Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျမတ္ဗုဒၶ၏ ဘုန္းေတာ္ေျခာက္ပါး"

$
0
0

 ျမတ္စြာဘုရားရွင္သည္ သူတကာတုိ႔ထက္သာလြန္ေသာ ဘုန္းေတာ္(၆)ပါး ႏွင့္ ျပည့္စုံေတာ္မူသည္မွာ

(၁)။ ဣႆရိယဘုန္းေတာ္- ျမတ္စြာဘုရားရွင္၏ စိတ္ေတာ္သည္ ကုိယ္ေတာ္ျမတ္၏ အလုိအတုိင္းေလာကီ စ်ာန္၊ သမာပါတ္ႏွင့္တကြ တန္ခုိးျပဋိဟာ ျပေတာ္မူရာ၌ျဖစ္ေစ၊ (နိဗၺာန္)ကို လုိအပ္သလုိ ဝင္စားေနရာ၌ ျဖစ္ေစ အစုိးရေတာ္မူျခင္း။

(၂)။ဓမၼဘုန္းေတာ္

ထူးျခားျမင့္ျမတ္သည့္ တရားေတာ္ကုိေဟာနုိင္ျခင္း၊ မဂ္ေလးပါး ၊ ဖုိလ္ေလးပါးႏွင့္ နိဗၺာန္တရားမ်ားကုိ ျဗဟၼာ နတ္လူတုိ႔အား
တစ္ဦး၏ စရုိက္ႏွင့္ ေလ်ာ္ညီစြာ ေဟာျပနုိင္ျခင္း။



(၃)။ယသဘုန္းေတာ္

နတ္ျပည္၊ ျဗဟၼာ့ျပည္မ်ားသုိ႔ သြားေရာက္နုိင္သျဖင့္ လူ႔ျပည္ ၊ နတ္ျပည္၊ ျဗဟၼာ့ျပည္မ်ားတုိင္ေအာင္ ဂုဏ္သတင္း ပ်႔ံႏွ႔ံေအာင္ ေက်ာ္ၾကားေတာ္မူျခင္း။

(၄)။သီရိဘုန္းေတာ္

လူ နတ္ ျဗဟၼာတုိ႔ ဖူးေမ်ွာ္၍ပင္ မဝနုိင္ေလာက္ေအာင္ ကုိယ္ကာယေတာ္သည္ (၃၂)ပါး ေသာ လကၡဏာေတာ္ၾကီး
(၈၀)ေသာ လကၡဏာငယ္မ်ားျဖင့္ ကုိယ္ရည္ကုိယ္ေသြးအေရာင္ေတာ္၊ ေရာင္ျခည္ေတာ္တုိ႔ရွိ၍ အလြန္သပၸါယ္စြာရွိေနေတာ္မူျခင္း။

(၅)။ ကာမဘုန္းေတာ္

အလုိရွိပါက မိမိအတြက္ျဖစ္ေစ သူတစ္ပါးအတြက္ျဖစ္ေစ လုိလားေတာင့္တသမ်ွ လုံးဝဥႆုံ ျပီးျပည့္စုံေတာ္မူျခင္း။

(၆) ပယတၱဘုန္းေတာ္

ျဗဟၼာႏွင့္နတ္တုိ႔ထက္ သာလြန္ေသာဘုန္းေတာ္ရွိျပီး
ျဗဟၼာနတ္လူ တုိ႔အား(နိဗၺာန္)သုိ႔ က်ြတ္တန္းဝင္နုိင္ေအာင္
ေဟာျပနုိင္ျခင္း၊ တစ္ညလ်ွင္ ေခတၱသာ အိပ္စက္ေတာ္မူျပီး
(၄၅)ဝါ ကာလပတ္လုံး လုံးလ ဝီရိယၾကီးစြာ လူ၊ နတ္၊
ျဗဟၼာသတၱဝါတုိ႔အား နိဗၺာန္သုိ႔ ေရာက္ေအာင္
ေဟာျပပုိ႔ေဆာင္ေတာ္မူျခင္း။

အရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္ အိႏၵိယနုိင္ငံ)

ေမတၱာျဖင့္ စုစည္းေ၀မွ်သူ
အႏိႈင္းမဲ့စာတိုေပစမ်ား
Credit:  Min Naing
# Unicode Version ျဖင့္ ဖတ္ပါ #
 မြတ်စွာဘုရားရှင်သည် သူတကာတို့ထက်သာလွန်သော ဘုန်းတော်(၆)ပါး နှင့် ပြည့်စုံတော်မူသည်မှာ

(၁)။ ဣဿရိယဘုန်းတော်- မြတ်စွာဘုရားရှင်၏ စိတ်တော်သည် ကိုယ်တော်မြတ်၏ အလိုအတိုင်းလောကီ ဈာန်၊ သမာပါတ်နှင့်တကွ တန်ခိုးပြဋိဟာ ပြတော်မူရာ၌ဖြစ်စေ၊ (နိဗ္ဗာန်)ကို လိုအပ်သလို ဝင်စားနေရာ၌ ဖြစ်စေ အစိုးရတော်မူခြင်း။

(၂)။ဓမ္မဘုန်းတော်

ထူးခြားမြင့်မြတ်သည့် တရားတော်ကိုဟောနိုင်ခြင်း၊ မဂ်လေးပါး ၊ ဖိုလ်လေးပါးနှင့် နိဗ္ဗာန်တရားများကို ဗြဟ္မာ နတ်လူတို့အား
တစ်ဦး၏ စရိုက်နှင့် လျော်ညီစွာ ဟောပြနိုင်ခြင်း။



(၃)။ယသဘုန်းတော်

နတ်ပြည်၊ ဗြဟ္မာ့ပြည်များသို့ သွားရောက်နိုင်သဖြင့် လူ့ပြည် ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်များတိုင်အောင် ဂုဏ်သတင်း ပျံ့နှံ့အောင် ကျော်ကြားတော်မူခြင်း။

(၄)။သီရိဘုန်းတော်

လူ နတ် ဗြဟ္မာတို့ ဖူးမျှော်၍ပင် မဝနိုင်လောက်အောင် ကိုယ်ကာယတော်သည် (၃၂)ပါး သော လက္ခဏာတော်ကြီး
(၈၀)သော လက္ခဏာငယ်များဖြင့် ကိုယ်ရည်ကိုယ်သွေးအရောင်တော်၊ ရောင်ခြည်တော်တို့ရှိ၍ အလွန်သပ္ပါယ်စွာရှိနေတော်မူခြင်း။

(၅)။ ကာမဘုန်းတော်

အလိုရှိပါက မိမိအတွက်ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ လိုလားတောင့်တသမျှ လုံးဝဥဿုံ ပြီးပြည့်စုံတော်မူခြင်း။

(၆) ပယတ္တဘုန်းတော်

ဗြဟ္မာနှင့်နတ်တို့ထက် သာလွန်သောဘုန်းတော်ရှိပြီး
ဗြဟ္မာနတ်လူ တို့အား(နိဗ္ဗာန်)သို့ ကျွတ်တန်းဝင်နိုင်အောင်
ဟောပြနိုင်ခြင်း၊ တစ်ညလျှင် ခေတ္တသာ အိပ်စက်တော်မူပြီး
(၄၅)ဝါ ကာလပတ်လုံး လုံးလ ဝီရိယကြီးစွာ လူ၊ နတ်၊
ဗြဟ္မာသတ္တဝါတို့အား နိဗ္ဗာန်သို့ ရောက်အောင်
ဟောပြပို့ဆောင်တော်မူခြင်း။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
Credit:  Min Naing

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>