ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်က မိန့်ခွန်းပြောကြားရာ "Politics is the refuge of scoundrels"ဟူသောစကားကို ထည့်သွင်းပြောကြားသွားခဲ့သည်။
အဓိပ္ပါယ်မှာ "နိုင်ငံရေးဆိုသည်မှာ လူယုတ်မာများ၏ ခိုကိုးရာစခန်းဖြစ်သည်"ဟုအဓိပ္ပါယ်ရသည်။မောင့်ဘက်တန်၏ မိန့်ခွန်းအပြီး ပရိသတ်တို့ လက်ခုပ်သြဘာပေးကြသည်။
လက်ခုပ်သံစဲလျှင် ဗိုလ်ချုပ်သည် နောက်တန်းမှထလာပြီး မောင့်ဘက်တန်ဆီသို့ သွားပြီး အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောပါတော့သည်။
စီစဉ်သူများရော ပရိသတ်များပါ အံ့သြနေကြချိန်တွင် ဗိုလ်ချုပ်က "ဒီအခန်းအနားမှာ အစီအစဉ်မရှိဘဲ စကားပြောလို့ ရိုင်းတယ်လို့ထင်ချင်ထင်ပါ။ ဒါပေမဲ့ ပြောစရာရှိတာကို ပြောရမှာဖြစ်တယ်။
ပြောစရာကတော့ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးရဲ့ လွဲမှားတဲ့ဒဿနကို
တည့်မတ်ပေးလိုတာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ လူယုတ်မာတွေ ခိုလှုံရာလို့ ပြောတဲ့စကားဟာ မှားယွင်းပါတယ်။အရှေ့တိုင်းအယူအဆ အရ နိုင်ငံရေးဆိုတာအများအကျိုးဆောင်ရွက်တဲ့အလုပ်၊ လောကတ္တစရိယကျင့်တဲ့အလုပ်၊ မွန်မြတ်တဲ့အလုပ်ဖြစ်တယ်။ ဒီလို မွန်မြတ်တဲ့အလုပ်ထဲမှာ တစ်ခါတစ်လေ ယုတ်မာတဲ့လူတွေ ပါလာကောင်း ပါလာနိုင်ပါတယ်။ဒါကို ကြည့်ပြီး လူယုတ်မာတို့ ခိုလှုံရာလို့ ကောက်ချက်မချသင့်ဘူး။
ဥပမာ "ဒီ Orient Club အဆောက်အဦးကြီး အစောင့်အရှောက် မရှိတဲ့အချိန်မှာ ခွေးတွေ တက်နေချင်နေလိမ့်မယ်။ဒါကိုကြည့်ပြီး ဒီအဆောက်အဦးကြီးဟာ ခွေးတွေနေဖို့ ဆောက်ထားတာလို့ပြောရင် မှားလိမ့်မယ်"လို့ ဒဲ့ဒိုးကြီးပြောချလိုက်ပါတယ်။
ပရိသတ်တွေအံ့သြသင့်နေ ကြတယ်။ ပထမဆုံးမတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးသူက လောဒ်မောင့်ဘက်တန် ကိုယ်တိုင်ပါဘဲ။
မောင့်ဘက်တန်က "ယနေ့ပြောတဲ့အထဲမှာ အစီအစဉ်ထဲမှာမပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတွေဟာ တန်ဖိုးအရှိဆုံးပါဘဲ။ကျွန်တော်ပြောတဲ့စကားဟာ ပျော်စေပျက်စေသဘော ပြောခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တောင်းပန်ပါတယ်"ဟုပြောခဲ့လေသည်။
(Orient Club) ကလပ်မှ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နှုတ်ချက်