Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း

$
0
0

(နေ့တိုင်းဟင်းထဲသုံးပြုတာမို့ဖတ်ကြည့်စေချင်တယ်)
Credit-စောနွဲ့နေဆိုင် (ပူတာအို)

ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ် ဖြစ်စေပါသည်။

ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့်ပိုးမွှားများလည်းပါရှိလာသည့်အတွက်
ဝမ်းပျက်၊၀မ်းလျှော၊ဗိုက်အောင့်၊ ဗိုက်နာဖြစ်နိုင်သည့် အပြင်အဆိပ်အတောက်ကိုလည်းဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေး စာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။

အခွံခွါထားသည့်ကြက်သွန်နီနှင့်ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့်လုံခြုံစွာ ထည့်ထားသင့်ပါတယ်။သို့မဟုတ်ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

စောနွဲ့နေဆိုင် (ပူတာအို)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>