တစ်ရက်တည်းမလုပ်ပါနဲ့ ငါ့တူကြီးရေ
ဘွဲ့ဝတ်စုံကြီး ငှားပြီး နေ့တိုင်းသာ ဆိုက်ကားနင်းပါ။ အားပေးပါတယ်။
စမ်းချောင်းဖက်ရောက်လည်း
ဦးလေး မင်းကို အားပေးပြီး မင်းနင်းတဲ့ ဆိုက်ကား
စီးပါ့မယ်။
မင်းတို့ခေတ် ဘွဲ့တစ်ခုရဖို့
ရေနံဆီမီးခွက်နဲ့လည်း စာမကျက်ရပါဘူး။
ဓာတ်မီးတိုင်အောက်မှာလည်း စာမကျက်ခဲ့ရပါဘူး။
ဦးလေးတို့ခေတ်က ခက်ခက်ခဲခဲ စာကြိုးစားပြီး
ဘွဲ့ရသူတွေ မင်းလို ဆိုက်ကားနင်းပြပြီး
မျက်ရည်ချူသူတွေ တစ်ယောက်မှမရှိပါ။
ဘဝကို ခက်ခက်ခဲခဲရုန်းကန်ပြီး ဘွဲ့တစ်ခုရရင်
ဆိုက်ကားနင်းမစားရတော့ဘူးဆိုတဲ့
ဘဝခါးခါးကို ရင်မှာပိုက်ပြီး အသိတရားရှိခဲ့သူချည်းပါ။
ပညာရော သညာပါတတ်အောင်သင်ပြီး
ကြိုးစားခဲ့သူတွေဟာ မင်းလိုပဲ
ဒီတိုင်းပြည်ထဲက တက္ကသိုလ်မှာ
ဘွဲ့ရခဲ့သူတွေပါ။
ဘွဲ့ဝတ်စုံနဲ့ ဆိုက်ကားတက်နင်းပြရဲတဲ့
စောက်ရှက်မရှိသူ မင်းလိုလူမျိုး ...
ဦးလေး အတတ်ပြောရဲပါတယ်။
ဘယ်နေရာမှာမှ စောက်ဖြစ်ရှိမယ့်
ကောင်စားမျိုး မဟုတ်ဘူးဆိုတာပါပဲ။
ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တွေတိုင်း
ဒီလို ပေါကြောင်ကြောင် စရိုက်မျိုးတွေကို
အတုယူအားကျတာမျိုး မဖြစ်ကြပါနဲ့လို့
စေတနာနဲ့ဦးလေးအကြံပြုလိုက်ရပါတယ်ကွယ်။
ဦးလေးကြီး ကိုရင်လူထွက် ငပိချက်
Copied from ...Moe Zaw