဝန်ကြီးလို့ အကြီးကြီးထင်မှတ် အားစိုက်မိတာနေမှာပါ။ ဘယ်လောက်ထိအားစိုက်လည်းဆိုတော့ ကျောက်တိုင်ဝယ်ယူရေးကအစ အကျယ်ချဲ့အသေးစိတ်ဝင်ပါနေတာတွေ့ရပါတယ်။ Policy level, Decision level ဖြစ်၍ လုပ်ငန်းများ အချိန်တိုအတွင်း schedule အမှီ ရည်မှန်းချက်ပေါက်မြောက်အောင် တွန်းအားပေးရမည့်အစား အောက်ခြေသိမ်း အသေးအမွှားကအစ အသေးစိတ်ဝင်ပါပြီး အချိန်ဖြုန်းလျက် လုပ်ငန်းတွေပိုမို နှောင့်နှေးနေစေသည်ဟုသုံးသပ်ပါသည်။

DEPP ညွှန်ချုပ်ကြံ့ဖွံ့ ခြင်္သေ့မကြီး ပြောသမျှ ချွဲသမျှ ကြိုးဆွဲသမျှ နားတော်သွင်းသမျှ အဟုတ်ထင် တသွေမတိမ်း လိုက်နာ ဆောင်ရွက်နေသ၍ လျှပ်စစ်ဌာနကြီး နွံနစ်နေအုံးမည်ဟု ထင်မြင်ပါသည်။
မနေ့တနေ့က procedure အဆင့်တွေကျော်ခွပြီး NOTICE TO PROCEED ထုတ်ပေးလိုက်တဲ့ ကုမ်ပဏီကြီးတွေဟာ ဒုဝန်ကြီးပြင်ပမှာကျင်လည်စဉ်က Consultant လုပ်ခဲ့တဲ့ ကုမ်ပဏီကြီးတွေဖြစ်တာနဲ့အညီ ကျေးဇူးပြုလိုက်တယ်လို့ ပြောဆိုနေကြမှုတွေကလည်းစိတ်ဝင်စားဘို့အတော်ကောင်းပါတယ်။

ဒုဝန်ကြီးရဲ့စိတ်ထဲမှာ ယခင်ထဲက ယနေ့တိုင် မပျောက်နိုင်သေးတဲ့ အစွဲတစ်ခု ကတော့ လျှပ်စစ်(၁) နဲ့ လျှပ်စစ်(၂) ဆိုပြီး ခွဲခြားဆက်ဆံအုပ်ချုပ်နေခြင်းပါဘဲ။ ရာထူးတိုးမြှင့်ရေးနဲ့ ဝန်ထမ်းရေးရာကအစ ငါ့လူ ငါ့တပည့် ဆိုတဲ့စိတ်တွေစွက်ဖက်နေပြီးတရား မျှတမှုကင်းနေကြောင်းကြားသိရပြီး၊ လုပ်ငန်းပိုင်းတွေမှာလည်း case တွေဖြတ်မပေးတာ ခွင့်ပြုမပေးတာ ဆိုင်းငံ့ထားတာ စိတ်မဝင်စား ပစ်ထားတာတွေရှိကြောင်း သိရှိရပါတယ်။ အလားတူ ဝန်ကြီးရုံးအထက်အဆင့် level တွေမှာဘဲ case တွေတောင်ပုံယာပုံ ဖြစ်ပြီး ဖြတ်မပေးနိုင်လို့ လုပ်ငန်းတော်တော်များများ ရှေ့မဆက်နိုင်လို့အခက်အခဲတွေတွေ့နေရကြောင်း၊ ဝန်ကြီး မှာလည်း အပြောသာကောင်းပြီး လက်တွေ့အခြေအနေမှန်ကိုမသိသလို ထဲထဲဝင်ဝင် လေ့လာမှုအားနည်းကြောင်း၊ဒုတိယဝန်ကြီးမှာလည်း ကိုယ်ရည်ကိုယ်သွေး စကားများကိုသာ ဟိတ်ဟန်လုပ် အချိန်ဆွဲပြောဆို နေပြီး လက်တွေ့မှာ အလုပ်မဖြစ်ကြောင်း management မှာအတွေ့အကြုံနည်း အားနည်းကြောင်း သိရှိရပါသည်။
တကယ်တော့လည်း အချို့ညွှန်မှူး အဆင့်လောက်ကနေစပြီး ဒုဝန်ကြီး အဆင့်လောက်အထိအများစုဟာ ဝန်ကြီးအပေါ်မှာဟန်ဆောင်လိမ်ညာနေပြီး ဝတ်ကျေတန်းကျေမှိန်းပြီး တာဝန်ထမ်းဆောင်နေကြတယ်လို့ဘဲသုံးသပ်လိုပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးနဲ့ အပေါ်ပိုင်းပုဂ္ဂိုလ် အများစုဟာ အတ္တစိတ် မာနစိတ် မနာလိုစိတ် ထမင်းဝဝစားထားတဲ့ကောင်တွေတွေ့ပြီဆိုတဲ့အညှိုးအတေးစိတ် မိန်းမလိုမိန်းမရ မိန်းမဆန်တဲ့စိတ်တွေဖျောက်ကြဘို့လိုပါတယ်။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အရင်စရိုက်မပြောင်းလဲတဲ့ အရင်လူအရာရှိဆိုးတွေနဲ့ပေါင်းပြီး အရင်အုပ်ချုပ်ပုံ စီမံခန့်ခွဲပုံ နဲ့သာရှေ့ဆက်ရင်တော့ နောက်တစ်ယောက်လာလည်း ဒီအချိုးဘဲ ဆိုတဲ့အတိုင်းဘဲ မြန်မာပြည်လျှပ်စစ် တော့ရေတိမ်နစ်အုံးမှာပါ။
တကယ်တော့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီှးဌာနမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အချိန်မှီ အကောင်အထည် ဖေါ်သင့်နေပါပြီ။
လူတွေတင်သာမက မူတွေပါပြောင်းလဲရပါမည်။
Corporitization , Privitization ကို အမြန်ဆုံးအကောင်အထည်ဖေါ်ရပါမည်။

