ကိုကိုကြီး နဲ့ ကိုထွန်းအောင်ကျော် (ကျဆုံး)
ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို သိပါတယ် ကျွန်တော် သိ သလို ကိုထွန်းအောင်ကျော် မိခင်လဲ သိပါတယ် ကိုထွန်းအောင်ကျော်က အမေကို သူလုပ်ကိုင်ခဲ့ သမျှ အားလုံး ပြန်ပြောပြသူပါ ဒီအကြောင်း ကို အမေ့ဆီ ရောက်တိုင်းလဲ ကြားရလေ့ ရှိပါတယ်
ကိုထွန်းအောင်ကျော်က နိုင်ငံရေးကို လူများစွာနဲ့ ကျယ်ပြန့်စွာ လုပ်ခဲ့တာပေမဲ့ ထွန်းအောင်ကျော် ညီညီကျော် အတွဲလို့ ရှိခဲ့တယ် ဒါ့ကြောင့် သိတဲ့ နောက်တယောက်က ကျွန်တော်ပါ ဒါကို သိနေ တဲ့ အမေဟာ မင်းလဲ သိတာပဲလေ လို့ အဆုံးသတ် လေ့ရှိ ပါတယ်
ဒီနေ့ မန္တလေးမှာ ကိုကိုကြီး ပြောခဲ့တာက ပုဂ္ဂိုလ် ရေး ရင်းနှီမှု နဲ့ နိုင်ငံရေးဆက်နွယ်မှု ဆိုတဲ့ နှစ်ပိုင်း ပေါ့ ကိုထွန်းအောင်ကျော် လက်ရေးနဲ့ စာကို သူ့ ဖေ့စဘုတ်မှာ တင်ခဲ့တာ ဒုတိယ အကြိမ် ထောင် မကျခင် အသတ်ခံရတာ သတင်းစာရှင်းလင်းပွဲ က တဆင့် သိရချိန်မှာ ချုံးပွဲချ ငိုခဲ့တာ နဲ့ နောက်စာ တစောင် ဖြစ်တဲ့ တောတွင်းက ဆက်သွယ်တဲ့ စာ အကြောင်း ပြောပြပါတယ်
စာပါ အကြောင်းအရာက ဖတ်သင့်စာအုပ် ပို့ပေး ရန် နဲ့ သူ ကြုံနေရတာက နိုင်ငံရေး အားနည်းကြ တာမို့ မြေပေါ် နိုင်ငံရေး သုံးသပ်ချက် ပို့ပေးဖို့ မှာကြောင်းပါ တဲ့ ပါဂျောင် အဖြစ်ကိုတော့
နိုင်ငံရေးအားနည်းမှု အန္တရာယ်နဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်ထဲက သမိုင်းသင်ခန်းစာ ယူစရာ ဆိုးရွား လှတဲ့ ဖြစ်ရပ်အဖြစ် သူက သုံးသပ်ပါတယ်
ကိုကိုကြီး ခင်ဗျား အကြွေးတခုကျေခဲ့တယ် လို့ မြင်တယ်
ဘာပဲ ဖြစ်ဖြစ်ပါ ဒါကို ကျွန်တော် အမေ့ကို ပြန် ပြောပြ ရပါဦးမယ်
Kyaw Gyi AB
12 February