Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တစ်ချိန်လုံး ဘာကြောင့်ချမ်းနေရလဲ

$
0
0
အဲကွန်းဖွင့်ထားလို့ချမ်းတာထက် အကြောင်းရင်းမရှိ တစ်ချိန်လုံး ခြေဖျား၊ လက်ဖျားအေးပြီးချမ်းတဲ့ ခံစားမှုဖြစ်လာရင်တော့ စစ်ဆေး ကြည့်ဖို့လိုအပ်ပါပြီ။ အမျိုးသမီး အများစုဟာ ဒီလိုခံစားမှုမျိုးကြုံ တွေ့နေတာကြောင့် ဘယ်လို အကြောင်းရင်းကြောင့် ချမ်းသလဲ ဆိုတာ သတိထားကြည့်နိုင်ဖို့ မျှ ဝေပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်နည်းလွန်း တဲ့အခါ ခန္ဓာကိုယ်မှာရှိသင့်တဲ့ အဆီပမာဏထက်နည်းတာ ကြောင့် အအေးဒဏ်ကို ကာကွယ် နိုင်စွမ်းလျော့နည်းလို့ချမ်းတတ်ပါ တယ်။ နောက်တစ်ချက်ကတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုထိန်းတဲ့ဒြပ်ထုတ်ပေးတဲ့ သိုင်း ရွိုက်အကျိတ်ကနေ လုံလောက် တဲ့ ဟိုမုန်းမထုတ်ပေးနိုင်လို့လည်း ဖြစ်တတ်ပါတယ်။

သံဓာတ်မပြည့်ဝရင်လည်း အချမ်းဒဏ်မခံနိုင်တာမျိုးဖြစ် တတ်သလို သွေးလည်ပတ်မှု မကောင်းရင်လည်း ခြေလက်တွေ ရေခဲလိုအချိန်ပြည့်အေးနေပြီး နေ ထိုင်မကောင်းဖြစ်တတ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ နှလုံး သွေးကြောဆိုင်ရာရောဂါလည်း ဖြစ်တတ်တာမို့ ခါတိုင်းနဲ့မတူဘဲ အရမ်းအေးတဲ့ခံစားမှုမျိုးရရင် တော့ ဆေးစစ်ကြည့်ဖို့လိုလာပါ ပြီ။

သွေးနီဥဆဲလ်တွေကို အား ဖြစ်စေတဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ ရင်လည်းဖြစ်တတ်သလို အိပ်ရေး မဝတဲ့ကာလတွေများလာရင် ခန္ဓာကိုယ်တွင်းလုပ်ငန်းဆောင် တာတွေ ပုံမှန်အတိုင်းမဟုတ် တော့ဘဲ ကိုယ်တွင်းအပူချိန်ထုတ် ပေးတာကို ထိခိုက်နိုင်တဲ့အတွက် လည်း ချမ်းနိုင်ပါတယ်။ အရွယ် ရောက်ပြီးသူတစ်ယောက်ရဲ့ ခန္ဓာ ကိုယ်မှာ ရေဓာတ်က ၆၀ ရာခိုင် နှုန်းကျော်ရှိပြီး ရေဓာတ်က ကိုယ် တွင်းအပူချိန်ကို ပုံမှန်ဖြစ်စေတာ ကြောင့် ကိုယ်တွင်းရေဓာတ်ကုန် ခန်းနေရင် အပူချိန်မညီမျှတာတွေ ဖြစ်ပြီး အချမ်းဒဏ်ကိုမခံနိုင်ဖြစ် တတ်ပါတယ်။

ဆီးချိုရောဂါလက္ခဏာတွေ ပြနေရင် (ဒါမှမဟုတ်) ဆီးချို ရောဂါရှိနေပြီဆိုရင်လည်း ခြေ လက်အေးတတ်တဲ့ ခံစားမှုမျိုးရှိ တတ်ပါတယ်။ ကြွက်သားတွေ ဟာ ခန္ဓာကိုယ်အပူချိန်ကိုထိန်း ထားပြီး လိုအပ်တဲ့အပူဓာတ်ကို ထုတ်ပေးတာကြောင့် ကြွက်သား တွေ ကျန်းမာသန်စွမ်းစေဖို့ လေ့ ကျင့်ခန်းယူရမှာပါ။

7daydaily


Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)