အဆိုးဝါးဆုံး ရေကြီးခဲ့သော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဖူးရွာတွင် ရေပြန်ကျသွားပြီး
နောက် အမည်မသိ ထူးဆန်းသော အရေပြားရောဂါတစ်ခုဖြစ် နေသည်ကို ပုံပါအတိုင်း တွေ့ရ၏။
ရေဘေးသင့် ပန်းမြောင်းကြီးချောင်း ကျေးရွာများအတွက် မင်းဖူးရွာတွင် အခြေချ ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် လာရောက်ပြသသူ လူနာများထဲမှ အဆိုပါ အရေပြားရောဂါကို တွေ့ရှိရခြင်း ဖြစ်သည်။
ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် လူတို့၏နေ့စဉ်ချိုးရေ သောက်ရေ နှင့် ချောင်းရေတို့ကို အဘယ်ဓာတ်သတ္တိများ ပျော်ဝင်နေသည်ကို ဓတ်ခွဲစမ်းသပ်ဖို့ လိုနေပြီ ဖြစ်ပါသည်။
ထိုရောဂါကို အရေးပေါ်အဆင့်ထားပြီး အချိန်မှီကွင်းဆင်းကာ အမြန်ဆုံး တိုက်ဖျက်ကုသပေးရန် တာဝန်ရှိသူများအား တောင်းဆိုပါသည်။
Jagara Linkara

https://www.facebook.com/photo.php?fbid=886991708002894&set=pcb.886991768002888&type=1&theater