ဒီည တွေးမောစရာများနဲ့ နားပါတော့မည်
၂၀၁၀ အရပ်သားအစိုးရ ဆိုပြီးပြောင်းလဲ လာကတည်းက
ကြားလာရတာ
- နိုင်ငံရေးအကျဉ်းသား ကိစ္စ
အဲ နိုင်ကျဉ်းကိုပဲ အဓိပ္ပာယ် ဖွင့်ဆိုမှု လွဲနေတယ်ဆိုပြီး ငြင်းခုံနေကြတာနဲ့ပဲ နစ်မွန်းခဲ့သူတွေမနဲ
စစ်တစ်ပိုင်း အစိုးရရယ်လို့ မို့ ထားပါစို့
၂၀၁၅ လက်သန်းစွမ်းနဲ့ အရပ်သားအစစ်တွေ အစိုးရဖြစ်ပြီ
တိုက်ဖေါ်တိုက်ဖက်တွေက တစ်ဖက် ပင်နီတွေကတစ်ဖက်
နိုင်ကျဉ်းတွေ ဘဝ တက်မလာခဲ့
အသိမှတ်ပြု စကားမကြားရဘူး
ရင်ကြားစေ့ အဓိပ္ပာယ်ဟာ လက်နက်ရှိသူအတွက်ပဲ မီးနင်းရှိလေသလား
ကျွန်တော် တို့အရေးလဲ မအော်ခဲ့ဘူးပါ
အချုပ်နားပင် မသီခဲ့ဖူးပါ (ဇေယျာလွင် ရုံးထုတ်ပဲ တခါကြည့်ဖူးတယ်)
ဟိုးတနေ့က ရေးခဲ့သိလို fb ကို chack ဖို့တောင် သန်း၆ထောင်သုံးနိုင်သေးတာ
နိုင်ကျဉ်းတွေ ပြန်လည်ထူထောင်ရေး
တစ်ဝက်မသုံးနိုင်ကြဘူးလား
အခု သမ္မတကြီးလည်း နိုင်ကျဉ်းဟောင်းပါပဲ
ပုံ ၂ပုံ ခုညတက်လာတယ်
အပေါ်ပုံက ဗိုလ်ချုပ်အကို ဦးအောင်သန်းသမီး နိုင်ကျဉ်း
ဒေါ်အောင်ဆန်းစုကြည် ညီမ ဝမ်းကွဲပါ
ပင်လုံဆေးရုံမှာ ၂၉ရက်မြောက်
ထားပါ ဆွေမျိုးကြီးတွေ
အောက်ပုံက လှိုင်သာယာ က နိုင်ကျဉ်း
ယနေ့ အခြေအနေပါ
မြင်တာနဲ့သိနိုင်တယ်
အခြေအနေ မကောင်းတာ
ကျွန်တော်စိုးရိမ်တာ သူ့အသက် ကျန်းမာရေးထက် သူ့အတွေးတွေကိုပါ
အော် ငါ တိုင်းပြည်နဲ့ လူမျိုး အတွက်ဆို လှုပ်ရှားခဲ့တယ်
နိုင်ငံတော်သစ်က ငါ့ကို တုန့်ပြန်မှု ပေးတာ ဒါပဲလား
ငါ နာခဲ့တဲ့ ရလဒ်က ဒါပဲလား
ငါ့နိုင်ငံရေးခံယူချက် လွဲရင်သာလွဲမယ်
ငါ့စေတနာတွေ မမွဲခဲ့ပါဘူး
လို့
သူ ရူးမတတ် တွေးနေတော့မယ်
အဲဒါအတွက် ကျုပ် စိတ်မကောင်းဘူး
မင်းနဲ့ရှင်နဲ့ ဘာဆိုင်သလဲလို့ အမတ်တွေမေးရင်တော့
မဆိုင်သလိုသာနေခဲ့ ကြရင် လွှတ်တော်ထဲမှာ ဆဖီတောင်ဆွဲရမှာ မဟုတ်ဘူး လို့သာ
Ko Kyawswar