Quantcast
Viewing all articles
Browse latest Browse all 13796

သမုဒ္ဒရာကြီးများ အတွင်း ပလတ်စတစ်များ စုပြုံနေသော ကျွန်းများ တွေ့ရှိ



Watch humanity ruin the oceans: Nasa animation shows how vast ‘garbage islands’ have taken over the seas in the last 35 years


ဝါရှင်တန် ၊ ၂၈-၈-၂၀၁၅

အမေရိကန်နိုင်ငံ လေကြောင်း နှင့် အာကာသ အုပ်ချုပ်ရေး အဖွဲ့ကြီး (NASA) ၏ သိပံ္ပပညာ အခြေပြု ထောက်လှမ်းရေး ပစ္စည်းများ တပ်ဆင် ထားသော ဘောယာ (Buoy) များ၏ စူးစမ်း ထောက်လှမ်း မှုကြောင့် ကမ္ဘာ့ အရေးကြီး ဆုံးသော သမုဒ္ဒရာကြီး များအတွင်း ပလတ်စတစ် များဖြင့် စုပြုံနေသော ကျွန်းကြီး ငါးကျွန်းကို တွေ့ရှိ လာသည်ဟု သိရသည်။

ပင်လယ် သမုဒ္ဒရာကြီး အတွင်း တန်ချိန် ရှစ်သန်းရှိသော ပလတ်စတစ် ပစ္စည်း အကျိုးအပဲ့များ၊ အိတ်ခွံများဖြင့် ပြည့်နှက် နေရသည်မှာ လွန်ခဲ့သော ၃၅ နှစ်ကျော်က အစပြု ခဲ့ကြောင်း ကိုပါ သိရှိ လာခဲ့ရသည်။

အဆိုပါ ဘောယာမျိုများ အရေအတွက် များများသာ အသုံးပြုနိုင်လျှင် ယနေ့ သိရှိရ သည်ထက် အချိန် ပိုစော၍ သိရှိကြရပြီး ပလတ်စတစ် ပစ္စည်း အကျိုးအပဲ့များ မည်သို့ နေရာရွှေ့ပြောင်း မျောပါ နေခဲ့ကြောင်း ကိုပါ အသေးစိတ် သိရှိနိုင်မည် ဖြစ်ကြောင်း NASA မှ သိပံ္ပပညာရှင် ဂရေရှိရက် က ရှင်းပြသည်။

ပလတ်စတစ် ပစ္စည်း အကျိုးအပဲ့များ၊ အိတ်ခွံများသည် ပင်လယ် ရေစီးကြောင်း ကြီးများအတိုင်း ဝဲလှည့်ပြီး ရောက်ရှိ လာခဲ့ရာ အိန္ဒိယ သမုဒ္ဒရာကြီး အတွင်း အများအပြား ရှိနေပြီး ပစိဖိတ် သမုဒ္ဒရာကြီး၏ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ၄င်းနေရာ ငါးနေရာတွင် ကျွန်းကြီးများ သဖွယ် ဖြစ်ပေါ် နေကြသည်ကို တွေ့ရှိ လာရသည်။ နှစ်စဉ် ရောက်ရှိ လာသော ပလတ်စတစ် မျိုးစုံ တန်ချိန် ရှစ်သန်း တို့တွင် ကလေး ကစားစရာ အကျိုးအပဲ့ မျိုးစုံနှင့် အခြား ပလတ်စတစ် ပစ္စည်းများ ပါဝင် သည်။ အချို့သော ပစ္စည်းများမှာ ရေအောက် နစ်မြုပ် သွားခဲ့ကြသည်။ အဆိုပါ ပစ္စည်းတို့ကို ပါထည့်တွက် ပါက တန်ချိန် ၁၂ ဒသမ ၇ သန်းခန့် နှစ်စဉ် ကမ္ဘာ့ပင်လယ် သမုဒ္ဒရာကြီး များကို ညစ်ညမ်းအောင် ပြုလုပ် နေကြသည်ဟု သိရသည်။

ပလတ်စတစ် ပစ္စည်း အကျိုးအပဲ့ များ၏ ထက်ဝက်ကျော် ကို တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် သီရိလင်္ကာ နိုင်ငံတို့မှ ထွက်လာသော ပလတ်စတစ် အမှိုက်များ ဖြစ်ကြောင်း NASA က ထင်ရှားစွာ သိရှိလာကြ ရသည်။ စက်မှု ထွန်းကားသော အနောက်နိုင်ငံ ကြီးများမှ ပလတ်စတစ်များ စွန့်ပစ် နေခြင်းကို စာရင်း ကောက်ယူ ခဲ့ရာ နိုင်ငံပေါင်း ၂ဝ ထွက် ပေါ်လာခဲ့ပြီး အမေရိကန် နိုင်ငံသည် အဆင့် ၂ဝ နေရာ၌ ပါရှိသည်။

အမေရိကန် အပါအဝင် ဥရောပ တိုက်ကြီးရှိ စက်မှု ထွန်းကားသော နိုင်ငံများ၌ စည်းကမ်း ရှိကြသဖြင့် ပင်လယ် သမုဒ္ဒရာကြီးများ အတွင်း ပလတ်စတစ် အမှိုက်များ များများစားစား မတွေ့ရှိ ရဘဲ အာရှ ငါးနိုင်ငံမှ အမှိုက်များ ကသာ ပလတ်စတစ် ကျွန်းကြီး ငါးကျွန်းသဖွယ် ဖြစ်ပေါ်လာ စေသည်။

တရုတ်နိုင်ငံ၌ အမှိုက်တန်ချိန် ရှစ်သန်းကျော် ၏ ၂၈ ရာခိုင်နှုန်း (သို့မဟုတ်) တန်ချိန် ၂ ဒသမ ၄ သန်းကို စွန့်ပစ်ခဲ့သော နိုင်ငံဖြစ် နေသည်။ ပလတ်စတစ် အမှိုက် များကြောင့် ရေနေ သတ္တဝါများ အတွက် ကြီးမားသော အန္တရာယ် ဖြစ်နေ ရကြောင်း သိပံ္ပ ပညာရှင် များက သတိပေး ပြောဆို ထားရှိသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>