ဆီးရီးယားဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ လူတစ်ယောက် အိပ်ပျော်နေတဲ့ သမီးဖြစ်သူကို ချီပိုးပြီး
ဘီရွတ်မြို့ ရဲ့ လမ်းတွေမှာ ၀မ်းရေးအတွက် ဘောပင်တွေ လိုက်ရောင်းနေတဲ့ပုံကို စိတ်ထားကောင်းတဲ့
ဂစ်ဆာဆီမိုနာဆာ ဆိုသူက တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။
ဂစ်ဆာက သူ့အနေနဲ့ ဒီလူကို ရှာဖွေသွားမှာဖြစ်ပြီး တခြားတွစ်တာသုံးစွဲသူတွေကိုလည်း လိုအပ်တဲ့ အကူအညီတွေ ပေးကြဖို့ ပန်ကြားခဲ့ပါတယ်။ ဂစ်ဆာက တွစ်တာမှာ # BuyPens and within 30 minutes ဆိုတဲ့နာမည်နဲ့ အကောင့်ဖွင့်ပြီးတဲ့နောက်မှာတော့ လူတစ်ယောက်က ဓါတ်ပုံထဲက ကလေးအဖေကို သူ သိကြောင်း အကြောင်းကြားလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဓါတ်ပုံထဲကလူဟာ ဆီးရီးယားဒုက္ခသည်စခန်းက ပါလက်စတိုင်းတစ်ယောက်ဖြစ်ပြီး သူ့မှာ ကလေးနှစ် ယောက်ရှိတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
ဂစ်ဆာဟာ ဓါတ်ပုံထဲက ၀မ်းရေးအတွက် ခက်ခက်ခဲခဲ ပိုက်ဆံရှာ နေရတဲ့သားအဖအတွက် တွစ်တာကနေ ရံပုံငွေ ရှာဖွေပေးခဲ့ရာမှာ ပထမဆုံး နာရီဝက်အတွင်းမှာပဲ လျာထားချက် ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၀၀၀ ရခဲ့ပြီး သုံးနာရီကျော်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော်သွားခဲ့ပါတယ်။ ဂစ်ဆာက လက်ရှိရထားတဲ့ အလှူငွေတွေအားလုံးကို အဲဒီသားအဖဆီ ပေးပို့လှူဒါန်းသွား မှာ ဖြစ်ပြီး နောက်ရတဲ့ ပိုက်ဆံတွေကိုလည်း ထပ်လှူသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် အဲဒီသားအဖအတွက် အလှူ ခံနေတဲ့ ၀က်ဆိုက်မှာ အမေရိကန်ဒေါ်လာ ၄၃,၄၁၇ အထိ
ရထားပြီး နောက် ၁၄ ရက်အကြာမှာ အလှူ ခံဝက်ဆိုက်ကို ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ သနားဖွယ်ရာသားအဖနှစ်ယောက်အတွက် အလှူခံဝက်ဆိုက်ရဲ့နာမည်ကတော့ https://www.indiegogo.com/projects/help-abdul-and-reem-start-a-new-life#/story ဖြစ်ပါ
တယ်။
PlanetMyanmar