Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးခင်ညွန့် ရဲ့ သင်္ခန်းစာ

$
0
0


၂၀၀၀ ခုနစ် လောက်က ဒီအေဘီ နဲ့  ဗိုလ်ချုပ်ခင်ညွန့်  တို့ လျိုလ်ဝှက်ဆွေးနွေးကြတယ်။ ကေအင်ယူက ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ချုပ်မြ၊ ဖဒို စောသန်းအောင်၊ ဗိုလ်ချုပ်မောင်မောင် နဲ့  ကျနော် တို့ ပါဝင်ပါတယ်။

သူဖက်ကလွတ်လိုက်တဲ့ သူတွေထဲမှာ ဦးခွန်မြတ်၊ ပါမောက္ခ ဦးထွန်းအောင်ခြိမ် တို့ ပါပါဝင်ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်  ရဲ့ ကမ်းလှမ်းချက်ကတော့
၁။ ကိုယ်လက်နက်ကိုယ်ကိုင်ထား၊
၂။ ကိုယ်နယ်မြေ ကိုထိမ်းထား။
၃။ တပ်မတော်နဲ့ ဒေသဖွင့်ဖြိုးရေး တွဲလုပ် ဆိုတဲ့ အချက်ဖြစ်တယ်။

ဒီကမ်းလှမ်းချက်မှာ ကချင် ၊ မွန် နဲ့တခြား လက်နက်ကိုင်အဖွဲ့ စည်းများ ပါသွားပါတယ်။
ပြည်ပ မှာ တချို့လဲ ပါသွားပါတယ်။ အေဘီနဲ့  ကရင်ကျန်ခဲ့တယ်။ နောက်ပိုင်းအထိ
ကရင်နဲ့ ကျနော်တို့ ကိုဆက်လက် ကမ်းလှမ်းနေပါတယ်။

သူဆွေးနွေးချက်တွေမှာ သူက အပြောင်းလဲလုပ်ခြင်တယ်။
တပ်ချုပ်ကြီး ( ဦးသန်းရွှေ ကိုရည်ညွန်း ) နဲ့  ဦးမောင်အေးတို့ က မလုပ်ခြင်ဘူး။ ဒါကြောင့်သူမှာအခက်အခဲရှိတယ်လို့ ဆိုတယ်။ သူကိုနားလည်မှုပေးဖို့  လိုကြောင်းပြောတယ်။

ကျနော်တို့ လဲ နားလည်မှုပေးပါတယ်။နှစ်နစ်လောက် လေး ငါးကြိမ်လောက်ဆွေးနွေးပြီးတဲ့အခါမှာလဲ ဒီအချက်ကိုပဲ သူက ပြောနေပါတယ်။ ဒါလဲ ဖြစ်နိင်ပါတယ် ။ သူက အပြောင်းလဲ လုပ်ခြင်ပေမဲ့ သူအထက်က လူနစ်ဦးက မလုပ်ခြင်တော့
သူအခက်ရှိနိင်ပါတယ်။ ဒီတော့ သူကို ကျနော်က အကြံပေးပါတယ်။

၂၀၀၃ ခုနစ်လောက်မှာ သူဆီက စေလွှတ်လိုက်သူနဲ့  ကျနော် နယူးယောက်မြို့မှာနောက်ဆုံး
တွေ့ ကြပါတယ်။ ဒီအချိန်က ကျနော် ကိုလံဘီယာတက္ကသိုလ်တက်နေချိန်ဖြစ်တယ်။ သူကို
ကျောင်း ကင်တီးမှာပဲ ချိန်းတွေ့ လိုက်ပါတယ်။

သူက ကျနော်တို့  ပြောင်းလဲဖို့ ကြိုးစားပေမဲ့မရကြောင်းအခက်ခဲရှိကြောင်း ကျနော်ကိုပြောပါတယ်။ အမေရိကန် အစိုးရ ကိုနားလည်အောင်ပြောပြပေးစေလိုကြောင်း
မက်ဆေ့ ပေးလာပါတယ်။


ကျနော်အကြံပေးတာကတော့ ခင်ဗျား အပြောင်းလဲ ကို လိုခြင်တယ်ဆိုတာ ကျနော်တယောက်ထဲ ယုံကြည်လို့ မရဘူး။လက်ရှိ လူအခွင့်ရေးချိုးဖေါက်မှု၊ တိုင်းပြည်အဖက်ဖက်ကယိုယွင်းသွားမှုတွေမှာ ခင်ဗျား လဲ ပတ်သက်နေတယ်လို့ လူအများက ယုံကြည်နေတယ်။ ခင်ဗျားတို့ ကြိုးပန်းဆောင်ရွက်မှုတွေကို လူအများက လက်ခံဖို့ လုပ်ဖို့ လိုတယ်လို့ ကျနော်အကြံပေးခဲ့ပါတယ်။ ကျနော်တို့  ၂ နာရီလောက်ဆွေးနွေးပြီးတော့
လူခြင်းခွဲကြဖို့ လုပ်တယ်။ နောက်တကြိမ် တွေ့  ဖို့  စီစဉ်တယ်။

သူက ငြိုးငယ်တဲ့မျက်နာ နဲ့  အေး ဗျာ .. ခင်ဗျား ကျနော်ပြောတာမယုံဘူး။ တချိန်ကြရင်
Free U Khin Nyunt လုပ် ဖို့ လိုလာရင်တော့ ခင်ဗျား ကျနော်တို့ ကို မမေ့ပါနဲ့  လို ပြောသွားတယ်။ နောက်မကြာခင်မှာပဲ ဦးခင်ညွန့် နဲ့ သူရဲ့ ထောက်လှမ်းတဖွဲ လုံး ( Intelligence Community) အဖမ်းခံရ၊ အဖြုတ်ခံလိုက်ကြရတယ်။ ထိုလူလဲ ပါသွားတယ်။

