"ရင်ထဲရှိတာ ပြောခဲ့ပါ "
===================
အဲ့ဒိလူသားနှစ်ဦး ...
သေချာအောင်ပြောရ ရင်အရပ်သား စစ်စစ် လူသားနှစ်ဦး ပေါ့ ...
သူ့နေရာနဲ့သူတော့အမြင့်ဆုံးရာထူး တွေ
အမြင့်ဆုံးလုပ်ပိုင်ခွင့်တွေပိုင်ဆိုင်ခဲ့ကြပေ မဲ့ ...
တိုင်းပြည်နဲ့ပြည်သူလူထုအတွက်
လိုအပ်ချက်ကြောင့် နောက်လူကိုဦးစားပေးပါဆိုရင်
မိမိတို့လက်ရှိပိုင်ဆိုင်ထားတဲ့ အမြင့်ဆုံးရထူးကြီးကို
ချက်ချင်းလက်ငင်း လွဲပြောင်းပေးဘို့ရာ နောက်တွန့်
ဝန်လေးမဲ့သူတွေမဟုတ်ဘူးဆိုတာ ... ယခုသူတို့လုပ်
ဆောင်ချက်တွေကနေ သက်သေပြခဲ့ကြပြီ ...
ဟုတ်ပါ ပြီ ... ဒါဆိုရင်သူတို့နုတ်ထွက်အနားယူသွားလို့
သူတို့နဲ့အတူဘာတွေပါသွားလဲ ...
ကြည့်ကြရ အောင် ...
သူတို့အနားယူသွားချိန်မှာနန်းတော်ကြီးအလား စံအိမ်ကြီးတွေနဲ့
စည်းစိမ်ခံစားဘို့အတွက် နိုင်ငံတော်ဘဏ္ဏာတွေနဲ့
ကြိုတင်ပြင်ဆင် တည်ဆောင်ခဲ့ကြသလား ...
သိန်းပေါင်းသောင်းချီတန်တဲ့ မြေကွက်ကြီးတွေ
အကွက်ပေါင်း ၁၀၀ လောက် ပိုင်ဆိုင်သွားကြသလား ...
လယ်မြေအေကပေါင်း ထောင်သောင်းမက
သူတို့ပိုင်ဆိုင်မူ့အဖြစ် ရယူသွားခဲ့ကြသလား ...
အမြင့်ဆုံးရာထူးကြီးတွေကနေ
အနားယူသွားပြီးရင် အေးချမ်းစွာနေချင်လို့
လယ်တောမြေအေက ၅၀၀ လောက် ၊ သရက်ခြံဥယာဉ်။
တန်ဘိုးမြင့်မွေးမြူရေးခြံကြီး တွေ အစရှိသဖြစ်
ရိုးသားစွာဆိုတဲ့စကားလုံးအသုံးချပြီး နိုင်ငံပိုင်မှ
မိမိပိုင်အဖြစ် ရယူသွားခဲ့ကြသလား ...
နိုင်ငံတော်ပိုင် အဖိုးတန်သံယံဇာတ တွေဖြစ်တဲ့
ကျောက်စိမ်း ၊ ကျောက်မြတ် ၊ သဘာဝဓာတ်ငွေ့
စတာတွေ ပေါများစွာထွက်ရှိတဲ့ နေရာဒေသတွေမှာ
သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ၊ သူတို့နဲ့
သူတို့သားသမီး မြေးမြစ် ဆွေမျိုး တပည့်တွေအတွက်
လုပ်ကွက်တွေမှန်သမျှ အိပ်ထဲထည့်သွားခဲ့ကြသလား ...
ဟို အမြင့်ကြီးမှ အကောင်ကြီးကြီးအငြိမ်းစားမပြောနဲ့
သာမန် ဗိုလ်မှုးဟောင်းတစ်ဦးမှ အငြိမ်းစား ယူ
( သို့ ) နုတ်ထွက်သွားခဲ့ရင်တောင် Company လေး
ငါးခုပိုင်ဆိုင်ပါတယ်ဆိုနေချိန် မှာ ( လက်ရှိ ဦးကိုနီအမူ့
ရင်ဆိုင်နေသော ၀ရမ်းပြေးတစ်ဦးနဲ့ အချုပ်ထောင်ထဲမှ
စစ်အငြိမ်းစားတစ်ဦး ကိုရည်ရွယ်ပါတယ် )
ဖထီးနဲ့ဦးထင်ကျော် ... သူတို့နှစ်ယောက်
နောင်ရေးအတွက်ပါ ၊ အိုစာမင်းစာလေးပါဆိုပြီး
Company လေးတစ်ခု ပိုင်ဆိုင်သွားပါရဲ့လား ...
ငါတို့ကအသက်ကြီးနေပါပြီ ။ ဒါတွေမလိုပါဘူး
ငါတို့သားသမီးလေးတွေ နောင်ရေးစိတ်အေးရဘို့
နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့ ဒေါ်လာ
ဘီလီယံချီတန်သော ဆက်သွယ်ရေးလုပ်ငန်း
လိုဟာကြီးတွေကို ...
အမွေအနှစ်ပေးသွားနိုင်သလား ...
စတာတွေ ... စတာတွေထိုင်ပြီးစဉ်းစားနေမိတယ် ...
လက်ရှိကိုယ်တွေမြင်ရသလောက်ပြောရရင်
ဖတီးလဲသူပိုင်ဆိုင်တဲ့ တိုင်းအေရာမြို့လေးတစ်မြို့မှ
ယခင်ဝန်ကြီးချုပ်မဖြစ်ခင်ကတည်းက နေထိုင်ခဲ့တဲ့
သာမန်ပျဉ်ထောင်အိမ်လေးတစ်လုံးဆီကို ပြန်သွားသလို...
ယခုသမ္မတကြီးဦးထင်ကျော်ကလဲသူယခင်နေတိုင်တဲ့ ရန်ကုန်တိုင်းကွမ်းခြံကုန်းမြို့လေးမှ
နှစ်ထပ်ပျဉ်ထောင်အိမ်အိုကြီးဆီသို့ သူတို့ဇနီးမောင်နှံ
ခြေဦးပြင်နေကြလောက် ပြီ ...
ဒီအချက်တွေ ၊ ဒီအရာတွေကြည့်ရင်ဘဲ ...ကျနော်တို့နိုင်ငံသူ / နိုင်ငံသားတွေ ...
2020 မှာဘာကိုရွေးချယ်ကြအုန်းမှာလဲ ...
ရင်ထဲရှိတာ ဖြေခဲ့ပါ ... ။
Sua Sponte .
Sitt Naing Aung
Photo . Org Crd .