Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒေါ်​အောင်​ဆန်းစုကြည်​သ၀ဏ်​လွှာအချိန်​မီမ​ရောက်

$
0
0

၂၀၁၈ ခုနှစ် မတ်လ ၁၃၊ ကိုဖုန်း​မော်​၊ ကိုစိုးနိုင်​ကျဆုံးခြင်း နှစ်​(၃၀)ပြည့်​နှစ်​ပတ်​လည်​အခမ်းအနားတွင်​ နိုင်​ငံ​တော်​၏
အတိုင်​ပင်​ခံပုဂ္ဂိုလ်​၏ သ၀ဏ်​လွှာ အချိန်​မီမ​ရောက်​လာ
သဖြင့်​ မနှစ်​တုန်းက သ၀ဏ်​လွှာကို ပြန်​ဖတ်​ကြားခဲ့ရ
ပါတယ်​လို့ ကြားသိရပါတယ်​။
စိတ်​မ​ကောင်းဖြစ်​ရပါတယ်​။
ဒီမိုက​ရေစီအ​ရေး​တော်​ပုံအတွက်​ ​ပေးဆပ်​ခဲ့သူများ၊
ပေးဆပ်​​နေဆဲပုဂ္ဂိုလ်​ရဲ​ဘော်​များအား အ​လေးပြုလျက်
Yan Myo Thein
..........

ကျနော်တို့သက်လုံကောင်းကြရမည်
၂၀၁၈ ခုနှစ် မတ်လ(၁၃)ရက် နံနက်ခင်း နေပူတောက်တောက်
ရန်ကုန်နည်းပညာတက္ကသိုလ်(ယခင်-ရန်ကုန်စက်မှုတက္ကသိုလ်)
ကျောင်းဝင်းအတွင်း ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား
သမဂ္ဂက ပထမဆုံးအကြိမ်ဦးဆောင်ကျင်းပခဲ့သည့်
ကိုဖုန်း​မော်​၊ ကိုစိုးနိုင်​ကျဆုံးခြင်း နှစ်​(၃၀)ပြည့်​နှစ်​ပတ်​လည်
အခမ်းအနားတွင်​ မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်းများစွာနှင့်
ပြန်လည်ဆုံတွေ့ရသည်မှာ ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

လိုအပ်ချက်၊ အားနည်းချက်အချို့ရှိကောင်းရှိမည်ဖြစ်သော်
လည်း ကျောင်းသားသမဂ္ဂကို လက်ဆင့်ကမ်းဦးဆောင်စေ
ခဲ့သည့် အလေ့အထကို အထူးအားပေး၊ ထောက်ခံမိပါသည်။
မျိုးဆက်အလိုက် လက်ချင်းချိတ်ကြရမည်။ ယုံကြည်မှုနှင့်နား
လည်းမှုတည်ဆောက်ကြရမည်။ ဟန်ချက်ညီညီပူးပေါင်းဆောင်
ရွက်နိုင်ကြရမည်ဖြစ်သည်။
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ အသက်စွန့်လွှတ်ခဲ့မှုကိုအကြောင်း
ပြုလျက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှသည်
တစ်ပါတီအာဏာရှင်အစိုးရပြုတ်ကျခဲ့သည်အထိ ခရီးပေါက်
ခဲ့ရသည်မှာ ဖုံးကွယ်မရသောသမိုင်းအမှန်တရားပင်ဖြစ်သည်။
ဤခရီးနီးသလား၊ မီးရထားမလာသေး ဆိုသည့်သူငယ်တန်း
ဖတ်စာကို အမှတ်ရမိသည်။ ဤခရီးနီးမနီးအတပ်ပြောဖို့ခက်
သော်လည်း၊ ခရီးရှည်ဦးမည်မှာ ငြင်းမရနိုင်ချေ။ ကျနော်တို့
သက်လုံကောင်းကြရမည်။ ကျနော်တို့မျိုးဆက်များ သက်လုံ
ကောင်းကြရမည်။
မောင်ရစ်(မိုးမခ)၊ ဗသက်အောင် နှင့် ကျနော်တို့ အမှတ်တမဲ့
မှ အမှတ်တရဖြစ်ခဲ့သည်။ ကျနော်တို့ လက်ချင်းချိတ်ထားကြရ
မည်။ ကျနော်တို့သက်လုံကောင်းကြရမည်။
ဖိုတိုခရက်ဒစ် - ဗသက်အောင်
လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>