သူပြောသွားတဲ့ Free U Khin Nyunt အစီအစဉ်ကို ကျနော်မလုပ်ပေးနိင်ခဲ့ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ သူအဖမ်းခံရတဲ့ကိစ မှာ လူတွေက ရှုပ်ထွေးကုန်ပါတယ်။ အာဏာလုပွဲPower Struggle ပုံစံ ပို ဆောင်နေလို့ ဖြစ်ပါတယ်။ သူက အပြောင်းလဲလိုခြင်တယ်။ တဖက်က မလိုခြင်ဘူးဆိုတာကို မပေါ်ဘူး ဖြစ်သွားတယ်။ သူဖက်က အားနည်းချက်တော့ သူတို့ ကြိုးပန်းဆောင်ရွက်ချက်ကို နိင်ငံတကာနဲ့  လူထု သိအောင် မပြောပြခဲ့ကြတာပဲဖြစ်တယ်။

အခုလည်း အပြောင်းလဲကို လိုခြင်ပါတယ်၊ လုပ်နေပါတယ် ဆိုတဲ့ အစိုးရထဲက လူတွေကို
ကျနော်တွေ့ ခဲ့ပါတယ်။ သူတို့ ကလဲ ဦးခင်ညွန့်  ပြောခဲ့တဲ့ စကားများ၊ ဦးခင်ညွန့်  ဗျူဟာ အတိုင်း ပြန်ဖြစ်နေတာကို တွေ့ ရပါတယ်။ ဒါကတော့ သူတို့ ကပြောင်းခြင်တယ်။ ဦးသန်းရွှေ နဲ အမာလိုင်းတွေက ဆက်လက်ရှိနေသေးတယ်။ မပြောင်းခြင်ဘူး။ သူတို့ ကိုပေးထားတဲ့ ကျဉ်းမြောင်းတဲ့ နေရာ ( Narrow Space) ထဲက သူတို့ လှုပ်ရှားနေရပါတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအတွက် ကျနော် စိုးရိမ်ပါတယ်။

အကြံပေးခြင်တာတော့

၁။ သူတို့ အနေနဲ့  အပြောင်းလဲ လိုခြင်တယ်၊ ပြောင်းဖို့ ကြိုးပန်းနေတယ်ဆိုရင်
လူထု ယုံကြည်မှုရအောင် လုပ်ဆောင်ပြပါ။

၂။ လဘ်စားမှုများ၊ တရားဥပဒေ ကင်းမဲ့ စွာလုပ်ဆောင်နေမှုများထိထိရောက်အရေးယူပါ။ မတရားမှုများကို ရပ်ဆိုင်းပါ။

၂။ ဘယ်သူတွေက အပြောင်းလဲကို ဟန့် တားနေတယ်ဆိုတာကိုလဲ မီဒီယာနဲ လူထုကိုပြောပြသင့်ပါတယ်။

၃။ ဒီလိုပြောခြင်း အားဖြင့် မပြောင်းလဲ ခြင်တဲ့အင်အားစုတွေအတွက် အားလုံးက ပြောင်းလဲ ခြင်နေပြီဆိုတာကို ပိုသိစေနိင်တယ်။ သူတို့ အတွက် ပြောင်းလဲ ဖို့  လုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိတရား ရရှိစေနိင်တယ်။ ပူးပေါင်းလာစေနိင်ပါတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း လူတိုင်းသိအောင်ချပြ ဝေဖန် ကြဖို လိုတယ်။

၎။ ဒီလိုမှာ အသိတရားမရ ကြဘူးဆိုရင် မပြောင်းခြင်သူတွေကို ထားခဲ့ဖို့ လိုတယ်။

နိဂုံး

ဦးခင်ညွန့် ရဲ့ဖြစ်ရပ်ဟာ အကောင်းဆုံး သခန်းစာ တခုဖြစ်ပါတယ်။ ဦးခင်ညွန့် လုပ်ခဲ့တဲ့အပြောင်းလဲလိုပဲဖြစ်သွားရင် မိမိလဲ အကြိုးမရှိ၊ တိုင်းပြည်လဲ အကျိုးမရှိ၊ အခြည်းနှီးဖြစ်သွားနိင်ပါတယ်။

မိုးသီးဇွန်

ဗိုလ်ချုပ်မြ၊ ပါမောက္ခဦးထွန်းအောင်ချိန် ( ရန်ကုန်တက္ကသိုလ် သမိုင်းဌာန) ၊ ကျနော် -၁၉၉၆ ခုနစ်ခန့် ။ ကေအင်ယူတပ်မဟာ ၆ နယ်မြေ။ ဆရကြီးဦးထွန်းအောင်ချိန်ကို န၀တ ကလွတ်ပြီး ကျနော် တို့ နဲ့ စေ့စပ်ရေးလာဆွေး စဉ်တုံးကပါ။ အဲ့ဒီလာတွေတုံးက ရာသီဥတုက တော်တော်ကောင်းသေးတယ်။ မနက်ဆိုရင် တောတောအေးတယ်။ ကျနော်တို့ အနွေးထည်တွေဝတ်ထားကြတာကိုကြည့်။ မနက်တိုင်းမီးတောင်လှုံရပါတယ်။ ခုတော့ရာသီက တော်တော်ဖေါက်ပြန်ကုန်ပြီ။ ပူတာအရမ်းပဲ။


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>