YESC, MESC, ESE, EPGE လုပ်ငန်းများအားလုံးကို တိုင်းဒေသပြည်နယ်အလိုက် ခွဲဝေလွှဲပြောင်းပေးပြီး စီးပွားရေးဆန်ဆန် အောင်မြင်အောင်ပြောင်းလဲ အကောင်အထည်ဖေါ်ဆောင်ရွက်ရပါမည်။အာဏာပိုင်ပုံစံ လွှမ်းမိုးဆက်ဆံလုပ်ကိုင်နေမှုကို ဖျက်သိမ်းရပါမည်။
ဓါတ်အားခကို ပြည်နယ် တိုင်းဒေသအလိုက် တွက်ခြေကိုက်မည့် သင့်တင့်သည့် နှုန်းထားတစ်ခုသို့ ညှိနှို င်း တိုးမြှင့်ပေးရမည်။
ထုတ်လုပ်ရေးအတွက် ရေအား လေအား ဓါတ်ငွေ့ စွန်ပစ်အပူ ကျောက်မီးသွေး စသဖြင့် နည်းလမ်းပေါင်းစုံ ဖြင့်နိုင်ငံတော်အတွက် တက်ညီလက်ညီ ထုတ်လုပ်နိုင်ရန် ပြည်နယ်တိုင်းဒေသအလိုက် စာရွက်စာတမ်း ခွင့်ပြုမိန့် လုပ်ငန်းစဉ်အဆင့်အနည်းဆုံးဖြင့် အချိန်တိုအတွင်း ခွင့်ပြုပေးရန်လိုပါသည်။
ဓါတ်အားလိုင်းကြီးများ မှအစ ပြည်သူထံ ၀န်ဆောင်မှုပေးသည့်လုပ်ငန်းအဆုံး စီးပွားရေးဆန်ဆန်ပီပြင်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးအလိုက်လက်ရှိသက်ဆိုင်ရာဒေသတွင်တာဝန်ထမ်းဆောင်နေသောကျွမ်းကျင်ဝန်ထမ်းများနှင့်တကွ လုပ်ငန်းလုပ်ပိုင်ခွင့်ကို အမြန်ဆုံးလွှဲပြောင်းပေးသင့်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မူပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ ပေးခြင်း ၊ 300 MW အထက် စီမံကိန်းကြီးများကိုသာအကောင်အထည်ဖေါ်ဆောင်ရွက်ပေးခြင်း၊ ဓါတ်အားလိုင်း ကွန်ယက်စနစ် တိုးချဲ့ပြင်ဆင်ထိန်းကျောင်းနိုင်ရန် ဒေသများနှင့်ညှိနှိုင်း ထိန်းကျောင်းခြင်း တို့ကိုသာ အဓိကဆောင်ရွက်သင့်ပါသည်။
လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေလုယူခြင်းဟု မယူဆဘဲ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၏ မနိုင်ဝန်ကို မျှ ၍ထမ်းပေးခြင်း၊ လက်ရှိ တိုင်းပြည်၏တိုးတက်မှု နှင့် ပြည်သူများလူနေမှုဘ၀မြင့်မားရေးအတွက် အခြေခံလိုအပ်ချက်ကို ၀ိုင်းဝန်းအကောင်အထည်ဖေါ်ဆောင်ရွက်ပေးခြင်း၊ အရှုံးဖြင့် လည်ပတ်နေရသော လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန၏ အခက်အခဲကို တစ်ဖက်တစ်လမ်းမှဖြေရှင်းပေးခြင်း၊တိုင်းပြည်အခြေအနေနှင့် ခောတ် စနစ်၏ တောင်းဆိုချက်အရ စီးပွားရေးဆန်ဆန် လုပ်ကိုင်ရန်လိုအပ်လာခြင်း စသည့် အခြေခံအကြောင်းတရားများကြောင့်သာ လုံးဝပြုပြင်ပြောင်းလဲရန်လိုအပ်လာပါကြောင်း တင်ပြလိုက်ရပါသည်။

Credit to ; လျှပ်စစ်ဝန်ထမ်းတစ်ဦး (AntiCorruption Group(ACG))

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>