Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သူလိုလူ

$
0
0
ရာထူးမကြီး အသက်မကြီး သော်လဲ ကိုယ်ချင်းစာ
တရားကြီးခဲ့သူ (ဂုဏ်ပြုထိုက်သူ သူ့လိုလူ)
----------------------------------
ရန်ကုန် လှိုင်သာယာမှမိသားစုဝင်(8)ဦးကို မြဝတီမှ သန်းထိုက်ဆိုသူ အလုပ်သမားခေါင်းက ဘိလပ်မြေအုတ်လုပ်ငန်းမှာ အလုပ်ပေးမယ်ဆိုပြီး မြဝတီမြို့နယ်ထဲက ကော့
ကော် တောအုပ် ရွာဘက်က အလုပ်ဆိုက်တခုကို
ခေါ်သွားတယ်။

ဟိုရောက်တော့ဘာအလုပ်မှမရှိဘူး-သန်းထိုက်ကဖုန်း
ပိတ်ပြီးလစ်ပြေးတယ်-တောထဲမှာဘယ်မှမသွားတတ်မလာ
တတ်နဲ့ တွေ့ရာကားကြီးတစ်စီးကိုအကူအညီတောင်းပြီး မိသားစု(8)ယောက်လုံးတက်လိုက်လာတာ (25-3-2018) ည(1)နာရီမှာ မြဝတီမြို့ရဲ့ ညဈေးရှေ့ကို ပြန်ရောက်လာ
တယ်။

အိမ်ထောင်ဦးစီးလုပ်သူအမျိုးသားက သူ့ဖုန်းလေးကျွန်
တော့်ကိုလာပေးပြီး မိသားစု ရန်ကုန်လှိုင်သာယာကိုပြန်ဖို့ ခရီးစရိတ်အကူအညီတောင်းတယ်။ ကျွန်တောာ်မယူရက်ပါဘူး။ တနေကုန်ထမင်းမစားရသေးတဲ့ ဒီမိသားစု ကို ည(1:30)မှာကျွန်တော် ထမင်း-ရေ စသည်ဖြင့်ပြည့်စုံ
အောင်ဝယ်ပြီး ကျွေးမွေးခဲ့တယ်။ မနက်မိုးလင်းရင်ခင်ဗျားတို့
ပြန်ဖို့ကျုပ်စီစဉ်ပေးမယ်လို့ဂတိပေးခဲ့တယ်။

မနက်မိုးလင်းတော့ ကျွန်တော် ဘားအံကိုအစည်းဝေး
တက်ဖို့သွားရတာကြောင့်သူတို့ကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော် ဟာမြဝတီမြို့မရဲစခန်းက
ဒုတပ်ကြပ် ထွန်းမင်းလတ်ဆိုသူ ရဲဘော်လေးကို ဒီမိသားစု ရန်ကုန် လှိုင်သာယာကိုပြန်နိုင်ဖို့ကူညီပေးပါလို့
ဖုန်းဆက်အကူအညီတောင်းခဲ့တယ်။

ကိုယ်ထင်တာက သူဟာ မြဝတီက ကားလိုင်းတွေကိုသွားပြောကာ အကူအညီတောင်းပြီး တင်ပေးမယ်လို့
ထင်ခဲ့မိတယ်။

သို့သောသူကူညီခဲ့တာကအဲဒီလိုမဟုတ်ဘူး။ သူ့လစာ
ရတဲ့ငွေနဲ့ ကားလက်မှတ်ဝယ်ပြီး လမ်းမှာစားဖို့ အတွက်ပါ သူကူညီပေးလိုက်လို့ အခုအဲဒီမိသားစု (8) ယောက်လုံး
လှိုင်သာယာက သူတို့နေအိမ်ကိုအဆင်ပြေချောမွေ့
စွာပြန်ရောက်သွားပါပြီ။

အထင်နဲ့အမြင်လွဲသွားစေတဲ့သူ့ရဲ့လုပ်ရပ်ဟာ ကျွန်တော့်ကို အံ့အားသင့်စေခဲ့သလို ရာထူးမကြီး အသက်မကြီးသော်လည်း ကိုယ်ချင်းစာတရားကြီးမားတဲ့ ဒီရဲ ဘော်လေးရဲ့လုပ်ရပ်ကို လေးစားလွန်းလို့ ဒီဖြစ်စဉ်စာစုလေးဖြင့်
ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်။

မြန်မာပြည်မှာ သူလိုလူ ဝန်ထမ်းတွေများများပေါ်ထွန်း
ကြပါစေလို့ဆန္ဒပြုရင်းဖြင့်

အညာသား( မြဝတီ)
Han Ko
https://www.facebook.com/mp4younews/photos/a.524358214287775.1073741826.450761394980791/1713443948712523/?type=3&theater

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>